Parates Facebook Hack V1.2


                         ဘာအတွက်သုံးတာလဲ ဆိုတာတော့ Title ကြည့်လိုက်တာနဲ့ သိလောက်ပါတယ်။
လိုအပ်တဲ့ Software တွေလိုက်ရှာရင်း တွေ့တာနဲ့ယူလာလိုက်တာပါ။ တကယ်ဟုတ် ၊ မဟုတ်ဆိုတာ
တော့ ကျွန်တော်ကိုယ်တိုင်လဲ စမ်းမကြည့်ရလို့ မပြောတတ်ဘူးဗျာ။ Full သုံးလို့ရအောင် Serial key
လေးပါထည့်ပေးထားပါတယ်။ လိုအပ်တဲ့သူ ၊ အသုံးပြုချင်သူတွေရှိခဲ့ရင် သုံးနိုင်အောင်လို့ တင်ပေး
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  26 MB ပဲရှိပါတယ်။ လိုအပ်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Window တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် Rating


        ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်
တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာ
တွေတွေ့ရပါတယ်။  သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိ
ဘူးပေါ့လေ။  System Ratingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်
တာတို့ ၊  Graphic Memory အလုပ်မလုပ်တာတို့ ၊  Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာ
တို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် System Rating ကို မဖြစ်မနေ လုပ်ပေးဖို့လို
အပ်ပါတယ်။  ခဏ ခဏလဲ လုပ်ပေးနေစရာမလိုတဲ့အတွက် လအနည်းငယ်ကြာမှ တစ်ခါလောက်ပြန်
ကြည့်ပေးပြီး Refresh ဆိုတဲ့စာကြောင်းလေးပေါ်လာမှ အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကို
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက System Rating လုပ်တော့မယ်ဆိုရင်  Battery Power  နဲ့မနိုင်တဲ့အတွက်  Charger  တပ်ထားပြီး  Charger  သွင်းနေရင်း  System Rating
လုပ်ရပါမယ်။ အဲဒါကိုတော့ အထူးသတိထားပေးပါ။ ပထမဆုံး မိမိစက် Rating လုပ်ပြီးပြီးလားဆိုတာ
သိရအောင်ကြည့်ဖို့အတွက် Computer ကို Right click ထောက်ပြီးအောက်ဆုံးက Properties 
ကို  Click လိုက်ပါ။  System rating is not available  ဆိုတဲ့စာကြောင်းရှိနေရင်တော့ မိမိစက်မှာ  
System Ratingမလုပ်ရသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ အောက်မှာ ကျွန်တော် Capture 
ဖမ်းပြီးရှင်းပြပေးထားပါတယ်။ ပုံသေးနေလို့မမြင်ရရင် ပုံကို Click ပြီးပုံအကြီးနဲ့ ကြည့်လိုက်ပါ။ မသိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Luxand Blink Pro 2.4


          ကျွန်တော်တို့ Window User NamePassword မသုံးချင်လို့ဖြစ်ဖြစ် မိမိမရှိတဲ့အချိန်မှာ
မိမိစက်ကို သူများမသုံးစေချင်ရင်ပဲ ဖြစ်ဖြစ် ဒီကောင်လေးသုံးနိုင်ပါတယ်။ ဘယ်လိုအသုံးပြုရသလဲ
ဆိုတာမသိသေးသူတွေအတွက် ကျွန်တော်နဲနဲပြောပြပါ့မယ်။ ဒီဆော့ဖ်ဝဲလေး စက်ထဲသွင်းပြီး မိမိ
မျက်နှာကို  face scan မှတ်ခိုင်းထားတာပါ။  မိမိမျက်နှာကို မှတ်ခိုင်းထားတဲ့အတွက် Computer
ကိုဖွင့်တဲ့အခါမှာလဲ မိမိမျက်နှာကို စစ်ဆေးပြီးမှ Auto ဖွင့်ပေးမှာဖြစ်ပါတယ်။ မိမိမျက်နှာမဟုတ်တဲ့
အခြားသူတွေ မျက်နှာနဲ့ ဖွင့်ရင်တော့ လုံးဝ Computer ပွင့်လာမှာမဟုတ်ပါဘူး။ လိုအပ်လို့ စမ်းသုံး
ချင်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ Full သုံးလို့ရအောင် Keygen လေးပါထည့်ပေး
ထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 20.37 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Cyberlink YouCam 5 Deluxe

             ကိုသူရိန် တောင်းထားတဲ့ Cyberlink YouCam 5 လေးပါ။ တောင်းထားတာနဲနဲတောင်
ကြာနေပါပြီ။ ဖိုင်ဆိုဒ်က ကြီးနေတော့ Upload တင်ရတာ လိုင်းကောင်းတဲ့  အချိန်စောင့်နေရလို့
အခုမှပဲတင်ပေးဖြစ်တော့တယ်။  ဖိုင်ခွဲပြီးတော့လဲ တင်မပေးချင်ဘူးလေ တချို့ Beginner တွေ
ဖိုင်ဆက်တာ တိုင်ပတ်နေတတ်လို့ပါ။ ဘာအတွက်သုံးတာလဲဆိုတာတော့ ကျွန်တော်ပြောပြနေ
ဖို့တောင် မလိုတော့ပါဘူး။   Effect တွေလဲ တော်တော်လေးကောင်းပါတယ်။ သူ့မှာပါပြီးသား
Original Effect တွေနဲ့မလုံလောက်သေးရင်လဲ မိမိကြိုက်တဲ့ Effect  တွေကို လိုသလောက်
ယူသုံးနိုင်ပါသေးတယ်။ ဖိုင်ဆိုဒ်ကတော့ နဲနဲကြီးတယ်ဗျာ။  151.19 MB  ရှိပါတယ်။ ဆော့(ဖ်)
ဝဲ ကောင်းကောင်းလေးသုံးချင်ရင်တော့ ဆိုဒ်ကြီးကြီးဒေါင်းရမှာ မကြောက်နဲ့ပေါ့နော်။ လိုအပ်
ရင်တော့ အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

IncrediMail 2


          ကျွန်တော်တို့ Mail ပို့တဲ့အခါ  Background Page လှလှလေးတွေနဲ့အတူ ပုံလှလှလေးတွေနဲ့
ပေးပို့ချင်သူတွေအတွက် IncrediMail လေးတင်ပေးလိုက်ပါတယ်။ သာမန်သူငယ်ချင်းတွေဆီကိုတော့
ဖြစ်သလိုပို့ချင်ကြပေမဲ့ မိမိတို့ရဲ့ ကောင်းလေးတွေ ၊ ကောင်းမလေးတွေ ဆီကိုကြတော့ ခုလိုကဗျာဆန်
ဆန် လေးပို့ချင်ကြမှာပါ။ သူ့ထဲမှာပါပြီးသား Background Page တွေနဲ့မလုံလောက်သေးရင်လဲ မိမိ
ကြိုက်နှစ်သက်တဲ့ Design တွေ ဒေါင်းလော့ချပြီးသုံးနိုင်ပါသေးတယ်။  ဖိုင်ဆိုဒ်ကလဲ  11.93 MB ပဲ
ရှိပါတယ်။ သုံးချင်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

MP3 Music Editor 7.0.1


             ကိုအောင်လေး တောင်းထားတဲ့ Music Editor လေးပါ။ ဘာအတွက်သုံးတာလဲ ဆိုတာတော့ အထူးရှင်းပြဖို့မလိုလောက်တော့ပါဘူး။ အလွယ်ပြောရရင်တော့ အသံတည်းဖြတ်တဲ့နေရာမှာသုံးတာပါ။
အသံနဲ့ ပတ်သတ်ပြီး Function တွေတော်တော်များများ လုပ်လို့ရပါတယ်။ Full သုံးလို့ရအောင် သူ့အ
တွက် Serial key လေးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 15.07 MB  ပဲရှိပါတယ်။ လိုအပ်ရင်တော့
အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Flux


           ဒီနေ့ ကျွန်တော့် အစ်ကိုတွေ ၊ အစ်မတွေကို ဘာတင်ပေးရရင် ကောင်းမလဲလို့ စဉ်းစားလိုက်
တာ အရေးကြီးတယ်လို့လဲ ပြောလို့ရတယ် ၊ အရေးမကြီးဘူး ဆိုရင်လဲဖြစ်တဲ့ ဆော့(ဖ်)ဝဲတစ်ခုပေးဖို့
သတိရမိတယ်။ ဘာလဲဆိုတော့ ကွန်ပြူတာကို အချိန်ကြာမြင့်စွားအသုံးပြုသူတွေကွန်ပြူတာကထွက်
လာတဲ့ Ray တွေ မိမိမျက်လုံးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်စမ်းရှိပါတယ်။ တချို့ဆိုရင် ကွန်
ပြူတာကထွက်လာတဲ့ တောက်ပတဲ့အလင်းရောင်တွေကို  ကာကွယ်ဖို့ အလင်းလျှော့ မျက်မှန် (or)
Glass တွေတပ်ပြီးအသုံးပြုကြတာတွေ့ဖူးကြပါလိမ်မယ်။ ဒီကောင်လေးကတော့ အဲဒီ မျက်မှန် (or) Glass နေရာမှာ  အပြည့်အဝ အစားထိုးပေးနိုင်ပါတယ်။  အသုံးပြုရတာ လွယ်သလို ဖိုင်ဆိုဒ်ကလဲ
နဲနဲလေးဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။ နောက်ပြီး မိမိနေရာ
Location အလိုက် အလင်း ၊ အမှောင် ကို  နေ့ ၊ ည အလိုက် Auto ချိန်ညှိပေးနေပါလိမ်မယ်။ ဒါ့အပြင်
Setting ကိုလဲ မိမိသဘောကျ ချိန်ညှိအသုံးပြုလို့ရပါတယ်။ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောာက်
မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Xara 3D Marker V7.0.0.415


                                                   


နမူနာပုံစံ
           ဒါလေးကတော့ ကျွန်တော်တို့ 3D ပုံစံနဲ့ စာလုံးရေးတဲ့ ကောင်လေးပါ။ ဟိုအရင်ကလဲ
တင်ပေးဖူးပါတယ်။  ဒါကတော့ နောက်ထွက် Version ဖြစ်တဲ့အလျှောက် ပိုမိုကောင်းမွန်လာ
တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို သုံးစေချင်တဲ့စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော်
နမူနာရေးထာတာက ဒီကောင်လေးသုံးပြီးရေးပြထာတာပါ။ သူ့ကို ကြိုက်တဲံနောက်တစ်ချက်
က အခုလိုမျိုး ကိုယ်ရေးချင်တာရေးပြီတော့ မိမိစက်ရဲ့  ScreenSaver အဖြစ်နဲ့ပါ တင်လို့ရ
တာပဲ။ ကြိုက်တယ်ဆိုရင်တော့ ယူသွားလိုက်ပါ..ဗျာ။ ဖိုင်ဆိုဒ်ကလဲ 18.39 MB ပဲရှိပါတယ်။
တစ်ခါတည်း Crack ပြီးသားဖြစ်လို့ Install လုပ်လိုက်တာနဲ့ Full Version ဖြစ်သွားပါလိမ့်မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Cyberlink Power DVD 12

            
           အထူးမိတ်ဆက်ပေးဖို့ မလိုပဲ အားလုံးသိပြီးသား ဆော့(ဖ်)ဝဲဖြစ်ပါတယ်။  ဆော့(ဖ်)ဝဲ
တစ်ခု ဗားရှင်းအသစ်ထွက်လာတိုင်း သူ့ရဲ့အားသာချက်တွေတိုး တိုးလာပါတယ်။ အထူးသဖြင့်
License Version Soft  တွေမှာပေါ့။  အခုလဲ သူ့ရဲ့ Version မှာ ဘာတွေတိုးလာတယ်ဆိုတာ
ကိုယ်တိုင်ပဲ  စမ်းသုံးလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ နဲနဲလေး ကြီးသွားတယ်။  113.43 MB  ရှိပါ
တယ်။  Full သုံးလို့ရအောင်  Keygen လေးပါထည့်ပေးထားပါတယ်။ သူ့  Keygen လေးအသုံး
ပြုရတာလဲ လွယ်ပါတယ်။ Beginner Level တွေအတွက် Keygen အသုံးပြုပုံလေးကို ကျွန်တော်
နဲနဲ လျှာရှည်ပေးပါမယ်။ DVD 12 ဆော့(ဖ်)ဝဲကို Install လုပ်ပြီးရင် Keygen ကို Right Click
ပြီး Run as administrator နဲ့မောင်းလိုက်ပါ။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ Generate ကိုကလစ်
လိုက်ပါ။ Window တစ်ခုတတ်လာရင် Save ကို Click လိုက်ရင် Full ဖြစ်သွားပါပြီ။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Laptop Battery Doubler 1.2.1


         Ma Khin MaMa တောင်းထားတဲ့ကောင်လေးပါ။ အရင်တင်ပေးထားတဲ့ Doubler လေးက
Active လုပ်လို့မရတော့ဘူးဆိုလို့ ဒီကောင်လေးကို ထပ်တင်ပေးလိုက်ပါတယ်။ ဘာအတွက်သုံးတာ
လဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ မိမိ Laptop Battery ကို နှစ်ဆတိုးပြီးအသုံးပြုနိုင်တယ်
လို့တော့ပြောတာပဲဗျာ။ ကျွန်တော်အထင်တော့ သာမန်ထက် နာရီဝက်ကျော်ကျော်လောက်တော့ ပို
သုံးလို့ရတယ်ထင်တယ်။ အထဲမှာ Notepad နှစ်ခုနဲ့ Name နဲ့ Key လေးတွေရေးထည့်ပေးထားပါ
တယ်။  ကျွန်တော်စမ်းကြည့်တာတော့  အားလုံးအဆင်ပြေပါတယ်။  လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.33 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

CursorFX


            ကိုသူရ တောင်းထားတဲ့ကောင်လေးပါ။ ကျွန်တော်တို့ Desktop ပေါ်မှ  Cursor လေး
ကိုအလှဆင်ပေးတဲ့ကောင်လေးပါ။ မိမိ Desktop ကို အမြဲတမ်း ဒီဇိုင်းလှလှလေး ထားချင်တဲ့သူ
တွေ အသုံးပြုနိုင်အောင်တင်ပေးလိုက်ပါတယ်။ တောင်းထားတာလေးတွေကိုလဲ အလှည့်ကျတင်
ပေးနိုင်တော့ ကြိုးစားပေးပါမယ်ဗျာ။ ရှာရ ဖွေရ ၊ ဒေါင်းလော့ခ်ချရ ၊ ဆော့ဖ်ဝဲစမ်းရ ၊ အက်လုတ်
ရနဲ့မို့ အချိန်နဲနဲ ကြာသွားရင်တော့ သည်းခံပေးပါလို့ တောင်ပန်ပါရစေ။ အသုံးပြုရတာလဲ အင်မန်
လွယ်လွန်းလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းမပြတော့ဘူး။ ကိုယ်တိုင်သာစမ်းသုံးကြည့်လိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ  502 KB   ပဲရှိပါတယ်။ MediaFire ကနေပြန်တင်ပေးထားပါတယ်။ ဖိုင်နာမည်ကို
တော့ မြန်မာလိုပဲ  လုလင်မောင် (ဝဲလောင်)   လို့ရေးပေးထားပါတယ်။ နောက်တင်မဲ့ ဖိုင်နာမည်
တွေကို လဲ ဒီလိုပဲ ရေးပေးပါမယ်။ အထဲမှာတော့ ခေါင်းစဉ်က ဆော့ဖ်ဝဲနဲ့ Keygen (သို့) Serial
key ရှိနေပါလိမ့်မယ်။ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

ဆော့(ဖ်)ဝဲများ Update Box မတတ်အောင်လုပ်နည်း


       ကိုအာကာ မေးထားတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်တော်တို့ Window စဖွင့်ဖွင့်ချင်း
မှာ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လေးတွေဟာ မကြာခဏ ဆိုသလို တတ်လာတတ်ကြပါတယ်။
အဲဒီ Box ကို မိမိကိုယ်တိုင်က အမှု့မဲ့  အမှတ်မဲ့သော်၎င်း​ ၊ မိမိမရှိတဲ့အချိန် အခြားသူတစ်ယောက်
က မသိ၍​သော်၎င်း​ Yes (or) Ok  နှိပ်မိလိုက်ရင် ဖရီးဗာရှင်းတွေမှာ  ပြဿနာမရှိပေမဲ့ လိုင်စင်ဗား
ရှင်း ဆော့(ဖ်)ဝဲတွေမှာကြတော့ အရင်ထည့်ထားတဲ့ Key ပြုတ်သွားပြီး နောက်ထပ် License Key
Serial  Key တွေထပ်တောင်းရော။ အရင်ထည့်ပေးဖူးတဲ့ Key ကလဲ ဗားရှင်း မတူတဲ့အတွက်သုံး
လို့မရ ၊ လိုအပ်တဲ့ Key ကိုလဲ ဘယ်နေမှာသွားရှာရမှန်းမသိနဲ့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ခြင်းခေါ်မလား ၊ အပျင်းထူခြင်းခေါ်မလား
မသိဘူး။ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လုံးဝ တတ်မလာအောင်
ပိတ်ထားလိုက်မယ်ဗျာ။ ကဲ...စလိုက်ရအောင် start မှ run (သို့) window key+R တွဲနှိပ်လိုက်ပါ။
run box ထဲမှာ msconfig လို့ရေးပြီး ok (သို့) Enter ခေါက်လိုက်ပါ။ ပြီးရင် အောက်ကပုံမှာ ပြထား
တဲ့အတိုင်း တဆင့်ချင်းလိုက်လုပ်လိုက်ပါ။

ExtremeCopy Pro 2.1.0


             အစ်မတစ်ယောက်က သူ့စက်မှာ Files တွေ Films ကူးတဲ့ ၊ပြောင်းတဲ့အခါ အရမ်းကြာနေလို့
Copy ကူးတာမြန်စေတဲ့ ဆော့(ဖ်)ဝဲလေးရှိရင် မ,စပါတဲ့။ Full Version လေးရရင် ရှဲရှဲ ပါတဲ့...။ကျွန်
တော့်သူငယ်ချင်းတွေအထဲမှာလဲ အခုလို Copy ကူးတဲ့အခါ အရမ်းကြာတတ်တဲ့ စက်ပိုင်ရှင်များ ရှိ
ခဲ့ရင် အသုံးပြုနိုင်အောင်  ExtremeCopy 2.1.0  ကို Serial key လေးနဲ့တင်ပေးလိုက်ပါတယ်ဗျာ။
လိုအပ်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2.3 MB  ပဲရှိပါတယ်။ Minus.com မှာ
ဒေါင်းရတာအဆင်ပြေမယ်ထင်လို့ Minus.com မှာပဲထပ်တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင်လဲ
အော်ခဲ့ကြပါ..နော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Flower Desktop


                 ဒါလေးကတော့ ကိုသူရ တောင်းထားတဲ့ Desktop အလှဆင်ပေးတဲ့ ပန်းပွင့် ၊ပန်းပင်
လေးတွေပါ။ ကိုသူရ လိုပဲ မိမိ Desktop ပေါ်မှာ အလှဆင်ချင်တွေ သုံးနိုင်အောင်လို့တင်ပေးလိုက်
တာပါ။ အပေါ်မှာ ကျွန်တော် Capture ဖမ်းပြထားသလိုပါပဲ...ပန်းပင်လေးတွေက လေတိုက်နေ
သလို ဟိုယိမ်း ၊ ဒီယိမ်းနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့ကို အမြဲတမ်းပေါ်နေစေချင်ရင်တော့
အောက် Taskbar မှ ပန်းပွင့်ပုံလေးကို Right ကလစ်ပေးပြီး တတ်လာတဲ့ Properties Box မှ Run
Automatically When Windows Start ဆိုတာကို အမှန်ခြစ်ပေးလိုက်ရင် OK ပါပြီ။ လိုချင်ရင်
တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2.9 MB ပဲရှိပါတယ်။ Minus.com မှာပဲတင်ပေး
လိုက်ပါတယ်။ ဒီလင့်(ခ်)ကနေ ဒေါင်းရတာအဆင်ပြေမယ်ထင်လို့ပါ။ အဆင်မပြေရင်လဲ ပြောပေး
ကြပါဗျာ။ အခြား လင့်(ခ်)ကနေ ပြောင်းတင်ကြတာပေါ့..နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ...ဗျာ။

တက္ကသိုလ်ဘုန်းကြွယ် သိုင်းဝတ္တုများ


         အစ်ကိုတစ်ယောက်  Mail ထဲကနေပြီး သိုင်းစာစဉ်တွေတင်ပေးဖို့တောင်းဆိုထားတဲ့အတွက် ဆရာ တက္ကသိုလ်ဘုန်းကြွယ် ရဲ့သိုင်းစာစဉ်လေးတွေကို အခုလတ်တလော တွေ့သမျှ ရသမျှ လေး
တွေကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပြီးတင်ပေးလိုက်ပါတယ်။ တင်ပေးချင်တဲ့ စာအုပ်တွေရော
ထပ်ဖြည့်ပေချင်တဲ့စာအုပ်တွေရော တော်တော်များများရှိနေပေမဲ့ စာအုပ်တွေကို Web မှာရှာလိုက် ၊
ဒေါင်းလော့(ခ်)ချလိုက် ၊  Upload ပြန်တင်လိုက် ၊ ပို့(စ်)တင်လိုက်နဲ့ တစ်ယောက်ထဲ လုံးချာလည်
နေလို့ စိတ်ထဲရှိသလောက် တင်မပေးနိုင်သေးဘူး ဖြစ်နေတယ်။ ဖြေးဖြေးပေါ့ဗျာ...နော်။
      ကြုံလို့ Mail ထဲကနေ ရန်တွေ့ (အဲလေ..) မေးထားတာလေး ပြောပြပါ့မယ် (တကယ်တော့
မကြုံလဲ ပြောမှာပါပဲ)။ စာလုံးတွေ မှုံဝါးနေတာ ၊ စာလုံးတွေထပ်နေတာက ကျွန်တော်နဲ့မဆိုင်ပါဘူး။
ကွန်နက်ရှင်မကောင်းလို့ ဖြစ်တတ်တဲ့သဘောတွေပါ။ ခဏလောက်သည်းခံပြီးစာင့်ဖတ်လိုက်ရင်တော့
အဆင်ပြေပါလိမ်မယ်။ ကျွန်တော်တင်ပေးထားတဲ့ ဆော့(ဖ်)၀ဲတွေ ၊ စာအုပ်တွေကို ကျွန်တော်ကိုယ်
တိုင် အရင်ဆုံး Test လုပ်ပြီးမှ သေသေချာချာ Upload တင်ပေးထားတာတွေပါ။ ပေါက်ကရ စာလုံး
တွေပေါ်လာခဲ့ရင်သာ Fonts ကြောင့်ဖြစ်တာပါ။ ခုတော့ စိတ်လျှော့ပြီး အချိန်အနည်းငယ် စောင့်ပြီး
ဖတ်လိုက်ပါဗျာ။ အောက်မှာကြိုက်တဲ့ စာအုပ်တွေကို ကလစ်ပြီးဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

ဝ​ဏ္ဏ​အောင် သိုင်းဝတ္တုစာအုပ်များ


    ဆရာ   ဝ​ဏ္ဏ​အောင်  ရဲ့ သိုင်းဝတ္တုစာအုပ်လေးတွေကို ရသလောက်လေး စုစည်းပြီးတင်ပေး
လိုက်ပါတယ်။ ကျွန်တော်လဲ လူမှု့ရေး အခက်အခဲတွေကြောင့် Blog  ကိုတောင် ပြန်လှည့်မကြည့်
နိုင်သလိုဖြစ်သွားတယ်ဗျာ။  Mail  ထဲကနေပြီး တောင်းထားတွေလဲ တော်တော်များနေပြီး ချက်ခြင်း
တင်မပေးနိုင်တာ တောင်းပန်ပါတယ်။ အခုတော့ အဆင်ပြေသလောက်ဖြစ်သွားပါပြီ။ တောင်းထား
တာလေးတွေကို ဦးစားပေးပြီးတင်ပေးပါမယ်။ ကျန်တာတွေကတော့ အေးအေးဆေးဆေး ပုံမှန်လေး
တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။
   အခုလဲ သိုင်းစာအုပ်တင်မကပါဘူး သိုးဆောင်း ၊ မောင်လှမျိုး (ချင်းချောင်းခြံ) ၊ မင်းသိင်္ခ ၊ အကြည်
တော် ၊ မင်းမြတ်သူရ စတဲ့ စာရေးဆရာစာအုပ်အသစ် တွေပါ ထပ်ထည့်ပေးထားပါတယ်။  ကိုယ်
ကြိုက်တဲ့ စာရေးဆရာ ပို့(စ်)တွေကို  ပြန်ကြည့်လိုက်ဗျာ ။ ကဲ..ကျွန်တော်လေရှည်နေတာနဲ့ အချိန်တွေကုန်နေပါလိမ့်မယ်။ ပုံမှန်အတိုင်းပဲအောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီး ဖတ်ပေး
ကြပါ။  အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...