Netcut 2.1.4


        အစ်ကိုတစ်ယောက်ဇွတ်အပူကပ်နေတာနဲ့   Netcut 2.1.4  လေးတင်ပေးလိုက်ပါတယ်။
ဘာအတွက်သုံးတာလဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ ထိုင်ပြီးသုံးတတ်သူတွေ
ဆိုင်ကပေးထားတဲ့  Network ကိုဖျတ်ပြီး  ကိုယ့်စက်ဆီရောက်အောင်လုပ်ပေးတဲ့ကောင်လေးပါ။
သူများ ကွန်နက်ရှင်ကို ကိုယ်ကယူသုံးပြီး ကိုယ့်စက်မှာ ကွန်နက်ရှင်မြန်အောင်လုပ်တဲ့နေရာမှာ
အသုံးပြုပါတယ်။ ခံရသူတွေအတွက်တော့ သိပ်မကောင်းဘူးပေါ့။  ဘယ်လိုအသုံးပြုရသလဲဆိုတာ
တော့ ကိုယ်တိုင်သာ စမ်းကြည့်လိုက်ပါ။ အောက်မှာအဆင့်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ 
ဖိုင်ဆိုဒ်ကလဲ  2 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

MP3 To Ringtone Gold V3.18

     
         ဒါလေးကလဲ အစ်ကိုတစ်ယောက်တောင်းထားတဲ့ကောင်လေးပါ။ တော်တော်လေးတော့
ကြာပါပြီ။ ကျွန်တော်လဲ ဘယ်လိုမှအချိန်မရတဲ့အတွက် တောင်းထားတဲ့ဟာလေးတွေတင်မပေး
နိုင်ဘူးဖြစ်နေတာ။  ခုမှအကြွေးတွေစုပြီး ဆပ်ရတော့မယ်ဗျာ။ ဘာအတွက်သုံးတာလဲဆိုတာ
တော့အထူးရှင်းပြဖို့မလိုလောက်ပါဘူး။ ကျွန်တော်သဘောကျတဲ့  function  တစ်ခုကတော့
film size ကြီးတဲ့ mp3 တွေကို size သေးသွားအောင် ချုံ့လို့ရတဲ့ big mp3s to small    
ဆိုတဲ့  function လေးပါပါလာတာကိုပဲ။ လုပ်လို့ရတဲ့ အခြား functions တွေလဲ အောက်မှာ 
ကျွန်တော်ပြပေးထားပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေ
ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Virtual Painter V5.0





            အကိုတစ်ယောက်တောင်းထားတဲ့ ကောင်လေးပါ။ အခြားလိုအပ်တဲ့သူတွေပါ သုံးနိုင်အောင်
တင်ပေးလိုက်ပါတယ်။  ဘာအတွက်သုံးတာလဲဆိုတော့  ကျွန်တော်တို့  ဓါတ်ပုံတွေကို ပန်းချီပုံအဖြစ်
ပီပီပြင်ပြင် ပြောင်းပေးတဲ့ကောင်လေးပါ။ သူ့ကို full သုံးလို့ရအောင် serial key လေးပါထည့်ပေးထား
ပါတယ်။ ဆော့ဖ်ဝဲကို install မလုပ်ခင် key လေးကိုအရင် copy ယူထားလိုက်ပါ။ သူက install လုပ်
စဉ်အတွင်း key တောင်းလို့ပါ။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 6 MB ပဲရှိပါတယ်။ အားလုံပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ဆောင်းလုလင် ဝတ္တုစာအုပ်များ

  
        ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စလေးတွေကြောင်း ပို့(စ်)တွေတင်မပေးနိုင်တာတောင်
တော်တော်လေး (တော်တော်ကြီး) ကြာသွားပါပြီ။ ကျွန်တော်ရဲ့ မဖြစ်ညစ်ကျယ် ဘလော့ဂ်လေးကို
လာလည်ကြတဲ့ သူငယ်ချင်းအားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အခုလဲ ကျွန်တော့်
ရဲ့ ကိစ္စတွေ  မပြီးပြတ်သေးပါဘူး။  ဒါပေမဲ့ တတ်နိုင်သလောက် ကြိုးစားပြီး ပို့(စ်)လေးတွေရော ၊ 
တောင်းဆိုထားတာလေးတွေပါ တင်ပေးနိုင်အောင်ကြိုးစားပါ့မယ်။
       ဒါကတော့ ဂမ္ဘီရဝတ္တုလေးတွေ ၊ သူရဲ တစ္ဆေ ဝတ္တုလေးတွေကြိုက်တဲ့ သူတွေအတွက်ဆရာ 
 ဆောင်းလုလင် ရဲ့ဝတ္တုလေးတွေကို ရသလောက်လေးစုစည်းပြီးတင်ပေးလိုက်ပါတယ်။ ဖတ်ချင်
တယ်ဆိုရင်တော့ ထုံးစံအတိုင်း အောက်မှာ ကြိုက်တဲ့ စာအုပ်နာမည်လေးတွေကို ကလစ်ပြီးဖတ်
ပေးကြပါ။ အခြားတောင်းထားတဲ့ စာအုပ်လေးတွေကိုလဲ ကျွန်တော်အချိန်ရရင် ရသလောက် ရှာ
ပြီးတင်ပေးသွားပါ့မယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...