IsoBuster Pro 3.0


               ကိုဝေလင်းအောင် တောင်းထားတဲ့ ဆော့ဖ်ဝဲလေးပါ။ အရေးကြီးလို့တင်ပေးပါလို့
ပြောတာနဲ့ ကျွန်တော်လဲ အရေးတကြီး တင်ပေးလိုက်ပါတယ်။ သိတဲ့သူတွေ သိပြီးပေမဲ့ မသိ
သေးသူတွေအတွက် ဘာအတွက် သုံးတာလဲဆိုတာကို ကျွန်တော်ပြောပြပါမယ်။ CD / DVD
တွေထဲက Data တွေကို Recovery လုပ်ပေးတယ် ၊ အခွေမကောင်းတော့လို့ မဖတ်နိုင်တော့
ပဲ ထစ်နေတဲ့ ခွေထဲက films တွေကို အလွယ်တကူ copy ယူနိုင်ပါတယ်။ နောက်ပြီး တစ်ချို့
သော Original အခွေတွေမှာ Copy ကူးယူလို့မရအောင် Protect လုပ်ထားတတ်ပါတယ်။ အဲ
ဒါတွေကိုလဲ အလွယ်တကူနဲ့ copy ယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ  4.6 MB ရှိပါတယ်။ လိုအပ်
ရင်တော့ အောက်မှာယူသွားလိုက်ပါ။ အမြဲတမ်း full သုံးလို့ရအောင် Keygen ထည့်ပေးထား
ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Zawgyi ပြဿနာ ဖြေရှင်းနည်း


             Cbox ကနေ ကိုထက်ပိုင် မေးထားတဲ့ ပြဿနာလေးကို ကျွန်တော် သိသလောက်လေးကို
စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းလေး ရေးပြီးဖြေရှင်းပေးလိုက်ပါတယ်။ အခြားသောသူတွေလဲ
ဒီလို ပြဿနာဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းနိုင်အောင်လို့ Post အနေနဲ့ ရေးပြီးတင်ပေးလိုက်တာပါ။
 ကျွန်တော်ပုံမှာ ပြထားတဲ့နေရာမှာ keyboard လေးပါပျောက်နေတယ်လို့ ဆိုတဲ့အတွက် ကျွန်တော်
ဒီနည်းလေးနဲ့ ဖြေရှင်းပေးတာပါ။ အရင်ဆုံး Control Panel ကို သွားပါမယ်။ Beginner တွေအတွက်
Control Panel ကို သွားဖို့ အခြေခံကအစ ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ်။ ပိုတယ်လိုတော့ မထင်ပါ
ပါနဲ့ဗျာ။ တကယ်ကို ဘာမှမသိသေးသူတွေအတွက်ကျတော့ ဘယ်အရာပဲဖြစ်ဖြစ် တော်တော်လေး
ခက်ခဲပါတယ်။ ပုံလေးတွေနဲ့ ရှင်းပြတော့မှ  အော်...ဒီလိုပါ့လားလို့  နားလည်နိုင်မှာမို့ပါ။ လိုအပ်ရင်
တော့ အောက်မှာ ဆက်ကြည့်လိုက်ပါ......

MicroSoft Office အသုံးပြုနည်းစာအုပ်များ






          နည်းပညာစာအုပ်လေးတွေ တင်မပေးရတာ နဲနဲတောင် ကြာသွားပါပြီ။ အခုတော့ အစ်ကို
တစ်ယောက်တောင်းထားတဲ့ နည်းပညာစာအုပ်လေးတွေအနက်က Office အသုံးပြုနည်းစာအုပ်
လေးတွေကို တင်ပေးလိုက်ပါတယ်။ သူတောင်းထားတာက Excel စာအုပ်ပေမဲ့ ရှာရမဲ့အတူတူဆို
ပြီး Office နဲ့ဆိုင်တဲ့စာအုပ်တွေ တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူတွေက မိမိလိုအပ်တဲ့စာအုပ်
ခေါင်းစဉ်လေးကို Click ပြီး ဒေါင်းလော့ချလိုက်ပါ။ တစ်ချို့သူတွေက Mediafire ကနေ ဒေါင်းရတာ
သိပ်အဆင်ပြေဘူးဆိုလို့ ကျွန်တော်လဲ Free လဲရ,ရမယ် ၊ ဒေါင်းရတာလဲအဆင်ပြေရမယ် ၊ Popup
လဲသိပ်မတတ်မဲ့ နေရာလိုက်ရှာရတယ်။ အခု Sharebeast.com ကနေစမ်းပြီးတင်ပေးထားပါတယ်။
တကယ်လို့ ဒေါင်းရတာ အဆင်မပြေရင် Comment မှာဖြစ်ဖြစ် ၊ Cbox မှာဖြစ်ဖြစ် ပြောပေးခဲ့ပါဗျာ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Animated Wallpaper


                  ဟိုတစ်နေ့က g-talk မှာ အစ်မတစ်ယောက်က Wallpaper မှာ ပုံအရှင် (Animation)
လေးတွေနဲ့ လှတ,ပတ လေးရှိရင် တင်ပေးပါလို့ ပူစာထားတာနဲ့ အခြားသော အလှအပ ကြိုက်တတ်
သူတွေပါ အသုံးပြုနိုင်အောင် ကြိုက်တဲ့ဒီဇိုင်းတွေကို ကြိုက်သလောက် Free ယူနိုင်တဲ့ ဆိုဒ်လေးကို
ညွှန်ပေးလိုက်ပါမယ်။ တော်တော်လေးကို လန်းပါတယ်။ အခုကျွန်တော် Capture ဖမ်းပြထားတဲ့ပုံဆို
ရင် ရေတံခွန်က ရေလေးတွေကစီးဆင်းနေပြီး လိပ်ပြာလေးတွေကလဲ ပျံဝဲနေတာကိုမြင်ရတာ တော်
တော်လေးစိတ်ချမ်းသာဖို့ကောင်းပါတယ်။ အသုံးပြုရတာလဲ အင်မတန်လွယ်ပါတယ်။ ဒေါင်းလော့ချ
လို့ရလာတဲ့ .exe လေးကို   Run as administrator နဲ့ run လိုက်ရင်အဆင်ပြေပါပြီ။ လိုချင်ရင်တော့
အောက်က လင့်ခ်ကနေ သွားပြီး ကြိုက်တာသာယူလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ...။

WinX DVD Ripper Platinum 6.9.3


           အစ်ကိုတစ်ယောက် တောင်းထားတဲ့ကောင်လေးပါ။ Film Format တွေလဲ တော်တော်လေး
စုံပါတယ်။ DVD အခွေကနေ မိမိလိုအပ်တဲ့ Film Format ကိုအလွယ်တကူ ပြောင်းယူဖို့အတွက်ပါဗျာ။
သူ့ရဲ့ Format တွေကတော့  AVI ၊  MP4 ၊  MPEG ၊  WMV ၊  FLV MOV iPODiPhoneHTC  ၊
Apple TViPad & TabSamsungPSP3GP တွေအဖြစ် Converter လုပ်နိုင်ပါတယ်။ လိုအပ်ရင်
တာ့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  18.57 MB ရှိပါတယ်။  Full သုံးလို့ရအောင်Serial key 
ထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

USB Virus Scan V2.4.0827


               ကျွန်တော်တို့မိမိစက်ကို  USB (pen drive) ထိုးတဲ့အခါ Virus စစ်ပေးတဲ့ကောင်လေးပါ။
ဒီကောင်လေးသုံးထားခြင်းအားဖြင့် USB တွေကတွေ မိမိစက်ကို ဝင်လာမယ့် Virus တွေကို ကာကွယ်
ပေးပါလိမ်မယ်။ 2012 Version ဖြစ်တဲ့အတွက် save ဖြစ်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  3.77 MB  ပဲရှိပါတယ်။ full သုံးလို့ရအောင် Serial key ထည့်ပေးထားပါတယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Super MP3 Download 4.8.5.8


              Easy MP3 Downloader နဲ့ ဒေါင်းလော့ ချရတာ အဆင်မပြေဘူးဆိုပြီး အစ်ကိုတွေက
ပြောလာကြတဲ့အတွက် ကျွန်တော် ဒီကောင်လေး  ထပ်တင်ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် Easy
က connection အမျိုးအစားရွေးပါတယ်။ တစ်ချို့ wifi တွေမှာ ဒေါင်းလော့ချလို့ အဆင်မပြေပါဘူး။
ဒီကောင်လေးကတော့ ကျွန်တော် mordem broadband  နဲ့ရော wifi သုံးခုမှာရော စမ်းကြည့်တာ
အားလုံးအဆင်ပြေပါတယ်။ တစ်ချိုးအစ်ကိုတွေက ဒေါင်းလော့ချတဲ့  နည်းလေးပါ ပြောပြပေးပါလို့
ဆိုလာတဲ့အတွက် ဒေါင်းလော့ချနည်းရော ၊ key ထည့်ရတာ တစ်မျိုးလေးဖြစ်နေတဲ့အတွက် key
ထည့်ပုံလေးပါ capture ဖမ်းပြီး ပုံလေးတွေနဲ့  ရှင်းပြပေးထားပါတယ်။  လိုအပ်တဲ့သူတွေကတော့
အောက်မှာ သွားကြည့်လိုက်ပါ။ capture ဖမ်းပြီး ပုံလေးတွေနဲ့ရှင်းပြပေးရတဲ့အခါတွေမှာ ကျွန်တော်
အတွက် အချိန်တော်တော်ကုန်ပါတယ်။ဘလော့ဂ်ရေးဖူးတဲ့သူတွေဆို ပိုသိပါလိမ်မယ်။ ဒါပေမဲ့အား
လုံးအဆင်ပြေအောင် အတတ်နိုင်ဆုံကြိုးစားပြီ ရှင်းပြပေးထားပါတယ်။ အားလုံးအဆင်ပြေရင်ပဲ ကျွန်
တော့်အဖို့ ပင်ပန်ရကျိုးနပ်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ
  6.35 MB ပဲရှိပါတယ်။ 
            soft ကို install လုပ်ပြီးရင် patch key ဆိုတဲ့ဖိုင်ထဲက patch ကို Run as administrator
နဲ့ run ပြီး patch ချိုးလိုက်ပါ။  ပထမဆုံး connection ကိုခဏပိတ်ထားလိုက်ပါ။ပြီးရင် super mp3 
download ကို run လိုက်ပါ။ keygen ကိုလဲ run လိုက်ပါ။ အောက်ကပုံလေးတွေကို ကြည့်ပြီး key
  ဖြည့်ပေးလိုက်ပါဗျာ....

WebcamMax 7.6.7.6


            video chat သူတွေအတွက် WebcamMax လေးတင်ပေးလိုက်ပါတယ်။ သုံးဖူးပြီးသား
သူတွေကတော့ ဘယ်လောက်ကောင်းသလဲဆိုတာ သိပါတယ်။ တစ်ချို့ Effect လေးတွေဆိုရင်
Cyberlink  ထက်တောင် ပိုကောင်းတာတွေပါပါတယ်။ လိုအပ်ရင်တော့ အောက်မှာယူသွားလိုက်
ပါ။ ဖိုင်ဆိုဒ်ကလဲ  27.76 MB ပဲရှိပါတယ်။ Patch file ရော keygen ပါထည့်ပေးထားပါတယ်။
အခုတစ်လော connection ကနဲနဲဖောက်နေလို့ upload ရတာ သိပ်အဆင်မပြေတာနဲ့ တောင်း
ထားတာလေးတွေတောင်မှ အကုန်တင်မပေးနိုင်သေးဘူး ဖြစ်နေတယ်။ ဖြည်းဖြည်းချင်းတော့
တောင်းထားတာတွေ အကုန်လုံးတင်ပေးပါမယ်။   အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

IDM Optimizar 2012


               g-talk ကနေ အစ်ကိုတစ်ယောက် တောင်းထားလို့ အခြားလိုအပ်တဲ့သူတွေပါ သုံးလို့
ရအောင် တင်ပေးလိုက်ပါတယ်။ ဘာအတွက် သုံးတာလဲဆိုတာတော့ တော်တော်များများသိကြပြီး
သားပါ။ Internet Download Manger နဲ့ ဒေါင်းလော့ချတဲ့အခါမှာ Download speed မြန်အောင်
ကူညီပေးတဲ့ကောင်လေးပါ။  2012 Vresion ပါ။ ဖိုင်ဆိုဒ်ကလဲ  301.15 KB ပဲရှိပါတယ်။ လိုအပ်
ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

DLL-Files.com Fixer 2.7.7.2315


                 စောစောက အစ်ကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူ့စက်မှာ software တွေ
Install လုပ်လို့အဆင်မပြေဘူး။  Install လုပ်ရင်း Error တတ်လာတယ်။  ဘယ်လိုလုပ်ရမလဲလို့
မေးတာနဲ့ ဒီကောင်လေးကို တင်ပေးလိုက်တာပါ။ သူက စက်ထဲမှာ ပြောက်ဆုံးနေတဲ့ dll file တွေ
ကို စစ်ပေးပြီး ပြန်ဖြည့်ပေးတဲ့ ကောင်လေးပါ။ အခြားလိုအပ်တဲ့ သူတွေပါသုံးနိုင်အောင်လို့ တင်ပေး
လိုက်ပါတယ်။ full သုံးလို့ရအောင် patch file လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 3.83 MB 
ပဲရှိပါတယ်။ dffsetup ကို install လုပ်ပြီးရင် ပြန်ပိတ်(exit) လိုက်ပါ။ patch file ထဲက patch ကို
copy ယူပြီး C:\Program Files\DLL-Files.com FIXER ဖိုင်ထဲသွားပြီး past ချလိုက်ပါ။ ပြီးရင်
Run As Administrator နဲ့ run ပြီး patch ချိုးလိုက်ရင် full ဖြစ်သွားပါပြီ။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

Easy MP3 Downloader 4.4.6.2



            ကျွန်တော်တို့ MP3 သီချင်းတွေကို ဒေါင်းလော့ ချချင်သူတွေအတွက် MP3 Downloader
လေးတင်ပေးလိုက်ပါတယ်။ အရင်ကလဲ တင်ပေးထားတာရှိပါတယ်။ ဒါလေးကတော့ ဗားရှင်းအသစ်
လေးမို့ ထပ်တင်ပေးလိုက်တာပါ။ မြန်မာ MP3 သီချင်းတွေပဲဖြစ်ဖြစ် ၊ အင်္ဂလိပ် MP3 သီချင်းပဲဖြစ်ဖြစ်
မိမိရှာချင်တဲ့ သီချင်းခေါင်းစဉ် (သို့) အဆိုတော်နာမည်ကို တိုက်ရိုက်ရေးပြီး ရှာလိုက်ရင် သူရှာတွေ့
တဲ့သီချင်းတွေ ကိုဖော်ပြပေးပါလိမ်မယ်။ အရမ်းလွယ်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ   6.74 MB ပဲရှိပါတယ်။ Full သုံးလို့ရအောင် patch file လေးထည့်ပေးထား
ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

အစိမ်းရောင်.....နှင်းဆီ



      ကဗျာလေးတွေ တငမပေးဖြစ်တာ တော်တော်ကြီးကို ကြာသွားပါပြီ။ ဒီနေ့တော့ မိုးက အုံ့မှိုင်းပြီး
တစ်ခုခုကို လွမ်းသလို ၊ ဆွေးသလို ခံစားရလို့ ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ကဗျာတစ်ပုဒ် 
ကို ဖွဖွလေး ရွတ်ဆိုမိလို့ ကဗျာချစ်သူတွေလဲ ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်....


အစိမ်းရောင်.....နှင်းဆီ
  
မုန်တိုင်း...
လေပြေရဲ့  တံတိုင်းကိုချိုး
ပန်းမျိုးတစ်ရာကို ချေဖျက်
သူ့ရဲ့ လက်နက်ကို
ရက်စက်တယ်လို့ မယူဆလို
မုန်တိုင်း ဆိုတာ
(တစ်ချိန်ချိန်မှာ ရင့်အိုသွားရစမြဲ)
အစဉ်နုပျိုနေတာမှ မဟုတ်ပဲလေ....။

Zeallsoft Screensaver 2.5


            Screensaver လေးတွေတောင် တင်မပေးဖြစ်တာ တော်တော်လေးကြာသွားပြီ။ ဒီကောင်လေး
ကတော့ မိမိဓါတ်ပုံ (သို့) မိမိနဲ့သက်ဆိုင်တဲ့သူတွေရဲ့ ဓါတ်ပုံတွေကို slide show လေးနဲ့ screensaver
နေရာမှာ ဖော်ပြပေးတဲ့ကောင်လေးပါ။ နောက်ခံသီချင်းကိုလဲမိမိကြိုက်တဲ့ သီချင်းထည့်ပြီးထားနိုင်ပါတယ်။
အသုံးပြုရတာလဲ လွယ်ပါတယ်။ ခဏလောက် စမ်းကြည့်လိုက်ရင် ဘယ်လိုသုံးရမလဲဆိုတာသဘောပေါက်
သွားပါလိမ်မယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.83 MB ပဲရှိပါတယ်။ အား
လုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

RAM Saver Pro 12.1


       
                   ဒီကောင်လေးကလဲ ကျွန်တော်တို့ စက်မှာအရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ RAM ကို
စက်အသုံးပြုနေတဲ့  တစ်ချိန်လုံး ဂရုတစိုက်နဲ့ ချိန်ညှိပေးနေမယ့် ကောင်လေးပါ။ မိမိကိုယ်တိုင်လဲ
Optimize လုပ်လို့ရနိုင်သလို မိမိစိတ်ကြိုက်ပြုပြင် အသုံးပြုနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 1 MB ကျော်
ကျော်လေးပဲ ရှိပါတယ်။ မိမိစက်အတွက် လိုအပ်တယ်ထင်ရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။
Full သုံးနိုင်အောင် key ထည့်ပေးထားပါတယ်။ အရင်ဆုံး software ကို install လုပ်လိုက်ပါ။ ပြီး
ရင် Serial key pad ထဲက key ကိုဖြည့်ပေးပြီး ပြန်ပိတ်(exit) လိုက်ပါ။ Serial key file ထဲမှာပါတဲ့
RAMsaver ကို double click(နှစ်ချက်ကလစ်) လိုက်ပြီး ok>>ok ကလစ်လိုက်ရင် full ဖြစ်ပါပြီ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photo Makeup Editor 1.85



    ဓါတ်ပုံလေးတွေကိုမိတ်ကပ် အလှပြင်ဖို့နဲ့ အသားချောတဲ့ နေရာမှာ အသုံးပြုတဲ့ ကောင်လေးပါ။
အရင်လဲ တင်ပေးထားတာရှိပါတယ်။ လင့်ခ် သေနေတယ် ပြန်တင်ပေးပါဦးလို့ အစ်ကို တစ်ယောက်
တောင်းထားတာနဲ့ version အသစ်လေး ပြန်တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်သေးသေးလေးနဲ့ ဓါတ်ပုံ
တွေကို ထိထိရောက်ရောက် ပြင်ပေးနိုင်တဲ့ ကောင်လေးပါ။ Full  သုံးလို့ရအောင်  Serial key လေး
ထည့်ပေးထားပါတယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ...
ဗျာ။

Window Power Tool 2012


             ဒါလေးကလဲ မိမိစက်(Window) ကို မြန်မြန်လေးအသုံးပြုနိုင်အောင် ကူညီပေးတဲ့
ဆော့ဖ်ဝဲလေးပါ။  သူ့ရဲ့လုပ်ဆောင်ချက်တွေကိုလဲ အထူးရှင်းပြဖို့  မလိုလောက်တော့ပါဘူး။
ပေါ်ကပုံကို ကြည့်လိုက်တာနဲ့ သူ့ရဲ့စွမ်းဆောင်ချက်ကို သဘောပေါက်မှာပါ။ 2012 Version
လေးပါ။ Full သုံးလို့အဆင်ပြေအောင် Crack file လေးထည့်ပေးထားပါတယ်။ လိုအပ်လို့ သုံး
ချင်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 3.6 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်
ရွင်ကြပါစေ.....ဗျာ။

Trend Micro Titanium Maximum Security 2013


                 ကိုထက်ပိုင် တောင်းထားတဲ့ Security ဆော့ဖ်ဝဲပါ။ သူတောင်းထားတဲ့ ဗားရှင်းက 2012
ဖြစ်ပေမဲ့ update လေးသုံးစေချင်လို့ 2013 ဗားရှင်းတင်ပေးလိုက်တာပါ။  သူကို သုံးခြင်းအားဖြင့် ဘာ
တွေ ပိုကောင်းလာသလဲဆိုတာ ကျွန်တော်သိသလောက်  ပြောပြရရင် စက်ထဲမှာရှိတဲ့ Virus တွေကို
သတ်ပေးတယ် ၊ နောက် Virus ရှိတယ်လို့ သံသယရှိတဲ့ Website တွေကို auto block ပေးထားပါတယ်။
နောက် မိမိ PC Tuneup ဖြစ်နေစေဖို့  System Tuner သုံးလို့ရပါတယ်။ နောက်ပြီး အိမ်မှာအသက်မပြည့်
သေးတဲ့ကလေးတွေရှိရင် Porn ဆိုဒ်အပါအဝင် မကောင်းတဲ့ဆိုဒ်တွေ ကြည့်လို့မရအောင် Parental
controls ကနေပြီးပိတ်ထားလို့ရပါတယ်။ ဒါက ကျွန်တော်သိသလောက်လေး ပြောတာပါ။ စမ်းသုံးကြည့်
ချင်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ ခုတလော upload သိပ်မရလို့ ဖိုင်တွေခွဲပြီးတင်ပေးမှ အဆင်ပြေ
တယ်။ အခုလဲ တစ်ပိုင်းကို 52 MB နဲ့ နှစ်ပိုင်းခွဲပြီး တင်ပေးထားပါတယ်။ Active key လေးပါထည့်ပေး
ထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PDF ဖန်တီးခြင်း...

             အစ်ကိုတစ်ယောက် PDF ဖိုင်လုပ်နည်းလေး ရှင်းပြပေးပါလို့ တောင်းဆိုတာတဲ့အတွက် အခြား
သော PDF ဖိုင်လုပ်ချင်လျှက် မလုပ်တတ်သေးတဲ့သူတွေပါ လုပ်တတ်သွားအောင် post တစ်ပုဒ်အနေနဲ့
တင်ပေးလိုက်ပါတယ်။ PDF ဖိုင်လုပ်ဖို့ ဆော့ဖ်ဝဲ (၂) ခုလိုအပ်ပါတယ်။ Microsoft office ရယ်  PDF 
Creator ရယ်ပါ။ အဲဒီ (၂)ခုစလုံး စက်ထဲမှာ ရှိနေပြီဆိုရင်တော့ PDF ဖိုင်လုပ်လို့ရပါပြီ။ အခု ကျွန်တော်
Microsoft Office 2010 ကို သုံးပြီးရေးပြသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာ ပုံလေးတွေနဲ့ပါရှင်းပြပေး
ထားပါတယ်။ လိုအပ်တယ်ဆိုရင် အောက်မှာ ဆက်ကြည့်ပေးပါ။ 
           PDF လုပ်ဖို့ ပထမဆုံး Office word 2010 ကို ဖွင့်လိုက်ပါမယ်။ သပ်သပ်ရပ်ရပ်လေးလုပ်ချင်
လို့ဆိုရင်တော့ စာအုပ်ကာဗာ အဖုံးလေးထည့်ပေးလိုက်ရအောင်ဗျာ။ အောက်ကပုံကိုကြည့်ပြီး လုပ်
လိုက်ပါ....

Need For Speed Hot Pursuit 2






          ကိုသူရ တောင်းထားတဲ့ PC Game လေးပါ။ အမှန်အတိုင်း ဝန်ခံရရင် Game လောကကို
ကျွန်တော်လုံးဝ မကျွမ်းကျင်ပါဘူး။ အထူးသဖြင့် ဒီလို PC Game တွေပေါ့။ အဲဒါကို ကိုလူဇိုးကြီး
က ဇွတ်အတင်း အနိုင်ကျင့်ပြီး ရှာခိုင်းတဲ့အတွက် အခြား ဂိမ်းဝါသနာပါတဲ့ သူငယ်ချင်းတွေပါ စိတ်
ဝင်စားရင် ကစားနိုင်အောင်လို့ တင်းပေးလိုက်တာပါ။ ဆိုးတော့ မဆိုးပါဘူး ကစားလို့ ကောင်းသား
ပဲ။ စိတ်ဝင်စားရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။ ဒေါင်းရတာ အဆင်ပြေအောင် ၂ ပိုင်းခွဲပြီး
တင်ပေးထားပါတယ်။ တစ်ဖိုင်ကို 65.82 MB စီပိုင်းပေးထားပါတယ်။ ဖိုင်ဆက်ဖို့အတွက် ဖိုင်ဆက်
နည်းမသိသေးတဲ့သူတွေအတွက် ပုံလေးတွေနဲ့ တစ်ခါတည်း ရှင်းပြပေးထားပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ......ဗျာ။

PDF Creator 1.3.1


             မိမိအတွက် အသုံးဝင်မယ့် posts လေးတွေအပါအဝင် ၊ မိမိမှတ်သင့်တာလေးတွေ မှတ်ပြီး
pdf ဖိုင်လေးတွေထုတ်ထားချင်သူတွေအတွက် PDF Creator လေးတင်ပေးလိုက်ပါတယ်။ pdf ထုတ်
နည်းလေး မေးထားတာလဲ ရှိတာနဲ့ ဒီကောင်လေးကို အရင်ဆုံးတင်ပေးထားတာပါ။ နောက်နေ့မှပဲ
PDF File တစ်ခုကို သပ်သပ်ရပ်ရပ်လေးနဲ့ ဘယ်လိုထုတ်ရမလဲ ဆိုတာကို post တင်ပေးပြီး ဖြေပေး
ပါ့မယ်။ လိုအပ်တဲ့သူတွေရှိရင် သုံးလို့ရအောင် ကြိုပြီးတင်ပေးထားတာပါ။ လိုအပ်ရင် အောက်မှာယူ
သွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 16.99 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

လမင်းမိုမို ဝတ္တုစာအုပ်များ



         မနေ့က Gtalk မှာ အစ်မအရင်းလိုခင်တဲ့ အစ်မနဲ့တွေတော့ ဆရာမ လမင်းမိုမို စာအုပ်တွေ
ဖတ်ချင်တယ်လို့ ပူစာတာနဲ့ ကျန်တဲ့ ဆရာမရဲ့ ပရိတ်သတ်တွေလဲ ဖတ်နိုင်အောင် တင်ပေးလိုက်
ပါတယ်။ နေ့ခင်းထဲက ပို့စ်တွေတင်ချင်နေတာ ကွန်နက်ရှင်က ဘာထဖောက်လဲမသိဘူး။ လုံဝ ကွန်
တတ်လုပ်လို့မရလို့ ခုမှပဲ အတိုးချပြီးတင်ပေးနိုင်တော့တယ်။ ထုံစံအတိုင်ပါပဲ အောက်မှာ ကြိုက်တဲ့
စာအုပ် အမည်လေးကို ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Nero Burning Rom 12


              ကိုမင်းမင်းသိုက် တောင်းထားတဲ့ Nero Burning Rom 12 ပါ။ အခြားလိုအပ်တဲ့သူတွေပါ
အဆင့်သင့် ရနိုင်အောင်လို့ တင်ထားပေးလိုက်ပါတယ်။ Version မြင့်လာတယ်ဆိုတော့ ဘာတွေများ
ပိုလုပ်ခွင့်ရှိလာသလဲ ဆိုတာတော့ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါ။ Full သုံးလို့ရအောင် Serial key
ရော ၊ patch ဖိုင်လေးပါထည့်ပေးထားပါတယ်။ မိမိကြိုက်နှစ်သက်တာနဲ့ Full Version ပြင်လိုက်ပါ။
ဖိုင်ဆိုဒ်ကတော့ နဲနဲ ကြီးပါတယ်။ 94.59 MB ရှိပါတယ်။ ကွန်နက်ရှင်ကောင်းရင် တော့ခဏပဲ ဆွဲရ
တာပါ။ လိုအပ်ရင် အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

TuneUp Utilities 2013


             အထူးအထွေ ရှင်းပြနေစရာမလိုတဲ့ အားလုံနဲ့ ရင်းနှီးပြီးသား ဆော့ဖ်ဝဲပါ။ အစ်ကိုတစ်ယောက်
တောင်းထားလို့ လိုက်ရှာရင်း update လေးမို့ ကျန်တဲ့ လိုအပ်တဲ့သူတွေပါ သုံးနိုင်အောင် တင်ပေးလိုက်
ပါတယ်။ Full သုံးလိုရအောင် patch file လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 28.18 MB ပဲရှိပါ
တယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Window ကိုမြန်စေရန် SpeedUp ကြည့်ရအောင်


          အခုတလော ကျွန်တော့်အသိတွေရော ၊ mail ထဲမှာရော ပေါ်ပြူလာဖြစ်လာတဲ့ မေးခွန်းတစ်ခုက
တော့ စက် (Window) လေးနေလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော်လဲ တော်လွန်းလို့ ၊
သိလွန်းလို့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် Window မြန်စေမည့် အချက်လေးတွေကို ပြောပြပေး
ပါ့မယ်။ Beginner တွေအတွက် တစ်ချို့လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို Capture ဖမ်းပြီး ပုံလေး
တွေနဲ့ ရှင်းပြပေးထားပါတယ်။ ဘာဆော့ဖ်ဝဲမှ မသုံးပဲနဲ့ ကျွန်တော်တို့  Window ထဲမှာပါပြီးသား Tools
လေးတွေကို သုံးပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။ လိုအပ်တယ်ထင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ။

ပထမဆုံး Processor ကိုအမြင့်ဆုံးထားပြီး သုံးမယ်ဗျာ။ သူလဲ လူတွေလိုပဲပေါ့ ဦနှောက်တစ်လုံတည်း
အလုပ်လုပ်တာနဲ့ စာရင် ဦးနှောက်အများနဲ့ အလုပ်လုပ်တာ  ပိုမြန်တာပေါ့။ Start မှ Run ဒါမှမဟုတ်
Window key + R တွဲနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ပြီးရင် msconfig ရေးပြီး Ok (သို့) Enter
ခေါက်လိုက်ပါ။ အောက်က ပုံလေးတွေကို ကြည့်ပြီး ဆက်လိုက်ပါ...

RegCure Pro 3.1.0


            မိမိစက် တအားလေးနေသူတွေအတွက် RegCure Pro လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်
လေးက မိမိတို့စက်ကို လေးလံစေတဲ့ System Problems Malwaresprivacy filesJunk files တွေ
ကိုဖယ်ရှားပေးခြင်း ၊ Registry errorsSystem problems တွေကို ပြုပြင်ပေးခြင်းဖြင့် မိမိစက်ကို မြန်
ဆန်စေပါတယ်။ Full သုံးလိုရအောင် Patch လေးထည့်ပေးထားပါတယ်။ အသုံလိုတဲ့သူများ အောက်မှာ
ယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 6.35 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

cFosSpeed 8.03 Build 2000




              Internet Connection Speed ကိုပိုမြန်အောင် ကူညီပေးတဲ့ဆော့ဖ်ဝဲလေးပါ။ ဘယ်ဆော့ဖ်ဝဲ
မှ Connection ကို တအားကြီးမြန်အောင် မြှင့်မပေးနိုင်ပါဘူး။ မိမိလက်ရှိ အသုံးပြုနေတဲ့ Speed ထက်
အနည်းငယ် ပိုမြန်အောင် ကူညီပေးနိုင်တယ်ဆိုရင်ပဲ မဆိုးလှပါဘူး။ ဒီကောင်လေးကလဲ သူ့အတိုင်းအ
တာ တစ်ခုအထိတော့ ကူညီပေးပါတယ်။ Full သုံလို့ရအောင် Patch လေးပါထည့်ပေးထားပါတယ်။ စမ်း
ကြည့်ချင်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 5.51 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်
ကြပါစေ.....ဗျာ။

Evaer Video Recorder For Skype 1.2.7.19


             ကျွန်တော်တို့ Skype နဲ့ Video Chat တတ်သူတွေအတွက် Recorder လေးတစ်ခု တင်ပေး
လိုက်ပါတယ်။  ဗီဒီယိုရော ၊ အသံပါ Quality တော်တော်လေးကောင်းပါတယ်။  Full သုံးလို့ရအောင် သူ့
အတွက် Keygen လေးပါထည့်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်
ကလဲ 10.55 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

YTD Youtube Downloader & Converter Pro 3.7.0


              Youtube ချစ်သူတွေအတွက် Youtube ကသီချင်းတွေ ၊ ဗီဒီယိုတွေကို အဆင်ပြေပြေနဲ့
Download ချဖို့အတွက် YTD PRO လေးတင်ပေးလိုက်ပါတယ်။ နောက်ပြီး Download ချပြီးသား
Film တွေကိုလဲ မိမိကြိုက်တဲ့ Film Format ကို တစ်ခါတည်းတန်းပြီး Convert လုပ်နိုင်ပါသေးတယ်။
Full သုံးလို့ရအောင် Patch file လေးပါထည့်ပေးထားပါတယ်။ လိုအပ်ရင်တော့ အောက်မှာယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 5.47 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Speed Gear v7.2


          အစ်ကိုတစ်ယောက်က သူ့စက်မှာ Game ဆော့တဲ့အခါမှာ စက်ဟမ်း (hack) သွားတတ်လို့
ဆော့ဖ်ဝဲသုံးပြီး ဖြေရှင်းလို့ရနိုင်ပါသလား? ရတယ်ဆိုရင်လဲ ဆော့ဖ်ဝဲလေးပါ တစ်ခါတည်း မ,စပါလို့
mail ပို့ပြီးတောင်ထားတဲ့အတွက် ရှာဖွေပြီး PC Game တွေ တအားဆော့တတ်တဲ့ အခြားလိုအပ်တဲ့
သူတွေပါ သုံးနိုင်အောင်လို့တင်ပေးလိုက်ပါတယ်။ ကျွန်တော်တစ်ခု တောင်းဆိုချင်တာက ဆော့ဖ်ဝဲ
တောင်းတဲ့အခါ ဒီလိုမရေမရာ မလုပ်ပါနဲ့ လိုချင်တဲ့ ဆော့ဖ်ဝဲနာမည် နဲ့ လိုချင်တဲ့ ဗားရှင်းကို တိတိ
ကျကျလေးပြောပြီး တောင်းစေချင်ပါတယ်။  အဲဒါမှ ရှာရတဲ့ ကျွန်တော်အတွက် သက်သာပါတယ်။
အခုလဲ အတတ်နိုင်ဆုံး Update Version လေး ရှာပြီးတင်ပေးလိုက်ပါတယ်။ Full သုံးလို့ရအောင်
Patch File ပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 2 MB ပဲရှိပါတယ်။ လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photo Shine 4.0


         မိမိဓါတ်ပုံအပါအဝင် မိမိနဲ့ သက်ဆိုင်တဲ့သူတွေရဲ့ ဓါတ်ပုံတွေကို ဒီဇိုင်းဆန်းဆန်း Frame အမျိုးမျိုး
နဲ့အလှဆင်ချင်သူတွေအတွက်  Photo Shine 4.0  လေးတင်ပေးလိုက်ပါတယ်။ Frame လေးတွေကလဲ
တော်တော်လေး လှပါတယ်။ Full သုံးလို့ရအောင် Serial key ရော Patch File ပါထည့်ပေးထားပါတယ်။
မိမိကြိုက်နှစ်သက်တာနဲ့ Full ဖြစ်အောင်လုပ်လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 30 MB ပဲရှိပါတယ်။ လိုအပ်ရင်တော့
အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Fotomix 9.0.6

                                                      နမူနာပုံ

                    ဓါတ်ပုံတွေကို ကလိတာစိတ်ဝင်စားသူတွေအတွက် Fotomix လေးတင်ပေးလိုက်ပါတယ်။
ဘာလုပ်တာလဲဆိုတာတော့ ပြောမပြတော့ဘူးဗျာ။ အပေါ်က နမူနာလုပ်ထားတဲ့ ပုံလေးတွေကိုကြည့်လိုက်
ရင် သဘောပေါက်ပါလိမ်မယ်။ စမ်းကြည့်ချင်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2.69 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Your Uninstaller! 7 Pro 7.4.2012.5


            မလိုအပ်တော့လို့ မသုံးချင်တော့တဲ့ ဆော့ဖ်ဝဲတွေကို တစ်စမှမကျန်အောင် ရှင်းပေတဲ့
ကောင်လေးပါ။ Control panel ထဲကနေ သွားပြီး Uninstall လုပ်လို့ရပေမဲ့ ဆော့ဖ်ဝဲ ပဲထွက်သွား
ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေက ကျန်နေပါသေးတယ်။ နောက်ပြီး တစ်ချို့ Virus ဆော့ဖ်ဝဲတွေ
က Control Panel ကနေထုတ်လို့ မရတာတွေရှိတတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ ဒီကောင်လေး
သုံးပြီး မောင်းထုတ်နိုင်ပါတယ်။ 2012 Pro လေးပါ။ Full သုံးလို့ရအောင် Serial key ပါထည့်ပေး
ထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 8.8 MB ပဲရှိပါတယ်။ လိုအပ်ရင်တော့ အောက်မှယူသွားလိုက်ပါနော်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

BatteryCare 0.9.10.0



                 Laptop နဲ့ Notebook သမားတွေအတွက် BatteryCare လေးပါ။ မိမိသုံးနေတဲ့စက်ရဲ့
Battery ကို ဒီကောင်လေးက ဂရုစိုက်ပေးပါလိမ့်မယ်။ သူဂရုစိုက်ပေးတဲ့ပုံစံ မကြိုက်လို့ ကိုယ်ကြိုက်
တဲ့ပုံစံနဲ့ ဂရုစိုက်ခိုင်းချင်ရင်လဲ Setting ထဲကနေပြောင်းပေးလို့ရပါတယ်။ လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  1.4 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PGWare Throttle 6.9.24.2012


                  မိမိအသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ပိုမြန်အောင် ကူညီပေးတဲ့ ဆော့ဖ်ဝဲလေးပါ။ 2012
ဗားရှင်းလေးမို့ တင်ပေးလိုက်တာပါ။ full သုံးလို့ရအောင် patch file လေးပါထည့်ပေးလိုက်ပါတယ်။ ကွန်
နက်ရှင်နှေးတာကို ဒီအတိုင်းထိုင်ကြည့်နေမဲ့အစား နဲနဲဖြစ်ဖြစ် ပိုမြန်အောင် စမ်းကြည့်ချင်တယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ    3.18 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PG Ware Super Ram6 V6.9.3.2012


              ကျွန်တော်တို့စက်တွေရဲ့ Memory Ram ကို ဂရုတစိုက်နဲ့ Ram ရဲ့ Performance တွေကို
မိမိတို့သုံးသလောက် Auto လိုက်ပြီး မြှင့်တင်ပေးတဲ့ ကောင်လေးပါ။ နောက်ပြီး တစ်ခါ တစ်ခါ စက်မှာ
ဟမ်းခ်(hank) ဖြစ်သွားတာတွေ ၊ not responding ဖြစ်တတ်တာတွေကိုလဲ ဖြေရှင်းပေးပါတယ်။ Full
သုံးလို့ရအောင် Patch File လေးနဲ့တကွ ဘယ်လို Patch ချိုးရမလဲဆိုတဲ့ notepad လေးပါထည့်ပေးထား
ပါတယ်။ လိုအပ်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  3.13 MB ပဲရှိပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

လွန်းထားထား (ဆေးတက္ကသိုလ်) စာအုပ်များ


            အစ်မတစ်ယောက်တောင်းထားတဲ့ ဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) ရဲ့ဝတ္တုစာအုပ်
လေးတွေကို လက်လှမ်းမှီသလောက်ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ ဝတ္တုစာအုပ်လေးတွေတောင်တင်
မပေးရတာ တော်တော်ကြာနေပြီ။ ဟာသစာအုပ်လေးတွေတောင်းထားတာလဲ ရှိပါသေးတယ်။ အခုလော
လောဆယ်တော့ ရှိတဲ့စာအုပ်တွေနည်းနေသေးတာက တစ်ကြောင်း ၊ အချိန်မရှိသေးတာက တစ်ကြောင်း
မို့ နောက်မှ အေးအေးဆေးဆေး တင်ပေးပါမယ်ဗျာ။ ခုတော့ ဆရာမရဲ့  ဝတ္တုစာအုပ်လေးတွေကိုပဲဖတ်ပြီး
ကျေနပ်ပေးကြပါဦး။  နောက်ထပ်တောင်းထားတဲ့ စာအုပ်တွေကိုလဲအချိန်ရရင် ရသလိုတင်ပေးသွားပါ့မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Red / Green / Blue Alienware Skin 3.0




                   ကျွန်တော်တို့ မိမိ Desktop ကို ဒီဇိုင်းလှလှလေးတွေနဲ့ အလှဆင်ချင်သူတွေအတွက်
Alienware Skin 3.0 လေးတွေကို  Share  ပေးလိုက်ပါတယ်ခင်ဗျာ။  အပေါ်မှာ ပြထားတဲ့ပုံအတိုင်း
Colour Design သုံးမျိုးကို X32 နဲ့ x64 နှစ်မျိုးလုံအတွက်တင်ပေးထားပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ အရောင်နဲ့ မိမိစက်အမျိုးအစားအလိုက်ရွေးပြီး ယူသွားလိုက်ပါ။သူ့ရဲ့ Supported OS ကိုလဲ ကျွန်တော်
အောက်မှာ ရေးပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Ronyasoft Poster Printer 3.10.24


                အစ်ကိုတစ်ယောက်တောင်းထားတဲ့ Poster တွေ Printer ထုတ်တဲ့ကောင်လေးပါ။ လိုအပ်
တဲ့သူတွေ အားလုံးသုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ အမြဲတမ်း Full သုံးလို့ရအောင် Keygen လေး
ပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ  4.16 MB ပဲရှိပါတယ်။ လိုအပ်ရင် အောက်မှာယူသွားလိုက်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

Cloud Speed Booster Pro v1.1.1



                    မိမိကွန်ပြူတာရဲ့ Speed ကို မြန်မြန်လေး အသုံးပြုနိုင်အာင်လို့ ကူညီပေးတဲ့ဆော့ဖ်ဝဲပါ။
အင်တာနက် ကွန်နက်ရှင် သိပ်မကောင်းရင်တောင်မှ မိမိစက်လေးကမြန်နေရင်  အသုံးပြုရတာ နဲနဲတော့
တော်သေးတာပေါ့နော်။ Pro အဖြစ် Full သုံးလို့ရအောင် Serial key လေးထည့်ပေးထားပါတယ်။ မိမိစက် speed ဘယ်လောက်အထိတတ်လာလဲ ဆိုတာ ကိုယ်တိုင်သာ  စမ်းသုံကြည့်လိုက်ပါ။ အသုံးပြုရတာလဲ
အရမ်းလွယ်ပါတယ်။ လိုအပ်ရင် အသုံးပြုနည်းကို သူ့ရဲ့မူရင်ဆိုဒ်မှာ ဒီနေရာကနေ သွားကြည့်လိုက်ပါဗျာ။
စမ်းကြည့်ချင်တယ်  ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ   9.88 MB  ပဲရှိပါတယ်။ 
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photo Collage Max 2.1.4.8




                                                 .....နမူနာကြည့်ရန်....

                    ကျွန်တော်တို့ မိမိကြိုက်တဲ့ပုံလေးတွေနဲ့ Greeting CardCalendarPhoto Wall
စတာတွေလုပ်လို့ ရတဲ့ကောင်လေးပါ။ အပေါ်မှာ ကျွန်တော်စမ်းပြထားပါတယ်။ အသုံးပြုရတာလဲ အင်
မတန်လွယ်ပြီး ပုံထွက် Resolution လဲ ကောင်းပါတယ်။ Full သုံးလို့ရအောင် Patch File လေးပါထည့်
ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 34.16 MBရှိပါတယ်။ အသုံးလိုရင်တော့ အောက်မှာယူသွားလိုက်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...