Showing posts with label နည်းပညာ စာအုပ်များ. Show all posts
Showing posts with label နည်းပညာ စာအုပ်များ. Show all posts

window 8 အသုံးပြုနည်းစာအုပ်



                အားလုံးပဲ မင်္ဂလာပါခင်ဗျာ... လို့နှုတ်ဆက်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ
post တွေ တင်မပေးနိုင်တဲ့အတွက်လဲ တောင်းပန်ပါတယ်။ တင်ပေးချင်တာကတော့ တစ်နေ့ကို
(၁)ပုဒ်မဟုတ်ပါဘူး ၊ တစ်နေ့ကို (၃)ပုဒ်လောက်ကို တင်ပေးချင်တဲ့စိတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်
မှာက  အချိန်ဆင်းရဲတော့ စိတ်ရှိသလောက်လိုက်  မလုပ်နိုင်တာကို နားလည်ပေးစေချင်ပါတယ်။
            နောက်တစ်ခု အနုညွှတ်တောင်းပန်ချင်တာကတော့ comment မှာ ဆဲရေးတိုင်းထွာခြင်း
မလုပ်ကြပါနဲခင်ဗျာ။  အမိရုတ်တော့ နှုတ်ကြမ်း  ဆိုတဲ့စကားပုံအရ မိမိရဲ့ စကားတစ်ခွန်းကြောင့်တော့
မွေးမိခင်ကို မထိခိုက်စေချင်လို့ပါ။ ကျွန်တော့်အနေနဲ့ကတော့ မကြိုက်ရင် မလာခဲ့ပါနဲ့လို့ပဲ ပြောပါရစေ။
ဒါမှမဟုတ်ရင်လဲ porn site  တွေမှာသွားပြီး ညစ်ညမ်းတဲ့ စကားလုံးတွေ သွားပြောလိုက်ပါ။
ကျွန်တော်တို့ blog ရေးနေတဲ့သူတွေဟာ အချိန်တွေ အားနေလို့ ၊ အလုပ်မရှိ အလုပ်ရှာပြီး ရေးနေတာ
မဟုတ်ပါဘူး။ မအားတဲ့ကြားကနေ ငွေကုန်ခံ ၊ လူပင်ပန်းခံပြီး အားလုံးအဆင်ပြေပါစေတော့ ဆိုတဲ့
စေတနာလေးနဲ့ ပီတိကိုစားပြီး ရေးပေးနေကြတာပါ။ ကျေးဇူးအတင်ခံချင်လို့ရေးတာမဟုတ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ ပြောစရာမလိုပါဘူး။ စေတနာကို မစော်ကားရင်ပဲ ကျွန်တော်ကပြန်ပြီး ကျေးဇူး
တင်နေဦးမှာပါ။ နောက်ပြီး  blog ရေးတာဟာ လူတစ်ဦး ၊တစ်ယောက်တည်းနဲ့ ဆက်ဆံနေတာမဟုတ်
ပါဘူး။ လူအများနဲ့ လုပ်နေရတဲ့အတွက် အားလုံးက မေးသမျှတွေကိုတော့ တစ်ယောက်ချင်းစီပြန်ပြီး
reply လုပ်ဖို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ။ အဲဒါကိုတော့ နားလည်ပေးကြပါ။
         နောက်ပြီးတော့ ကျွန်တော် စာအုပ်တွေပဲ ဦးစားပေးပြီးတော့ တင်ပေးပါတော့မယ်။ ဖြစ်နိုင်ရင်
ကျွန်တော်ဆိုဒ်ကို စာအုပ်ဆိုဒ်အဖြစ်ပြောင်းလဲပြစ်ဖို့ ဆန္ဒရှိပါတယ်။ စာအုပ်တလိုင်းပဲဆိုတော့ ပိုပြီး
တော့ ဖိဖိ စီးစီး ရှာဖွေပြီးတော့ ဒီထက် စုံစုံ လင်လင်လေး တင်ပေးနိုင်မလားလို့ စဉ်းစားမိလို့ပါ။
ကဲ....အစ်ကိုတစ်ယောက်တောင်းထားတဲ့  window 8 အသုံးပြုနည်းစာအုပ် လေးတင်ပေးလိုက်ပါ
တယ်ခင်ဗျာ။ အခြား window  8 သုံနေသူတွေပါ လိုအပ်ရင် သုံးလို့ရအောင်တင်ပေးလိုက်ပါတယ်။
ဟိုဟာလုပ်ရမှာထင်တယ် ၊ ဒီဟာလုပ်ရရင်ကောင်းမလားလို့ စမ်းတဝါးဝါးဖြစ်နေတာနဲ့စာရင် ကိုယ်
အသုံးပြုတဲ့ window အကြောင်းကို သိထားတော့ ကောင်းတာပေါ့ဗျာ။ လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ စာအုပ်တွေကို download link တင်ပေးလို့ တောင်းနေတဲ့သူတွေအတွက် စာအုပ်
တွေကို download ရအောင် ဒီနေရာလေးမှာ သွားကြည့်လိုက်ပါ။ download link သပ်သပ် တင်ပေး
ဖို့မလိုအပ်လို့ ကျွန်တော်က တင်မပေးတာပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

Flash Sounds လုပ်နည်း စာအုပ်များ


             Flash Sounds ပြုလုပ်နည်းစာအုပ်လေး တောင်းထားတာနဲ့ လိုအပ်တဲ့သူတွေရှိရင်လဲ
ရယူနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ အချိန်မရတာကတစ်ကြောင်း ၊ စိတ်
မရှည်တာကတစ်ကြောင်း ကြောင့်သီချင်းတစ်ပုဒ်တောင်မှ မလုပ်ဖြစ်ပါဘူး။ လေ့လာရင်း Flash
သီချင်းလေးတွေ လုပ်ချင်တဲ့သူတွေတော့ အောက်မှာ စာအုပ်လေးတွေကို ယူသွားပြီး စမ်းကြည့်
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Facebook အသုံးပြုနည်း စာအုပ်များ


               အစ်ကိုတစ်ယောက်တောင်းထားတာ နဲနဲတောင်ကြာနေပါပြီ။ Facebook အသုံးပြုနည်း
စာအုပ်လေးတွေပါ။ လိုအပ်တဲ့သူတွေရှိရင် သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်။ လိုအပ်တယ်ဆို
ရင်တော့ အောက်မှာကြိုက်တဲ့စာအုပ်ကို Click ပြီး ဒေါင်းယူလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ..ဗျာ။

MicroSoft Office အသုံးပြုနည်းစာအုပ်များ






          နည်းပညာစာအုပ်လေးတွေ တင်မပေးရတာ နဲနဲတောင် ကြာသွားပါပြီ။ အခုတော့ အစ်ကို
တစ်ယောက်တောင်းထားတဲ့ နည်းပညာစာအုပ်လေးတွေအနက်က Office အသုံးပြုနည်းစာအုပ်
လေးတွေကို တင်ပေးလိုက်ပါတယ်။ သူတောင်းထားတာက Excel စာအုပ်ပေမဲ့ ရှာရမဲ့အတူတူဆို
ပြီး Office နဲ့ဆိုင်တဲ့စာအုပ်တွေ တင်ပေးလိုက်ပါတယ်။ လိုအပ်တဲ့သူတွေက မိမိလိုအပ်တဲ့စာအုပ်
ခေါင်းစဉ်လေးကို Click ပြီး ဒေါင်းလော့ချလိုက်ပါ။ တစ်ချို့သူတွေက Mediafire ကနေ ဒေါင်းရတာ
သိပ်အဆင်ပြေဘူးဆိုလို့ ကျွန်တော်လဲ Free လဲရ,ရမယ် ၊ ဒေါင်းရတာလဲအဆင်ပြေရမယ် ၊ Popup
လဲသိပ်မတတ်မဲ့ နေရာလိုက်ရှာရတယ်။ အခု Sharebeast.com ကနေစမ်းပြီးတင်ပေးထားပါတယ်။
တကယ်လို့ ဒေါင်းရတာ အဆင်မပြေရင် Comment မှာဖြစ်ဖြစ် ၊ Cbox မှာဖြစ်ဖြစ် ပြောပေးခဲ့ပါဗျာ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Windows Registry အကြောင်းလေ့လာခြင်းစာအုပ်

      ကျွန်တော့်ဆိုဒ်လေးရဲ့ ပထမဆုံးမန်ဘာဝင်ဖြစ်တဲ့ ကိုသူရ တောင်းထားတဲ့ Window Registry
အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ အခြားလေ့လာချင်သူတွေပါ လေ့လာနိုင်အောင် တင်ပေးလိုက်
ပါတယ်။ သူကတော့ ဒေါင်းလော့လင့်ခ်လေးပဲ တောင်းထားပေမဲ့ ကော်နက်ရှင်မကောင်တဲ့  (အထူးသ
ဖြင့် မြန်မာပြည်က သူငယ်ချင်တွေ) အတွက် Online ပေါ်မှာပဲ ဖတ်လို့အဆင်ပြေအောင် ကျွန်တော်အ
တတ်နိုင်ဆုံးကြိုးစားပြီး အဆင်ပြေအောင်တင်ထားပေးပါတယ်။ အောက်မှာ စာအုပ်နာမည်လေးကို က
လစ်ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Android window တင်နည်းစာအုပ် (အင်္ဂလိပ်)


       ကိုကျော်ဇင်ထက် c.box ကနေတောင်းသွားတဲ့ Android window install လုပ်နည်းစာအုပ်
လေးပါ။ ကျွန်တော့်ဆီမှာ အဆင်သင့်ရှိနေတာနဲ့ တစ်ခါတည်းတင်ပေးလိုက်ပါတယ်။ မြန်မာလိုတော့
မဟုတ်ဖူး အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်လေးပါ။ ပုံလေးတွေနဲ့ရှင်းပြပေးထားတဲ့အတွက် အလွယ်တ
ကူ လေ့လာနိုင်ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photoshop မှတ်စုများ စာအုပ်



               နောင်တော်များဖြစ်ကြတဲ့ ဧရာမြေ ၊ မင်းကိုထွေး ၊ ဇွဲသူရိန် ၊ ko myo ၊ poutsi တို့ စုပေါင်း
ရေးသားထာတဲ့ photoshop မှတ်စုလေးပါ။ စာအုပ်ထဲမှာ ပါဝင်တဲ့ မာတိကာကိုလဲ အောက်ကပုံမှာ
ကြည့်နိုင်ပါတယ်။ 


 မမြင်ရရင် ပုံကိုကလစ်ပြီး ကြည့်လိုက်ပါ။  အခုတလော ကျွန်တော် ဝတ္တုစာအုပ်လေးတွေ ၊ နည်း
ပညာစာအုပ်လေးတွေကို ဦးစားပေးပြီးတင်ပေးပါ့မယ်။ တောင်းထားတဲ့စာအုပ်လေးတွေလဲ တင်
မပေးနိုင်သေးတော့ အကြွေးတွေကျန်နေသေးလို့ပါ။ တောင်းထားတဲ့ စာအုပ်လေးတွေလိုက်ရှာ
ရင်း အဆင်ပြေမယ်ထင်တာလေးတွေကို တစ်ခါတည်း တင်ပေးထားချင်လို့ပါ။ ကဲ..အောက်မှာ
စာအုပ်နာမည်လေးကို ကလစ်ပြီး ကွန်နက်ရှင်  ကောင်းကောင်းလေးနဲ့ လေ့လာနိုင်ကြပါစေ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

အင်တာနက်သုံး လိပ်စာများ စာအုပ်

   
              ဆရာ သန်းထိုက်(ရွှေရိပ်) ရေးသားပြုစုထားတဲ့ အင်တာနက်သုံး လိပ်စာများ စာအုပ်လေး
တင်ပေးလိုက်ပါတယ်။ နည်းပညာစာအုပ်မဟုတ်ပေမဲ့ ကိုယ်မသိသေးတဲ့ လိပ်စာတွေသိခွင့်ရရင်လဲ
လေ့လာရတာ အရင်းတော့ မရှုံးပါဘူး။ တစ်ခါတစ်လေကျတော့ ကိုယ်ကလိုချင်တာတစ်ခုခု အရေး
တကြီးလိုချင် ၊ ဘယ်ဆိုဒ်မှာလဲ မသိတော့အချိန်တော်တော်ကုန်ပါတယ်။ ဒီလိုစာအုပ်လေးဆောင်
ထားလိုက်တော့ အဲဒီဒုက္ခတွေကတော့ အတော်အတန်ပြေလည်လိမ်မယ် ထင်ပါတယ်။ လေ့လာချင်
ရင်တော့ အောက်မှာလေ့လာလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photoshop လေ့ကျင့်ရေးဆွဲနည်းစာအုပ်


        ဆရာ  အောင်နိုင်မော် ရေးသားပြုစုထားတဲ့ Photoshop ပေါင်းစပ်ဖန်တီး ဒီဇိုင်းရေးဆွဲနည်း
စာအုပ်လေးတင်ပေးလိုက်ပါတယ်။  ပညာရဲ့သဘောကိုက  “အဆုံး”  ဆိုတာမရှိပါဘူး။ လေ့လာ
လိုက်စားရင် လေ့လာသလောက်ပညာကျယ်ပြန့်တာပဲရှိပါတယ်။ ပညာဆုံးခန်းတိုင်သွားတယ်လို့
(လုံးဝ)မရှိပါဘူး။  အဲလိုလေ့လာတဲ့နေရာမှာလဲ ဟိုဆရာရေးတဲ့စာအုပ်မှ ၊  ဒီဆရာရေးထားတဲ့စာ
အုပ်မှလို့ အစွဲမထားပဲ လေ့လာသင့်တဲ့စာအုပ်မှန်သမျှကို လေ့လာတာအကောင်းဆုံးပါပဲ။ အရင်က
လဲ  Photoshop အသုံးပြုနည်းစာအုပ်တင်ပေးဖူးပါတယ်။ ဒါကတော့ နောက်တစ်အုပ်ပေါ့။ ပုံလေး
တွေနဲ့ သေချာရှင်းပြ ပေးထားတဲ့အတွက် လေ့လာရာမှာ တော်တော်လေးလွယ်ကူပါတယ်။အောက်
မှာ စာအုပ်နာမည်းလေးကို ကလစ်ပြီးလေ့လာပေးကြပါ။ အားလုံးပဲ ဒီဇိုင်နာကြီးတွေဖြစ်ကြပါစေဗျာ။

Window 7 အသုံးပြုနည်းစာအုပ်


            C.box  ကနေ ko zinnaing တောင်းထားတဲ့ Window7 အသုံးပြုနည်း စာအုပ်လေးပါ။
ဆရာ ဦးအောင်လင်း ရေးသားပြုစုထားတဲ့စာအုပ်လေးပါ။  ပုံလေးတွေနဲ့ သေသေချာချာရှင်းပြထား
ပေးတဲ့အတွက် လေ့လာရာမှာ လွယ်ကူပါစေပါတယ်။ ကျွန်တော်ဆီမှာ ဒီစာအုပ်လေးအဆင်သင့်
ရှိနေတာနဲ့ တစ်ခါတည်း တင်ပေးလိုက်တာပါ။ အဆင်ပြေလိမ်မယ် ထင်ပါတယ်။ ကျွန်တော့်ဆိုဒ်
မှာပဲဖတ်သွားချင်တယ် ဆိုရင်တော့ စာအုပ်နာမည်လေးကို ကလစ်ပြီးဖတ်နိုင်သလို ဒေါင်းလော့
ချသွားချင်တဲ့သူတွေကလဲ Download Here logo လေးကိုနှိပ်ပြီး ယူသွားနိုင်ပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

ကွန်ပြူတာ အမေး ၊ အဖြေ စာအုပ်


            ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့  Problem လေးတွေကို အမေး ၊အဖြေလုပ်ထားတဲ့
စာအုပ်လေးပါ။  ဗဟုသုတအဖြစ် လေ့လာချင်ရင်လေ့လာလို့ရသလို ၊ မိမိစက်မှာ Problem တစ်ခုခု
ဖြစ်ခဲ့ရင်လဲ  ဒီစာအုပ်ထဲက အဖြေကိုကြည့်ပြီး မိမိကိုယ်တိုင်ဖြေရှင်းနိုင်တာပေါ့ဗျာ။လေ့လာချင်တယ်
ဆိုရင်တော့ အောက်က စာအုပ်နာမည်လေးကို ကလစ်ပြီးလေ့လာနိုင်ပါတယ်။ အားလုံးပဲ ပျော်ရွင်
ကြပါစေ.....ဗျာ။

Web Desing လက်တွေ့သင်ခန်းစာများ


                  Website Desing လက်တွေ့သင်ခန်းစာ စာအုပ်လေးပါ။ ဂျီတော့က အစ်ကိုတစ်ယောက်
တောင်းထားတာနဲ့ အခြားလေ့လာချင်တဲ့သူတွေရှိရင် အလွယ်တကူလေ့လာနိုင်အောင် တင်ပေးလိုက်
တာပါ။ အကယ်၍ လိုအပ်လို့လေ့လာချင်တယ် ဆိုရင်တော့ အောက်မှာ စာအုပ်နာမည်လေးကို ကလစ်
ပြီး လေ့လာဖတ်ရှု့လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ကွန်ပြူတာ ဂျာနယ်များ


           မနေ့က C.box ကနေ ကိုမြတ်သူပြောသွားတာလေး သဘောကျလို့ တစ်ယောက်တည်း ပြုံးမိတယ်။
ကွန်ပြူတာနဲ့ ပတ်သတ်ပြီးဖတ်သင့်တဲ့ စာအုပ်တွေကတော့ အကုန်လုံးဖတ်သင့်တဲ့စာအုပ်တွေချည်ပဲ အကို
ရေ။ အကိုတောင်းထားတာ တင်ပေးဖို့ ကျွန်တော်တောင် နဲနဲလက်တွန့်သွားတယ်။ ကျွန်တော်က ဒီစာအုပ်
တွေ ဖတ်သင့်ပါတယ်လို့ဆိုရင် ဟိုစာအုပ်တွေရော မဖတ်သင့်ဘူးလားလို့ အတွန့်တတ်ပြီးမေးလာနိုင်စရာ
ရှိပါတယ်။ အဲဒီတော့ ဘယ်နည်းပညာစာအုပ်မဆို အာလုံးဖတ်သင့်ပါတယ်။ ကျွန်တော်လဲ ကောင်းမယ်ထင်
တာလေးတွေ ရှာပြီးတင်ထားပေးပါတယ်။ ခုလဲ ကွန်ပြူတာ ဂျာနယ်လေးတွေတင်ပေးလိုက်ပါတယ်။ အခြား
လေ့လာချင်တဲ့ အစ်ကို ၊ အစ်မတွေလဲ လေ့လာနိုင်အောင်ပါ။ အောက်မှာ စိတ်ကြိုက်သာလေ့လာလိုက်ပါ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Cracker Guide စာအုပ်


         ကျွန်တော်တို့  Cracking ကို စိတ်ဝင်စားတဲ့သူတွေအတွက် လေ့လာနိုင်အောင် Cracker Guide
လမ်းညွှန်စာအုပ်လေး တင်ပေးလိုက်ပါတယ်။ ဆော့ဖ်ဝဲတွေကို ဘယ်လို Cracker လုပ်တယ်ဆိုတာကို
ဗဟုသုတအနေနဲ့ သိချင်သူတွေအတွက်ပါ လေ့လာသင့်တဲ့  စာအုပ်ကောင်းလေးတစ်အုပ်ပါ။ ပုံလေး
တွေနဲ့ပါ ရှင်းပြပေးထားတဲ့အတွက် လွယ်ကူစွာ  လေ့လာနိုင်ပါတယ်။ စိတ်ဝင်စားတယ်  ဆိုရင်တော့
အောက်က စာအုပ်အမည်လေးကို ကလစ်ပြီးဖတ်နိုင်ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။               

Hacking Google စာအုပ်


        ဒါလေးကတော့ ဆရာ  မျိုးသူရ  ရေးထားတဲ့ Hacking Google ဆိုတဲ့ အင်တာနက်မှ ရှာဖွေနည်းများ
စာအုပ်လေးပါ။ ဘယ်အရာမဆို သိပြီးသွားရင်တော့ သာမန်ကိစ္စလေးဖြစ်ပေမဲ့ မသိသေးခင်မှာ တော်တော်
လေးခက်ခဲကြပါတယ်။ အင်တာနက်ဆိုတာကို အခုမှစတင်ထိတွေ့သူတွေအတွက် လေ့လာသင့်တဲ့ စာအုပ်
လေးပါ။ ဘယ်ပညာမဆို လေ့လာရင် လေ့လာသလောက်ကျယ်ပြန့်ပါတယ်။ ပြီးဆုံးသွားတယ်ဆိုတာ မရှိစ
ကောင်းပါဘူး။ လေ့လာမှု့အပေါ်မူတည်ပြီး တတ်ကျွမ်းမှု့အဆင့်ကွဲပြားသွားကြတာပါ။ လေ့လာချင်တယ်
ဆိုရင်တော့ အောက်မှာ စာအုပ်နာမည်လေးကို ကလစ်ပြီးဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

G.Mail & G.Talk လွယ်ကူစွာအသုံးပြုနည်း

               အင်တာနက်ကို သုံးစွဲတဲ့သူတိုင်း မဖြစ်မနေအသုံးပြုရတာကတော့ G.Mail ၊ G.Talk ပါ။ သိပြီး
သား ၊ ကျွမ်းကျင်ပြီးသားသူတွေအတွက်ကတော့ သာမန်ကိစ္စဖြစ်ပေမဲ့ အင်တာနက်ဆိုတာကို အခုမှစပြီး
အသုံးပြုသူတွေအတွက်ကတော့ လေ့လာသင့်တဲ့ စာအုပ်လေးဖြစ်လို့ ကျွန်တော်ရှာရှည်ပြီးတင်ပေးလိုက်
ပါတယ်(:p)။ ပုံလေးတွေနဲ့ပါ ရှင်းပြပေးထားတဲ့အတွက် လေ့လာရာမှာ လွယ်ကူပါလိမ်မယ်။ လေ့လာချင်
တယ်ဆိုရင်တော့ အောက်မှာ ကွန်နက်ရှင်ကောင်းသလောက်လေ့လာနိုင်ပါတယ်။ အားလုံးပဲ ပျော်ရွင်
ကြပါစေ.....ဗျာ။

iphone Unlock စာအုပ်


         ခုတလော ကွန်နက်ရှင်မကောင်းတာနဲ့ ဘာမှလုပ်လို့မရလို့ ဒီအတိုင်းပဲ ငုတ်တုတ်ထိုင်းပြီး ကိုယ့်ဆိုဒ်
ကို ပြန်ကြည့်နေရတယ်။  ထိုင်ကြည့်မနေနိုင်တဲ့ နောက်ဆုံးတော့ ကွန်နက်ရှင်နဲ့ နပန်းလုံးပြီး ပို့စ်တွေတင်
လို့ရအောင် မနည်းကြိုးစားထားရတယ်။ ပို့စ်တွေအသစ်မတင်နိုင်သေးခင် အဆက်မပြတ်လာလည်ကြတဲ့
အစ်ကိုတွေ ၊ အစ်မတွေကိုလဲ ကျွန်တော်အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ။ လိုအပ်တာလေးတွေလဲအကြံ
ပေးသွားကြပါဦးလို့ တောင်းဆိုပါတယ်။ 
      ဒါလေးကတော့ ကျွန်တော်တို့ iphone သမားတွေအတွက်  iphone Unlock လုပ်နည်းစာအုပ်လေးပါ။
လိုအပ်လို့ လေ့လာချင်တယ်ဆိုရင် လေ့လာနိုင်အောင် တင်ပေးလိုက်တာပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ။

HTML မိတ်ဆက်စာအုပ်


            ဒါလေးကတော့ ကျွန်တော်တို့ HTML အကြောင်းကို  ရေးထားတဲ့စာအုပ်လေးပါ။ HTML  code
အကြောင်းကိုလေ့လာသူတွေအတွက်ရော ၊ ကိုယ်တိုင် website ရေးချင်သူတွေအတွက်ပါ အတိုင်းအတာ
တစ်ခုအထိ အထောက်အကူရနိုင်မဲ့ စာအုပ်လေးပါ။ ဖတ်ချင်တယ်ဆိုရင်တော့ စာအုပ်နာမည်လေးကို က
လစ်ပြီးဖတ်ပေးပါ။ ဒေါင်းလော့ချပြီး အေးအေးဆေးဆေး လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းလော့ ဆိုတဲ့
ပုံလေးကို ကလစ်ပြီးယူသွားလိုက်ပါ။ ခုတလော နည်းနည်းလေးအလုပ်ရှုပ်နေလို့ ပို့စ်တွေတောင်သိပ်မတင်
နိုင်ဘူးဗျာ။ ရတဲ့အချိန်လေးတော့ ကြိုးစားပြီးတင်ပေးပါ့မယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ကွန်ပျူတာမှကွန်ယက်ဆီသို့ ...


                ဒါလေးကတော့ ဆရာ မျိုးသူရ ရေးထားတဲ့ ကွန်ပြူတာ Network အကြောင်းစာအုပ်
လေးပါ။ အင်တာနက်ဆိုတာကို အခုမှစတင်အသုံးပြုသူတွေပါ နားလည်နိုင်အောင် ပုံလေးတွေ
နဲ့ရှင်းပြထားပါတယ်။ Network အကြောင်းလေ့လာနေသူတွေအတွက်လဲ အထောက်အကူပြုမဲ့
စာအုပ်လေးပါ။ သိမ်းထားချင်တဲ့ သူတွေအတွက် အဆင်ပြေအောင် ဒေါင်းလော့လင့်ခ် လေးပါ
ချိတ်ပေးထားပါတယ်။ ဒီမှာပဲ ဖတ်သွားချင်တယ် ဆိုရင်တော့ စာအုပ်နာမည်ကို  ကလစ်ပြီးဖတ်
လိုက်ပါ။ လိုအပ်တဲ့ သူတွေကတော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 8.59 MB ပဲရှိပါ
တယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

CreateFlashSongsWithSwishMax


                ဒါလေးကတော့ FlashSongs လေးတွေကို ကိုယ်တိုင်ပြုလုပ်ချင်သူတွေ  အတွက်
FlashSongs လုပ်နည်းစာအုပ်လေးပါ။ တစ်ဆင့်ချင်းကို ပုံလေးတွေနဲ့ သေချာရှင်းပြထားတဲ့အ
တွက် လေ့လာပြီး ကိုယ်တိုင်ပြုလုပ်ဖို့ အရမ်းလွယ်ပါလိမ်မယ်။ စိတ်ဝင်စားတယ် ၊ လေ့လာချင်
တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 680.83 KB ပဲရှိပါတယ်။ အားလုံး
ပဲ  ပျော်ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...