လယ်တွင်းသား စောချစ် ဝတ္တုစာအုပ်များ



             ဆရာ လယ်တွင်းသား စောချစ် ရဲ့ဝတ္တုလေးတွေ စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ဇာတ်ကောင်
စရိုက် ပြီပြင်တဲ့ ဆရာ့ဝတ္တုတွေကို ဖတ်ဖူးသူတိုင်း သဘောကျကြပါတယ်။  ဖတ်ချင်တယ် ဆိုရင်တော့ 
အောက်မှာ ကြိုက်တဲ့စာအုပ်သာ ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Sreensaver For Hand Phone


               ဒါလေးကတော့ ကျွန်တော်တို့  Hand Phone တွေအတွက် Wallpaper  ပုံတွေပဲသုံးသုံး
Screensaver  ပဲသုံးသုံး အပေါ်ပုံမှာ တွေရတဲ့ အတိုင်း Animation ပုံလန်းလန်းလေးတွေ စုစည်း
ပြီးတင်ပေးလိုက်ပါတယ်။  အားလုံးပေါင်း  ပုံ(၁၀၀) ကျော်ပါပါတယ်။ ကော်နက်ရှင်ကမကောင်း
တာနဲ့ ဖိုင်ဆိုဒ်သေးတဲ့ဟာလေးတွေပဲ တင်နေရတော့ ကျွန်တော်ဘလော့ဂ်လဲ ကလေးကလားဆန်
နေပြီလားတောင်မသိတော့ပါဘူး။ တင်ချင်တဲ့ ဆော့ဖ်ဝဲတွေရဲ့ဖိုင်ဆိုဒ်ကလဲ 500 MB ကျော်တွေ
ဆိုတော့ အခုလက်ရှိ ကွန်နက်ရှင်နဲ့က အနားတောင်မသီနိုင်ဘူးဖြစ်နေတယ်။ နောင်လိုင်းပြောင်း
သုံးမှပဲ စိတ်ရှိလက်ရှိတင်ပေးတော့မယ်ဗျာ။  အခုလောလောဆယ်တော့ ဒါလေးတွေနဲ့ပဲ ကျေနပ်
ပေးကြပါဦး။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့လင့်ကနေ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်
ကလဲ 24 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Plato Photo Booth 12.05.01

             ဒါလေးကတော့ ကျွန်တော်တို့ ဓါတ်ပုံတွေကို  သပ်သပ်ရပ်ရပ်လေး ဖြစ်သွားအောင် ဖရိန်
လေးတွေထည့်  ချင်သူတွေအတွက်ပါ။ ဓါတ်ပုံအဆင်သင့် မရှိသေးရင်လဲ ဒီကောင်းလေးနဲ့ တစ်ခါ
ထဲ ဓါတ်ပုံရိုက်ပြီး ဖရိန်ထည့်လို့ရပါတယ်။ ဓါတ်ပုံရိုက်တဲ့နေရာမှာလဲ   Shooting Delaying အချိန်
မှတ်ပြီးရိုက်ယူလို့ ရပါတယ်။ အသုံးပြုရတာ အင်မတန်လွယ်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 23 MB ပဲရှိပါ
တယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့လင့်ခ် ကနေယူသွားလိုက်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Lagoon Screensaver


                ဒါလေးကတော့ ကျွန်တော်တို့  Screensaver လေးပါ။ တော်တော်လေး လန်းပါတယ်။
ညနေ နေဝင်ချိန်လေးမှာ ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်းပေါ်မှာ လျှောက်ကြည့်နေရသလို
ခံစားစေရပါတယ်။ လှိုင်းပုတ်သံလေးတွေနဲ့ တကယ့်ကို ကြည်းနူးဖို့ ကောင်းပါတယ်။ သူ့အတွက်
Serial Key လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 11 MB ပဲရှိပါတယ်။ အသုံးပြုချင်တယ်
ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ

Bagasoft Total Video Converter V3.3.22.4149


         ဒါလေးကတော့ ကျွန်တော်တို့ Video Converter လေးပါ။ ပေါ့ပေါ့ ပါးပါးလေးနဲ့ အရမ်းသုံးလို့ 
ကောင်းတဲ့ ကောင်လေးပါ။  Output Film တွေအနေနဲ့လဲ တော်တော်စုံပါတယ်။ MP3 တွေကိုလဲ
လိုသလို ဖြတ်တောက်ပြီး  Phone Ringtone လုပ်ချင်လဲ အဆင်ပြေပါတယ်။ ဗီဒီယိုတွေ ဆိုရင်လဲ
Effect လေးတွေထည့်ချင် ထည့်လို့ရသေးတယ်။ ဗီဒီယိုထဲမှာ ကိုယ်ကြိုက်တဲ့  မင်းသ္မီးပုံပါလာရင်
ဓါတ်ပုံရိုက်ယူပြီး သိမ်းထားလို့ရပါသေးတယ်။ အသုံးပြုရတာလဲ အရမ်းလွယ်ပါတယ်။ ဖိုင်ဆိုဒ်က
လဲ 10 MB  ပဲရှိပါတယ်။   Full Version  သုံးလို့ရအောင် အထဲမှာ Serial Key လေးထည့်ပေး
ထားပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

John`s Background Swither 4.3


              ဒီနေ့တော့ကျွန်တော်တို့  Wallpaper  လေးကို စိတ်တိုင်းကျ  Desktop ပေါ်တင်ရအောင်လို့
John`s Background Swither  လေးတင်ပေးလိုက်ပါတယ်။   သုံးဖူးကြသူတွေကတော့  သူ့အကြောင်း
ကောင်းကောင်းသိပါလိမ်မယ်။  သူ့ရဲ့အားသာချက်က မိမိစက်ထဲမှာရှိတဲ့ ပုံတွေသာမက Websiteပေါ်မှာ
ရှိတဲ့ ဓါတ်ပုံတွေကိုပါ ယူပြီး  Wallpaper အဖြစ်တင်ပေးနိုင်ပါတယ်။  ဥပမာ..အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း
Add ကိုကလစ်လိုက်ရင် ရွေးစရာတွေ တွေအများကြီးကျလာပါလိမ်မယ်။ Google ကိုသုံးမယ်ဆိုပါတော့ Google  ကိုကလစ်ပြီး မိမိ Wallpaper တင်ချင်တဲ့အရာ  (Lady GaGa , Moe Hay Ko)  လို့ ဖော်ပြပေး
လိုက်ရင်  Website  ပေါ်မှာရှိတဲ့ လေဒီဂါဂါ ၊ မိုးဟေကိုတို့ရဲ့ပုံတွေကို  တစ်ပုံချင်းစီ ပြောင်းပြီးတင်ပေး
နေပါလိမ်မယ်။ကိုယ်တိုင်  ကလိကြည့်လိုက်ရင် ခဏလေးနဲ့ အဆင်ပြေသွားပါလိမ်မယ်။  ဖိုင်ဆိုဒ်ကလဲ
1.88 MB ပဲရှိပါတယ်။  အသုံးပြုချင်တယ် ဆိုရင်တော့အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွား
လိုက်ပါ။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင်လဲ  c.box  မှာပြောသွားပေးကြပါ။   အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

Real Desktop 1.42

       
            ဒါလေးကတော့ မိမိ Desktop ကို သူများတွေနဲ့မတူအောင် ဒီဇိုင်းလေးနဲ့ သုံးချင်
သူတွေအတွက်ပါ။  ပုံမှာတွေ့ရသလိုပဲ  Desktop ပေါ်က Shortcut  လေးတွေကို ကြိုက်
တဲ့နေရာကို ရွေ့ထားချင်လဲရပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်
ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 8 MB ပဲရှိပါတယ်။ လိုအပ်ရင်သုံးဖို့ အ
ထဲမှာ Patch File လေးပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Game For Sony Ericsson Phone


       ဒါတွေကတော့ ကျွန်တော်တို့ Sony Ericsson Phone အတွက် Game လေးတွေကို
စုစည်းပြီးတင်းပေးလိုက်ပါတယ်။ အားလုံး ဂိမ်းပေါင်း(၅၀) ကျော်လောက်ပါပါတယ်။ ဆော့
လို့ကောင်းတဲ့ ဂိမ်းလေးတွေလဲ တော်တော်များပါတယ်။ သေနပ်ပစ်တဲ့ ဂိမ်းတွေ ၊ သရဲရှာတဲ့
ဂိမ်းတွေ အစရှိသဖြင့် တော်တော်စုံပါတယ်။ ဂိမ်းဆော့တာ ဝါသနာပါတဲ့သူတွေအတွက်တော့
အကြိုက်တွေ့စေမှာပါ။ ဖုန်းထဲကို ဂိမ်းထည့်ရတာလဲမခက်ပါဘူး။ တကယ်လို့ မထည့်တတ်သေး
တဲ့သူတွေအတွက် ကျွန်တော် နဲနဲရှင်းပြပေးပါမယ်။ Download ချထားတဲ့ ဖိုင်ကိုဖြည်လိုက်ပါ။
အထဲမှာပါတဲ့ Winrar ဖိုင်တွေကို မဖြည်ပဲ Phone Memory Card ထဲကို Copy / Past ပေး
လိုက်ပါ။ ပြီးရင် Card ကို ဖုန်းထဲပြန်ထည့်ပြီး  အောက်ပါအတိုင်း အဆင့်ဆင့်သွားပြီး Insatll
လုပ်လိုက်ပါ။  File Manager > Other > Game ရောက်ပြီးဆိုရင် တစ်ခုခြင်း Install လုပ်
လိုက်ပြီးရင် ကျွန်တော်တို့ သာမန် Game ဆော့နေကျနေရာမှာ သွားပြီး  ကစားလို့ရပါပြီ။
ကစားချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့လင့်ခ် ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်
ကလဲ 9 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

Sonarca Sound Recorder 3.5.8 Portable


ဒါလေးကတော့ အသံဖမ်းတဲ့ကောင်လေးပါ။ Portable လေးရလာလို့ တင်ပေးလိုက်ပါတယ်။
သုံးရတာလဲ ပေါ့ပေါ့ပါးပါးလေး နဲ့  လွယ်လွယ်ကူကူ  အသုံးပြုနိုင်ပါတယ်။  ဘာပဲဖြစ်ဖြစ် 

ဆောင်ထားသင့်တဲ့ ဆော့ဖ်ဝဲလေးပါ။ ဖိုင်ဆိုဒ်ကလဲ  2 MB ပဲရှိပါတယ်။ မြန်မာပြည်ကနေ
Mediafire နဲ့ဒေါင်းရတာ အဆင်မပြေဘူးဆိုတဲ့အတွက် http://www.up4vn.com/ ကနေပြောင်းပြီးတင်ထားပေးပါတယ်။ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေ ယူသွား
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ဘဘော့ဂ်မှာ you might also link: လင့်ခ်လေးထည့်ချင်ရင်


ဒါလေးကတော့ အစ်ကိုတစ်ယောက် c.box ကနေတောင်းထားတဲ့အတွက် လိုအပ်တဲ့သူတွေပါ
အလွယ်တကူ သုံးနိုင်အောင် ပို့စ်တစ်ပုဒ်အနေနဲ့ ကျွန်တော်သိသလောက်လေးကို  မျှဝေပေး

ခြင်းဖြစ်ပါတယ်။ပုံမှာပြထားသလို မိမိဘလော့ဂ်ရဲ့ ပို့စ်အောက်နားမှာ you might also link: လင့်ခ် လေးထည့်ချင်ရင် ဘာHTMLကုဒ်မှ  သုံးစရာမလိုပဲ  ထည့်တဲ့နည်းလေးပါ။ အခြားနည်း
တွေရှိပေမဲ့ ဒီနည်းလေးက အရမ်းလွယ်ကူပါတယ်။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်။

Photo Frame Master 1.3.0



      ဒီနေ့တော့ ကျွန်တော် Photo Frame Master လေးတင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို စိတ်တိုင်းကျ ဖရိန်တွေထည့်မယ် ၊ လိုအပ်ရင်ဓါတ်ပုံကို အလင်း အမှောင်ချိန်ညှိမယ် ၊ နောက်
ထပ် Effect တွေလဲအများကြီး ပါ,ပါသေးတယ်။ အပေါ်ပုံကိုကြည့်ပါ ကျွန်တော့် ဘဏ်ကနေ
ထုတ်တဲ့ ဒေါ်လာလေ။ သူ့ကို Full Version သုံးလို့ရအောင်Serial Key လေးထည့်ပေးထား
ပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။  ဖိုင်ဆိုဒ်ကလဲ 18.34 MB ပဲရှိပါတယ်။ အသုံးပြု
ချင်တယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။  အားလုံးပဲ  ပျော်ရွင်ကြပါစေ.....ဗျာ

ခင်ခင်ထူး ဝတ္တုစာအုပ်များ


ဆရာမခင်ခင်ထူးရဲ့ အညာသူအညာသား ကျွန်မဆွေမျိုးများ အပါအဝင်ဝတ္တုစာအုပ်လေးတွေကို စုစည်းပေးထားပါတယ်။ ကျေးလက် အရေးအသားမှာတော့ တော်တော်ပြောင်မြောက်တဲ့အရေး
အသားနဲ့ ရေးသားနိုင်တဲ့ စာရေးဆရာမ တစ်ယောက်ပါပဲ။ ဖတ်ဖူးသူတိုင်း သိကြပါတယ်။
အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Fantastic Nature Screensaver


     ဒါလေးကတော့ Screensaver 3 in 1 အလန်းလေးပါ။ ပုံမှာပါတဲ့အတိုင်း ချယ်ရီပင်ကနေ
သစ်ရွက်လေးတွေ တစ်ဖြုတ်ဖြုတ် ကြွေကြနေတာတွေ ၊ နွယ်ပန်းလေးမှာ  လိမ်ပြာလေးတွေ

ပျံဝဲနေတာတွေ ၊ ဝါးရုံတောထဲမှာ ပိုးစုန်းကြူးလေးတွေ မြူးတူးနေတဲ့ပုံလေးတွေ တစ်လှည့်စီ
ပြောင်းပေးနေပါလိမ်မယ်။ထူးထူးခြားခြားလေးနဲ့  အလှအပ ကြိုက်တဲ့သူတွေ  အတွက်တော့
အကြိုက်တွေ့စေမဲ့ saver လေးတစ်ခုပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 8.67 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Window Boot တတ်တာ မြန်စေချင်ရင်


လူတွေဟာ ကျန်တဲ့နေရာတွေမှာသာ သဘောထားတွေကွဲပြားချင် ကွဲပြားကြပါလိမ်မယ်။
မိမိရဲ့ စက်ပစ္စည်းတွေကိုတော့ ကောင်းစေချင် ၊ မြန်စေချင်ကြတဲ့နေရာမှာတော့ အတူတူပါပဲ။
အဲလို မြန်စေချင်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းပြုလုပ်ပြီး မိမိကွန်ပြူတာကို Window
အတတ်မြန်အောင် ဆောင်ရွက်ကြတာပေါ့ဗျာ။ သိပြီးသား သူတွေအတွက်တော့ Sorry ပါဗျာ။

၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။

Shut down ချတာ မြန်စေချင်ရင်


တစ်ချို့ကွန်ပြူတာတွေမှာ Shut down ချတဲ့အခါ တော်တော်အမြင်ကက်ဖို့ ကောင်းလောက်
အောင်ကြာတတ်ပါတယ်။အဲလိုမဖြစ်ရအောင်Shutdownချတာမြန်ဆန်စေဖို့ အောက်ပါနည်း

(၂)နည်းနဲ့ ပြုပြင်နိုင်ပါတယ်။ သိပြီးသား သူတွေကတော့ ဒီနေရာလေးကို ကျော်သွားလိုက်ပါ။

နည်းလမ်း(၁)

၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။

ကွန်ပြူတာကို မြန်စေချင်ရင်

           
       ကိုယ်အသုံးပြုနေတဲ့ ကွန်ပြူတာကိုမြန်စေချင်တာ ကွန်ပြူတာ သုံးစွဲသူတိုင်းရဲ့ဆန္ဒပါ။ မြန်စေချင်ရင်တော့ အောက်ပါနည်း(၂)နည်းနဲ့ မြန်အောင် လုပ်ဆောင်နိုင်ပါတယ်။ 
အတိုင်းအတာ တစ်ခုထိတော့ မြန်ဆန်လာပါလိမ်မယ်ဗျာ။

နည်းလမ်း(၁)

၁) Star မှ Run (သို့) Winkey+R ကိုနှိပ်ပါ။
၂) regedit ရိုက်ထည့်ပြီး OK (သို့) Enter ခေါက်လိုက်ပါ။
၃) Registry Editor ဘောက်(စ်)ပွင့်လာရင် အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ။

Yearround Screensaver


   ဒါလေးကတော့ Screensaver ကို ခပ်လန်းလန်းလေးတွေ သုံးချင်သူတွေအတွက်
တင်ပေးလိုက်ပါတယ်။  ဒီဇိုင်းလေးက  လန်းပါတယ်။  ရှု့ခင်းလေးက သာယာသလို၊

နောက်ခံတီးလုံးလေးကလဲ ကြည်နူးစရာကောင်းပါတယ်။ ပုံလေးတွေကလဲ တစ်မျိုးပြီး တစ်မျိုးပြောင်းနေပါလိမ်မယ်။ သုံးချင်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ 
ဖိုင်ဆိုဒ်ကလဲ 4 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ

ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရအောင်ဗျာ

ကျွန်တော့်ဘလော့ဂ်လေးကို အကြောင်းအမျိုးမျိုးနဲ့ လာလည်ကြတဲ့  သူငယ်ချင်းတွေထဲမှာ
ဘောလုံးဝါသနာအိုးတွေ ပါချင် ပါ,ပါလိမ့်မယ်။ ပါလာခဲ့ရင်လဲ ကျွန်တော့်ဘလော့ဂ်လေးကို လာလည်ရကျိုး နပ်အောင် ဘောလုံးပွဲတွေသာမက အခြားနိုင်ငံတကာ အားကစားပွဲတွေပါ တိုက်ရိုက်ကြည့်ရှု့နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါကိုပို့(စ်)တစ်ပုဒ် အနေနဲ့တင်ထားရင်

နောက်ထပ်ပို့(စ်)တွေထပ်တင်တဲ့အခါ ဒီပို(စ်)ကနောက်ရောက်သွားပြီး ရှာရခက်မှာစိုးလို့ ဘလော့ဂ်ရဲ့Sidebarမှာထားပေးထားပါတယ်။ကြည့်မယ်ဆိုရင် WebsiteClock မှာကိုယ်
နေတဲ့နိုင်ငံအလိုက် GMT ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ..
..ဗျာ။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် C.box မှာပြောပေးခဲ့ပါဦးနော်။ အောက်မှာ ကြိုက်
တဲ့ ပွဲစဉ်တွေကိုကြည့်လိုက်ပါဗျာ။ ကွန်နက်ရှင် တအားကောင်းဖို့မလိုပါဘူး။ အနည်းငယ်
ကောင်းတယ်ဆိုရင်ပဲ ကြည့်လို့ဖြစ်ပါတယ်။

Window7 Boot Logo Changer

     ဒါလေးကတော့ မသိသေးတဲ့သူများအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ မိမိရဲ့
Window Boot စတတ်တဲ့အချိန်မှာ ပုံမှာမြင်ရတဲ့အတိုင်း Starting Windows ဆိုတဲ့နေ
ရာမှာ ကိုယ့်နာမည်(သို့)ကိုယ့်ချစ်သူနာမည် လေးနဲ့ Boot တတ်ခိုင်းကြတာပေါ့ဗျာ။ Window
Logo နေရာမှာလဲ ကိုယ့်ကောင်မလေး ဓါတ်ပုံအစားထိုးပြီး ကြည့်လို့ရတယ်ဗျာ။ ကဲ..ဘယ်
လောက်ကောင်းလဲ။ ဘာရယ် ညာရယ်တော့ မဟုတ်ဘူး လူတော့နဲနဲရှိန်တာပေါ့ဗျာ။ အသုံး

ပြုနည်းကတော့ ဖိုင်ထဲမှာပါတဲ့ Win7BootUpdater ဆိုတဲ့ .exe ကို Double Click ပေး
ပြီး Massage2 က Starting windows နေရာမှာ ကြိုက်တာရေးပေါ့။  Font Colour
မှာအရောင်ရွေး Font Size မှာစာလုံး အရွယ်အစားရွေးပါ။ အပေါ်က Method နဲ့ Count
မှာလဲ ကြိုက်တဲ့အရောင်ရွေးပါ။ ဓါတ်ပုံအစားထိုးချင်တယ် ဆိုရင်တော့ အပေါ်က Animation
မှာ Animation ကိုပဲ ကလစ်ပြီးကြိုက်တဲ့ပုံကို ရွေးပြီး Apply ပေးလိုက်ရင် ရပါပြီ။ restart
ချကြည့်လိုက်ပါ။ ပုံစံတစ်မျိုးနဲ့ BOOT တတ်လာတာတွေ့ရပါလိမ်မယ်။ အသုံးပြုချင်တယ် ဆိုရင်
တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 6.41 MB ပဲရှိပါတယ်။ ဓါတ်ပုံပြောင်းမယ်

Window7 Background Changer


ဒါလေးကတော့ မိမိတို့ကွန်ပြူတာမှာ Window စတတ်တဲ့အချိန်မှာရော ၊ Shut down ချတဲ့အချိန်
မှာပါ မိမိဓါတ်ပုံ ဒါမှမဟုတ် ကြိုက်တဲ့ပုံကို ပြောင်းပြီး အလှဆင်ပေးနိုင်တဲ့ ကောင်လေးပါ။တစ်ခါ

လာလဲ အပြာရောင်ကြီး နောက်တစ်ခါလာလဲ အပြာရောင်ကြီး ဆိုတော့  ကြည့်ရတာပျင်းစရာ
ကောင်းပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင် ပုံအမျိုးမျိုး ပြောင်းချင်သူတွေအတွက် ဒီကောင်
လေးကိုသုံးပြီး အလှဆင်နိုင်ပါတယ်။ သုံးရတာလဲအရမ်းလွယ်ပါတယ်။ ဖိုင်ထဲမှာပါတဲ့Window7
logonBackgroundchanger ဆိုတဲ့.exe ကို Double ပေးလိုက်ပြီးအပေါ်မှာရှိတဲ့ဓါတ်ပုံတွေ
ထဲက ကြိုက်တဲ့ပုံကို ကလစ်ပြီး Apply ပေးလိုက်ရင်  ရပါပြီ။ ပုံတွေမကြိုက်သေးဘူးဆိုရင်လဲ 
Choose afloder ကနေပြီး မိမိစက်ထဲမှာရှိတဲ့ ကြိုက်တဲ့ပုံကိုယူပြီးတင်လို့ရပါသေးတယ်။ ဖိုင်
ဆိုဒ်ကလဲ 650 KB ပဲရှိပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့  အောက်မှာယူသွားလိုက်ပါ။ အားလုံပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

1-Click PC Fix v4


       ဒီနေ့တော့ con ကနဲနဲ မျက်နှာသာပေးတာနဲ့ 1-Click PC Fix လေးတင်ပေးလိုက်ပါတယ်။
တစ်နေ့တစ်နေ့ ကျွန်တော်တို့စက်တွေမှာ ဆော့(ဖ်)ဝဲတွေ သွင်းလိုက် ၊ ပြန်ထုတ်လိုက်နဲ့ လုပ်လို့ကို မကုန်နိုင်ဘူး။ အဲလို လုပ်ပါများလာတော့ စက်မှာ Error တွေတတ်လာပါတယ်။ အဲဒီ Error တွေ

ကို ဖြေရှင်းပေးဖို့ ဒီကောင်းလေးကို သုံးပြီးဖြေရှင်းပေးခိုင်းလို့ ရပါတယ်။ ပထမဆုံး ကိုယ့်စက်မှာ Error ဘယ်လောက်  များနေပြီလဲလို့ Scan ဖတ်ခိုင်းပြီးသူဖော်ပြမဲ့ Error မှန်သမျှ  ပြန်ဖြေရှင်း
ခိုင်းလိုက်တာပေါ့ဗျာ။ သူ့ကို Full Version သုံးလို့ရအောင် အထဲမှာ Serial Key လေးထည့်
ပေးထားပါတယ်။ တစ်ခါထည့်ရုံနဲ့ Active မဖြစ်သေးရင် နောက်တစ်ခါပြန်ထည့်လိုက်ပါ။ Active ဖြစ်သွားပါလိမ်မယ်။ ဖိုင်ဆိုဒ်ကလဲ 4 MB ပဲရှိပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

SWiSHMAX3 Portable

   
              ဒါလေးကတော့ flash song လေးတွေကို ကိုယ်တိုင်လုပ်ပြီး နားထောင်ချင်
သူတွေအတွက် SWI.exe portable ကို ပြုလုပ်နည်းစာအုပ်(မြန်မာလို) အတူတင်ပေး
လိုက်ပါတယ်။ စာအုပ်မှာ တစ်ဆင့်ချင်းဆီကို ပုံလေးတွေနဲ့ ရှင်းပြပေးထားတဲ့အတွက်
flash song တစ်ပုဒ်ကို အလွယ်တကူ ပြုလုပ်နိုင်ပါလိမ်မယ်။ အသုံးလိုတယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်က51 MB  ရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ
.....ဗျာ

မိုးကျော်သူ သိုင်းစာအုပ်များ

  
ဆရာ မိုးကျော်သူ ရဲ့သိုင်းဝတ္တုစာအုပ်လေးတွေကို စုစည်းပေးထားတာပါ။ ကျွန်တော်ငယ်ငယ်
တုန်းကတော့ သိုင်းဝတ္တုဆိုရင် အငမ်းမရဖတ်ခဲ့တာပေါ့။ အဲလိုဖတ်ခဲ့တဲ့ အကြိုးကျေးဇူးကြောင့်
ရန်ဖြစ်တဲ့အခါ ကိုယ်ပဲခံခဲ့ရတယ်။ အဲဒါကြောင့်လဲ ကိုယ်ခံပညာလို့ပြောကြတာထင်ပါရဲ့။ ကဲ..
သိုင်းဝတ္တုဖတ်တာ ဝါသနာပါတဲ့သူတွေ အောက်မှာ ကြိုက်တဲ့စာအုပ်သာ ကလစ်ပြီးဖတ်ပေးကြ

ပါဗျာ။ သိမ်းထားချင်တယ် ဆိုရင်လဲ ဒေါင်းသွားလိုက်ပါနော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ

မောင်ညိုအေး(ပန်းတော) ဝတ္တုစာအုပ်များ




ဆရာ မောင်ညိုအေး (ပန်းတော)ရဲ့ အချစ်ဝတ္တုလေးတွေ စုစည်းပြီးတင်ပေးလိုက်ပါတယ်။ နုရွတဲ့
စကားလုံးလေးတွေ ၊ သေသပ်တဲ့ဇာတ်လမ်း  ဇာတ်ကွက်လေးတွေနဲ့ ရေးဖွဲ့ထားတဲ့  ဆရာရဲ့

လက်ရာတွေကို  ဖတ်ဖူးသူတိုင်း  သိကြပါတယ်။ အောက်မှာ ကြိုက်တဲ့စာအုပ်ကိုကလစ်ပြီး
ဖတ်ပေးကြပါဗျာ။သိမ်းထားချင်သူတွေအတွက်လဲ ဒေါင်းလော့လင်းတွေ ချိတ်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ

Video To Picture 1.3 portable

     
                ဗီဒီယို ကနေ ဓါတ်ပုံအဖြစ်ပြောင်းပေးတဲ့ ဆော့(ဖ်)ဝဲလေးပါ။ con မကောင်းတော့ File Size
ကြီးတာတွေတင်မပေးနိုင်ဘူး။ လာလည်တဲ့ အစ်ကို ၊ အစ်မ တွေအတွက်လဲ အသစ်မရှိမှာစိုးတာနဲ့ File
Size သေးတာလေးတွေကို ရွေးပြီးတင်းပေးထားတာပါ။ ကိုယ်ကြိုက်တဲ့ Video ၊ MP4 တွေကနေ ဓါတ်ပုံ
အနေနဲ့ပြောင်းယူချင်ရင် ပေါ့ပေါ့လေးနဲ့ ထိရောက်တဲ့  ကောင်လေးပါ။ သူပြန်ထုတ်ပေးနိုင်တဲ့ Format
တွေကတော့ JPEG bitmap ၊ WINDOW bitmap ၊ TARGA bitmap ၊ GIF animation image ၊ TIFF
bitmap ၊ PaintBursh  ၊ Portable Network Graphics ၊ WINDOW Icon တွေပါပဲ။ အသုံးပြုရတာလွယ်
သလို ဖိုင်ဆိုဒ်ကလဲ  2.40 MB ပဲရှိပါတယ်။ အသုံးလိုတယ် ဆိုရင်တော့အောက်မှာ ယူသွားလိုက်ပါ။ အား
လုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

n-Track Studio 6.0.8

       
           အသံပိုင်းကို စိတ်ကြိုက် ကလိချင်သူတွေအတွက် n-Track Studio 6 လေးတင်ပေးလိုက်ပါတယ်။
တင်ပေးချင်တာတွေက တော်တော်များများ ရှိနေပေမဲ့ ကွန်နက်ရှင်က ဘယ်လိုမှကို လှုပ်လို့မရဘူးဖြစ်နေ
လို့ ငြိမ်နေရတယ်ဗျာ။ အသုံးပြုဖူးကြသူတွေကတော့ သူ့ရဲ့ အကြောင်း  ကောင်းကောင်းသိကြပါလိမ်မယ်။
Recording ဖမ်းတာလဲ အသံရှင်းပါတယ်။ ကြားဖူးကြပါလိမ်မယ် သီးချင်းနဲ့တရားဟောသံ mix လုပ်တာ ၊
Heavy သီချင်းတွေနဲ့ ခေတ်နှောင်းသီချင်း mix လုပ်ထားတာတွေ။ အဲဒါတွေက အစလုပ်လို့ရပါတယ်။ စိတ်
ကြိုက်ပြုပြင် ၊ mix လုပ်ပြီးရင်လဲ ခွေပါတစ်ခါထဲ ဘမ်းခွင့်ပေးပါတယ်။ ဒါအပြင် Audio ပိုင်းနဲပတ်သတ်တာ
တွေ တော်တော်များများ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ဘယ်လောက်အထိ လုပ်ဆောင်းပေးနိုင်သ
လဲ ဆိုတာတော့ ကိုယ်တိုင်သာ စမ်းသုံးကြည့်လိုက်ပါဗျာ။ သူ့ကို Full Version သုံးလို့ရအောင် အထဲမှာ
Keygen လေးထည့်ပေးထား  ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 17.08 MB ပဲရှိပါတယ်။ အသုံးလိုတယ် ၊ အသုံးပြု

WMP 12 Skin Packet

              Window Media Player အတွက် Skins လှလှလေးတွေ တင်းပေးလိုက်ပါတယ်။ သီချင်း
နားထောင်ဖို့ WMP ဖွင့်လိုက်တယ်ဆိုရင်ပဲ တစ်နေ့လာလဲဒီပုံစံ နောက်တစ်နေ့လာလဲဒီပုံစံနဲ့ ကြာတော့
ငြီးငွေ့စရာကြီးဖြစ်လာတယ်။ အလှအပ ဆိုတာတော့လူတိုင်းကြိုက်ကြတာပဲလေ။ အဲတော့ ငြီးငွေ့စရာ
ပုံကြီးကို အပေါ်မှာပြထားတဲ့ ပုံလန်းလန်းတွေနဲ့ အစားထိုးသုံးကြစို့ဗျာ။ အသံချိန်ညှိဖို့ ECO ပါ ပါတော့
အသံအနေအထားလဲ စိတ်ကြိုက်ဖွင့် နားထောင်နိုင်ပါတယ်။ အစားထိုးရတာလဲမခက်ပါဘူး ဒေါင်းလို့
ရလာတဲ့ဖိုင်ကို ဖြည်ပြီး ကိုယ်သုံးချင်တဲ့ဟာကို Double Click ပေးလိုက်တာနဲ့ Auto ပြောင်းပြီးသား
ပဲ။ ကြိုက်တဲ့အချိန်ဖွင့် WMP Player အလန်းလေးက စိတ်ချမ်းသာစရာကောင်းအောင် ပြပေးပါလိမ်
မယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ကွန်နက်ရှင် သိပ်မကောင်းတဲ့သူ
တွေပါဒေါင်းရတာ အဆင်ပြေအောင် (၂)ဖိုင်ခွဲပြီးတင်ပေးလိုက်ပါတယ်။ တစ်ဖိုင်ကို Skin (၁၀)ခုထည့်
ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

EximiousSoft GIF Creator V5.70

                          picoodle.com 
                            ဓါတ်ပုံတွေကို Effect လေးတွေထည့်ပြီး ကိုယ်ကြိုက်တဲ့ Animation လေး
နဲ့ပြန်ထုတ်ယူနိုင်တဲ့ ကောင်လေးပါ။ အပေါ်မှာ ကျွန်တော်  အစမ်းလုပ်ပြထားသလိုပေါ့။ တစ်ခြား
Animation လေးတွေလဲ  ထုတ်ယူလို့ရပါတယ်။ သူ့ကို Full Version သုံးလို့ရအောင် Serial Key
လေး  ထည့်ပေးထားပါတယ်။ သုံးရတာလဲ အရမ်း  လွယ်ကူပါတယ်။ ဖိုင်ဆိုဒ်ကလဲ 3.05 MB ပဲ
ရှိပါတယ်။ အသုံးလိုတယ် ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ

Make Picture With Water Reflection


picoodle.com
                    

          
            ဒါလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ မိမိပုံလေးတွေ အပါအဝင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို
အပေါ်မှာ ကျွန်တော်နမူနာလုပ်ပြထားသလို ရေပေါ်မှာအရိပ်ထင်အောင်လုပ်ချင်တဲ့ သူတွေအဆင်
ပြေအောင် Water Reflection Portable လေးတင်ပေးလိုက်ပါတယ်။ အသုံးပြုရတာလဲ အရမ်းလွယ်
ပါတယ်။ ကလစ် (၅)ချက်လောက်နဲ့ မိမိကြိုက်တဲ့ ပုံကိုရေပေါ်မှာ အရိပ်ထင်စေပါတယ်။ ဖိုင်ဆိုဒ်က
လဲ 433.97 KB ပဲရှိပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Pencil V0.4.4


                    အပေါ်မှာ ကျွန်တော်ပန်းချီဆွဲထားသလို ပန်းချီဝါသနာပါတဲ့သူတွေအတွက် အဆင်
ပြေစေတဲ့ Pencil Soft လေးတင်ပေးလိုက်ပါတယ်။ ကြည့်ပါဦး ကျွန်တော်မဆွဲတတ်ပဲ ဆွဲထားတာ
တောင်  တော်တော်လေးလှပါတယ်(မျက်စေ့မမြင်တဲ့သူတွေက ပြောတာပါ)။ အသုံးပြုရတာ အရမ်း
လွယ်သလို ဖိုင်ဆိုဒ်ကလဲ 4.16 MB ပဲရှိပါတယ်။ Portable ဆိုတော့ Install လုပ်ရလဲ သက်သာပါ
တယ်။ ကြိုက်ကြလား  တော့မသိဘူးဗျာ။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Pro Show Producer(Photo Slide Show)

           
                    ဒါလေးကတော့ မိမိတို့ရဲ့ အမှတ်တရဓါတ်ပုံလေးတွေကို နောက်ခံသီချင်းလေးထည့်
ပြီး ဆလိုက်ရှိုးလေး  လုပ်ချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်။  portable လေးဖြစ်တဲ့အတွက်
Install လုပ်ရတဲ့ဒုက္ခ ၊ ကီးထည့်ရတဲ့ဒုက္ခလဲ ကင်းဝေးတာပေါ့။ အထဲမှာ အသုံးပြုနည်းစာအုပ်(မြန်မာ
လို) ကိုတစ်ခါတည်း  ထည့်ပေးထားပါတယ်။ ပုံလေးတွေနဲ့ တစ်ဆင့်ချင်း  ရှင်းပြပေးထားတဲ့အတွက်
ပိုပြီးလွယ်လွယ်ကူကူနဲ့ လုပ်တတ်ပါလိမ်မယ်။ ဖိုင်ဆိုဒ်ကလဲ 30.09 MB ပဲရှိပါတယ်။အသုံးပြုချင်တယ်
ဆိုရင် အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Stoik Deformer V4.0.0.3471

         
                 ဒီနေ့တော့ ဓါတ်ပုံတွေကို ရယ်ချင်စရာပုံတွေအဖြစ် ပြောင်းပေးမဲ့ Stiok Deformer4
လေးတင်ပေးလိုက်ပါတယ်။ ဂျာနယ်တွေမှာ တွေ့ဖူးကြမှာပါ ပဟေဠိလေးတွေလေ။ ပုံတွေကို မမှတ်
မိနိုင်လောက်အောင်ပြောင်းထားပြီး ဘယ်အသင်း ၊ ဘယ်နေရာမှာကစားတဲ့သူလို့ သဲလွန်စလေးပေး
ထားပြီး ဖြေခိုင်းကြတာလေ။  ပုံပြောင်းပေးတဲ့ Tool တွေလဲ တော်တော်စုံပါတယ်။ အသုံးပြုရတာလဲ
အရမ်းလွယ်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 10.51 MB ပဲရှိပါတယ်။ သူ့ကို Full Version သုံးလို့ရအောင် အ
ထဲမှာ Serial Key လေးထည့်ပေး  ထားပါတယ်။ ဒီဇိုင်းလေးတွေလဲ တော်တော်လန်းပြီး တော်တော်
လေး ရယ်စရာ  ကောင်းပါတယ်။  အသုံးပြုချင်တယ် ၊  ကြိုက်တယ်ဆိုရင်တော့ အောက်မှာယူသွား
လိုက်ပါ။အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။


Desktop Icon Toy V4.5

          
                  ဒါလေးကတော့ မိမိ Desktop ကို သူများနဲ့မတူအောင် ဒီဇိုင်းလန်းလန်းလေးတွေ သုံးချင်
သူတွေအတွက် တင်ပေးလိုက်ပါတယ်။ အသုံးပြုနိုင်တဲ့ ပုံလေးတွေလဲ တော်တော်များပါတယ်။ အသည်း
ပုံ ၊ ကြယ်ပုံ ၊ ဂီတသင်္ကေတပုံ တွေအပြင် တခြားပုံတွေလဲ ရှိပါသေးတယ်။ သူ့ကို  Full Version သုံးလို့
ရအောင် အထဲမှာ Kergen လေးထည့်ပေးထာပါတယ်။ ဖိုင်ထဲမှာ 32.exe နဲ့ 64.exe (၂) ခုပါပါတယ်။
ကိုယ့် window နဲ့ကိုက်တဲ့ .exe ကိုရွေးပြီး Install လုပ်လိုက်ပါ။ Key ထည့်ဖို့က Icon လေးကို Right
Click ပေးပြီး Options ကို Click ပါ။  box တစ်ခုတတ်လာတဲ့အခါ ဘယ်ဖက်မှာရှိတဲ့ box အသေး
လေးထဲက Register Info ကိုClick ပြီး Key ထည့်ပေးလိုက်ရင်ရပါပြီ။ ဖိုင်ဆိုဒ်ကလဲ 2.16 MB ပဲရှိပါ
တယ်။ အသုံပြုချင်တယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။



CyberPower Audio Editing Lab V14.0.1

     
                  ဒါလေးကတော့ သီချင်းတွေကို စိတ်ကြိုက် Effect တွေထည့်ပြီး ကလိချင်သူတွေအတွက်
တင်ပေးလိုက်ပါတယ်။ အသံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု့ လေးတွေတော်တော်လေးလုပ်လို့ရပါတယ်။
အရင်လဲ Audio Edition တင်ပေးဖူးပါတယ်။ ဒါလေးကလဲ ပုံစံတစ်မျိုးနဲ့ စွမ်းဆောင်မှု့ တစ်မျိုးပေါ့ဗျာ။
CD ခွေကနေပြီးတိုက်ရိုက်ယူပြီး Edition လုပ်မလား ဒါမှမဟုတ် ကိုယ်အသံကို Recording လုပ်ပြီးစမ်း
မလား အားလုံး Ready ပဲ။ Full Version သုံး လို့ရအောင် အထဲ Email ရယ် ၊ Serial Key ရယ်ထည့်ပေး
ထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 10.25 MB ပဲရှိပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် c.box မှာပြောပေးသွားကြပါဦးနော်။ အားလုံးပဲ ပျော်

Any Pic Image Converetr 1.0.1 Build1433

          ဒါလေးကတော့ ပုံတွေကို မိမိကြိုက်တဲ့ ဖလင်အမျိုးအစားကို ပြောင်းပေးတဲ့ ကောင်လေးပါ။
ကိုယ်အသုံးပြုချင်တဲ့နေရာရဲ့  လက်ခံနိုင်တဲ့ ဖလင်အမျိုးအစားကို အလွယ်တကူပြောင်းယူနိုင်ပါတယ်။
အသုံးပြုရတာလဲ အင်မတန် ရိုးရှင်းလွယ်ကူပါတယ်။ သူပြောင်းပေးနိုင်တဲ့ File Format တွေကတော့
jpeg ၊ bmp ၊ png ၊ pdf ၊ tag ၊ tiff ၊ gif ၊ psd ၊ pcx ၊ icoပါ။portable လေးဖြစ်တဲ့အတွက် Install
လုပ်စရာမလိုပဲ အသုံးပြုချင်တဲ့အချိန်မှ .exe လေးကို Double Click လေးလိုက်တာနဲ့ အသုံးပြုနိုင်ပါပြီ။
ဖိုင်ဆိုဒ်ကလဲ 17.13 MB ပဲရှိပါတယ်။ အသုံးလိုတယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါအားလုံးပဲ

ဝိဇ္ဇာ ကာတွန်းစာအုပ်များ

              
               ဒါလေးကတော့ ဝိဇ္ဇာ ရဲ့ရုပ်ပြကာတွန်းစာအုပ်လေးတွေ စုစည်းပြီးတင်ပေးလိုက်ပါ
တယ်။ ဟာသကြိုက်တဲ့ အစ်ကို ၊ အစ်မ တွေအဆင်ပြေပြေ ဖတ်ရှု့နိုင်အောင် ရှာဖွေပြီးတင်ပေး
ထားခြင်းဖြစ်ပါတယ်။ တခြားဖတ်ချင်တဲ့ စာအုပ်တွေ  ရှိရင်လဲ c.box မှာပြောခဲ့ပေးပါခင်ဗျာ။
အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

CreateFlashSongsWithSwishMax


                ဒါလေးကတော့ FlashSongs လေးတွေကို ကိုယ်တိုင်ပြုလုပ်ချင်သူတွေ  အတွက်
FlashSongs လုပ်နည်းစာအုပ်လေးပါ။ တစ်ဆင့်ချင်းကို ပုံလေးတွေနဲ့ သေချာရှင်းပြထားတဲ့အ
တွက် လေ့လာပြီး ကိုယ်တိုင်ပြုလုပ်ဖို့ အရမ်းလွယ်ပါလိမ်မယ်။ စိတ်ဝင်စားတယ် ၊ လေ့လာချင်
တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 680.83 KB ပဲရှိပါတယ်။ အားလုံး
ပဲ  ပျော်ရွင်ကြပါစေ.....ဗျာ။

Choice Themes




          ဒါလေးကတော့ မိမိ Desktop ကို တစ်မျိုးနဲ့ တစ်မျိုး မရိုးအောင်ထားချင်သူတွေအတွက်
Themes လှလှလေးတွေ စုစည်းပြီးတင်ပေးလိုက်ပါတယ်။ အထဲမှာ Themes (၇)မျိုးပါပါတယ်။
ကြိုက်တာကို Double Click ပေးလိုက်တာနဲ့ Desktop ပေါ်မှာ အလှဆင်ပြီးသားပါ။ နောက်လဲ
Themes လေးတွေ ထပ်တင်ပေးပါဦးမယ်။ ဖိုင်ဆိုဒ်ကတော့ 56.28 MB ရှိပါတယ်။ ကြိုက်တယ်
ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

photo impact X3 Install

   
             ဒါလေးကတော့ ကျွန်တော်တို့ Photo နဲ့ပတ်သတ်တာ တော်တော်များများလုပ်ပေး
နိုင်တဲ့ ကောင်လေးပါ။ ဓါတ်ပုံတွေကို ရိုးရိုးဖရိန်ပဲထည့်မလား ၊ ပြုပြင်ချင်တယ်ဆိုရင်လဲ သူထဲ
မှာပါတဲ့ Tool တွေက Photoshop နီးပါးအသုံးပြုလို့ရပါတယ်။ ဒါမှမဟုတ် Photo Slideshow
လုပ်ချင်တယ်ဆိုလဲ အင်မတန်ကောင်းတဲ့ Animation တွေပါပါတယ်။ နောက်ထပ် Photo ပိုင်း
နဲ့ပတ်သတ်တာဘာလုပ်ချင်သေးလဲ ၊ Photo Edition ၊ ကိုယ့်ပုံလေးနဲ့ Calendar ၊ Collage ၊
DVD Menu ၊ Greeting Cards ၊ CD/DVD Label ၊ Comic Strips စတာတွေအပြင် အခြား
လုပ်လို့ရတာတွေ အများကြီးရှိပါသေးတယ်။ သုံးဖူးတဲ့သူတွေကတော့ ကောင်းကောင်းသိပါလိမ်
မယ်။ သူ့ကို Full သုံးလို့ရအောင် အထဲမှာ Keygen လေးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က
နဲနဲကြီးတော့ ကျွန်တော် (၂)ပိုင်းခွဲပြီးတင်ပေးထားပါတယ်။ ဒေါင်းပြီးရင် HJ Split လေးနဲ့ File
ကိုပြန်ဆက်လိုက်ပါ။ HJ Split မရှိတဲ့သူများ ဒီမှာ ယူလိုက်ပါ။ File ဆက်တာ မသိသေးသူများ
အတွက် အောက်မှာ ပုံလေးတွေနဲ့ ကျွန်တော်ပြထားပါတယ်။ ဖိုင်ဆက်ပြီးပြီးဆို Keygen လေး
ကိုအရင် Run ပြီး Serial Key လေးကိုကော်ပီယူထားလိုက်ပါ။ ပြီးမှ Photo Impact.exe ကို
Install လုပ်ပြီး Key ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင်အဆင်ပြေသွားပါပြီ။ အသုံးပြုချင်တယ် ၊ ကြိုက်
တယ်ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ..ဗျာ။

မြိုင်ရာဇာတွတ်ပီ ရဲ့ ကာတွန်းစာအုပ်များ

             
           ခုတလော ကွန်နက်ရှင်မကောင်းလို့ ဆော့(ဖ်)ဝဲတွေလဲ upload တင်လို့မရဘူးဗျာ။ တင်လို့
မရအတူတူ ရတာပဲ တင်မယ်ဆိုပြီး ကလေး ၊ လူကြီး အားလုံးကြိုက်တဲ့ ဆရာဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်
ရာဇာတွတ်ပီ ရုပ်ပြစာအုပ်လေးတွေ ရသလောက်စုပြီးတင်ပေးလိုက်ပါတယ်။ ဒေါင်းလော့ချချင်သူတွေ
အတွက်လဲ အဆင်ပြေအောင် ဒေါင်းလော့လင့်တွေ ချိတ်ပေးထားပါတယ်။ နောက်နေ့တွေ ကွန်နက်ရှင်
ပြန်ကောင်းမှပဲ အသုံးဝင်မဲ့ ဆော့(ဖ်)ဝဲလေးတွေ ထပ်တင်ပေးပါဦးမယ်ဗျာ။  တင်ပေးချင်တဲ့ဆော့(ဖ်)
ဝဲတွေကလဲ file size တွေကတအားကြီးနေတော့ ကွန်နက်ရှင်ကိုလဲ ငဲ့ကြည့်ရသေးတယ်။ ဘာပဲဖြစ်
ဖြစ်ပါ ပြည့်ပြည့်စုံစုံလေးဖြစ်အောင်တော့ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားပြီးတင်ပေးပါ့မယ်။
ကဲ...ကျွန်တော်လေကြောရှည်နေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။ အောက်မှာ ကြိုက်တဲ့စာအုပ်
ကို ကလစ်ပေးပြီးတော့သာဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...