စံဇာဏီဘို အချစ်ရေးရာဗေဒင်စာအုပ်များ

            ဗေဒင်ဆရာ စံဇာဏီဘို ရဲ့ အချစ်ရေး အချစ်ရာအကြောင်းတွေနှင့် တကွ အချစ်
ရေးရာကို ဟောပြထားသော ဗေဒင်စာအုပ်လေးတွေ စုစုည်းပြီးတင်ပေးလိုက်ပါတယ်။ လူ
မှန်ရင် အချစ်နှင့် မကင်းတတ်ကြသလို လူတိုင်း လူတိုင်း ကိုယ်ချစ်တဲ့သူနဲ့ပဲ အတူတကွ
အေးအတူ ပူအမျှ နေချင်ကြတာပါ။ အဲလို ပေါင်းရ ၊ နေရအောင် ဘာတွေရှောင်ရမယ် ၊
ဘာတွေဆောင်ရမယ်ဆိုတာ သိအောင်တော့ လေ့လာထားသင့်တယ်လို့ထင်ပါတယ်။
ဖတ်ရတာ အားမရလို့ ဒေါင့်လော့ချပြီး ဆောင်ထားချင်တယ် ဆိုရင်လဲ အဆင်ပြေအောင်
ဒေါင်းလော့လင့်လေးတွေ  ချိတ်ပေးထားပါတယ်ဗျာ။  အားလုံးပဲ အချစ်ရေးရာမှာ ကံကောင်း
နိုင်ကြပါစေ.....ဗျာ။

Xara 3D6 Maker

Image Hosting
                 ဒါလေးကတော့ အားလုံးနဲ့ ရင်းနီးပြီးသား လေးပါ။ အပေါ်မှာ ကျွန်တော်နမူနာရေး
ပြထားသလို ကြိုက်တဲ့ပုံစံ ၊ ကြိုက်တဲ့ဒီဇိုင်းနဲ့ ရေးလို့ရပါတယ်။ Ning ဆိုဒ်တွေမှာလဲတွေ့ဖူးကြပါ
လိမ်မယ်။ ဒီလိုလေးတွေရေးပြီး ကွန်မက်ပေးကြတာလေ။ ထပ်ပြီးကိုယ့်ပညာ ကျယ်ပြန့်ရင် ကျယ်
ပြန့်သလောက် အသုံးပြုလို့ ရနိုင်တဲ့ ဆော့(ဖ်)ဝဲလေးပါ။ Full သုံးလို့ရအောင် အထဲမှာ Serial Key
လေးထည့်ပေးထားပါတယ်။ အသုံးပြုရတာလဲလွယ်ပါတယ်။ နည်းနည်းလေးစမ်းကြည့်လိုက်တာနဲ့
ဘယ်လိုလုပ်ရမယ် ဆိုတာသဘောပေါက်  ပါလိမ့်မယ်။  ဖိုင်ဆိုဒ်ကလဲ 21.06 MB ပဲရှိပါတယ်။ 
အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါ

Wireless Key View v1.35

      
           ခေါင်းစဉ်တွေ့လိုက်တာနဲ့ ဘာအတွက်အသုံးပြု ရတာလဲဆိုတာ ရှင်းပြစရာမလိုလောက်
တော့ပါဘူး။ တစ်ခုအဆင်မပြေရင် နောက်တစ်ခုအသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါ။ အောက်
က ပို့(စ်)မှာ တောင်းပန်ထားပြီးသား ဖြစ်တဲ့အတွက် ထပ်ပြီးမတောင်းဆိုတော့ပါဘူး။ အစွယ်ရှိတဲ့
သတ္တဝါက အစွယ်ကိုအားကိုးပြီး ရန်ပြုတယ် ၊ အဆိပ်ရှိတဲ့ သတ္တဝါက အဆိပ်ကိုအားကိုးပြီးရန်ပြုတယ်
ဆိုပေမဲ့ ကျွန်တော်တို့ဟာ လူသားတွေဖြစ်ကြတဲ့ အတွက် နှိုင်းနှိုင်း ချိန်ချိန်သုခမိန် ဆိုသလို ချင့်ချိန်ပြီး
လိုအပ်သလို အသုံးပြုနိုင်ကြပါစေဗျာ။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ 53.03 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။


Wifi Hack Tool

  
            ဒါလေးကတော့ Wifi ဟတ်ကာလုပ်ချင်သူတွေအတွက် Tool လေးပါ။ သူရဲ့အသုံးဝင်ပုံ
ကတော့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ်အသုံးပြုထားတဲ့ Wifi ရဲ့ password ကို
ခိုးယူနိုင်တာပဲဖြစ်ပါတယ်။ အသုံးပြုပုံ အသေးစိတ်တော့ ကျွန်တော်လဲ ရှင်းမပြနိုင်တဲ့အတွက်တောင်း
ပန်ပါတယ်။ သူများ Password ကိုခိုးဖို့ရာဝေးရော တစ်ခါတစ်လေ ကိုယ့် Password တောင်ကိုယ်
မေ့နေလို့ မနည်းမှတ်နေရတယ်။ ဒီလို ဆော့(ဖ်)ဝဲ ကိုတင်မပေးချင်ပေမဲ့ တစ်ချို့အင်တာနက်ဆိုင်
တွေက အသုံးပြုသူတွေရဲ့ Password တွေကို မသမာတဲ့နည်းနဲ့ ခိုးယူနေတယ်လို့ သိရတဲ့အတွက်
(လူမိုက်အားပေးတာတော့ မဟုတ်ဘူးပေါ့ဗျာ) ပါးရိုက်ရင် ၊ နားပြန်ကိုက်နိုင်စေဖို့ တင်ပေးလိုက်တာ
ပါ။ ကျွန်တော်တစ်ခုတောင်းဆိုချင်တာက ကိုယ့်ကိုဒုက္ခမပေးရင် ကိုယ်ကလဲ သူများစီးပွါးရေးကို
ဒုက္ခမပေးပါနဲ့ လို့တောင်းဆိုချင်ပါတယ်။ ကဲ...စမ်းပြီးအသုံးပြုကြည့်ချင်တယ် ၊ ဆောင်ထားချင်တယ်
ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 18.87 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်

Wondershare Video To DVD Benner V2.5.7 Portable

     
           ဒါလေးကတော့ Video ကနေ DVD Bunner Portable လေးပါ။ ပေါ့ပေါ့ ပါးပါးလေး
ခွေဘမ်းချင်သူတွေအတွက် အဆင်ပြေမှာပါ။ Portable ဖြစ်တဲ့အတွက် Install လုပ်စရာတွေ
Key ထည့်ရတဲ့စရာ မလိုတော့ဘူးပေါ့ဗျာ။ သုံးချင်တဲ့အချိန်  Double ပေးလိုက်တာနဲ့ အသုံး
ပြုဖို့အဆင်သင့် ဖြစ်နေပြီ။ အသုံးပြုချင်တယ် ၊ အသုံးလိုတယ်ဆိုရင်တော့ အောက်မှာယူသွား
လိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 26.27 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

သတိုးတေဇ ဝတ္တုစာအုပ်များ

            
         ကဲ....ဒါကတော့ ကျွန်တော်ရဲ့ အစ်ကို ကိုအောင်ခိုင်မိုး c.box ကနေပြီးတောင်းထားတဲ့
ဆရာသတိုးတေဇ ရဲ့ဝတ္တုစာအုပ်လေးတွေပါ။ အခြားဝါသနာ တူတဲ့သူတွေပါ ဖတ်နိုင်အောင် စု
စည်းပြီးတင်ပေးလိုက်ပါတယ်။ ဖတ်ရုံတင်အားမရလို့ ဒေါင်းလော့ချပြီး ယူသွားချင်တယ်  ဆိုရင်
လဲ အဆင်ပြေအောင် ဒေါင်းလော့ လင့်ချိတ်ပေးထားပါတယ်ဗျာ။ အခြားအစ်ကို ၊ အစ်မတွေလဲ
တစ်ခြားဖတ်ချင်တဲ့ စာအုပ်တွေရှိတယ်ဆိုရင် c.box မှာတောင်သွားပေးကြပါ။ အချိန်ရတာနဲ့
ကျွန်တော်ရှာပြီးတင်ပေးထားပါမယ်။ အားလုံးပဲ  ပျော်ရွင်ကြပါစေ.....ဗျာ။



Joboshare MP3 CD Bunner 2.0.5.0708

  
             Bunner လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ဘာကိုဘမ်းမှာလဲဆိုရင် ခေါင်းစဉ်မှာပါပြီး
သားပါ MP3 ကို CD ဘမ်းဖို့ပါ။ Nero လိုခက်ခက်ခဲခဲ ဘမ်းစရာမလိုပဲ လွယ်လွယ်ကူကူအခွေဘမ်း
ချင်သူတွေအတွက်တော့ အဆင်ပြေပါတယ်။ ခုတလော ကွန်နက်ရှင်က ဘာမှလုပ်လို့မရဘူးဗျာ။
တင်ပေးချင်တာတွေကတော့ တော်တော်များများရှိနေပါတယ်။ နောက်မှ Iso Bunner ၊ DVD
Bunner စတာလေးတွေတင်ပေးပါဦးမယ်။ အခြား Video Edition တွေတင်ပေချင်ပေမဲ့ Film
Size တွေက 600MB ကျော်နေတော့ ကွန်နက်ရှင်မရတော့ စိတ်လျှော့ထားရတယ်။ ကွန်ကောင်း
တာနဲ့ တင်ပေးပါမယ်ဗျာ။ Full သုံးလို့ရအောင်  အထဲမှာ Path ထည့်ပေးထားပါတယ်။ J-MP3-

Bigasoft Total Video Converter V3.3.22.4149

     
             Video Converter ကောင်းလေးသုံးချင်သူတွေအတွက်  Bigasoft လေးတင်ပေးလိုက်
ပါတယ်။ Converetr တွေထဲမှာတော့ အသုံးပြုရတာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံး Soft လေး
ဆိုရင်မမှားပါဘူး။ Output Film တွေအနေနဲ့လဲ တော်တော်လေးပြည့်စုံပါတယ်။ Full သုံးလို့ရအောင်
အထဲမှာ Serial Key လေးထည့်ပေးထားပါတယ်။ မြန်မာစာလုံးတွေကိုတော့ လုံးဝ Support မလုပ်
ဘူးဆိုတာတော့ သတိထားပါ။ မိမိပြောင်းချင်တဲ့ Film ကိုယူတဲ့အခါ မြန်မာစာလုံးပါရင် ယူမပေးနိုင်
ပါဘူး။ အင်္ဂလိပ်လိုပြန်ပြောင်းပေးဖို့ လိုပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ
ယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 9.69 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

Pc Boost 4

          
                ဒါလေးကတော့ မိမိ Pc ကိုအသုံးပြုနေစဉ် တစ်ချိန်လုံး မိမိ Pc ရဲ့ Performance
ကို Auto ချိန်ညှိပေးမဲ့ ဆော့(ဖ်)ဝဲလေးပါ။ သူ့ကို Run ထားလိုက်ရင် ကိုယ့် Pc ကိုပေါ့ပေါ့ ပါးပါး
နဲ့ လျှင်လျှင်မြန်မြန်လေးသုံးလို့ရတာပေါ့။ စက်ဖွင့်တိုင်း Run ပေးစရာမလိုပါဘူး။ Install လုပ်ထား
လိုက်ရင် စက်ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် သူဟာသူ Auto Run နေပါလိမ်မယ်။ အသုံးလိုတယ်
၊ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 4.76 MB ပဲရှိပါတယ်။

Aurora 3D Animation Maker V11.05222214

            3D Animation Maker လေးတင်ပေးလိုက်ပါတယ်။  Photo Edition တွေ Video Edition
တွေလုပ်တဲ့နေရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ တွေ့ဖူးကြမှာပါ Video စာတန်းထိုးတဲ့အခါ
“ကြောင်ကမ္ဘာ ဗီဒီယို ထုတ်လုပ်ရေး” ဘာညာပေါ့ဗျာ။ နောက်ထပ် Logo တွေ ကိုကိုယ်တိုင်ဖန်းတီး
ချင်ရင်လဲ ဖြစ်ပါတယ်။ နောက်ဆုံးဗျာ ဝင်ဒိုးစတတ်တဲ့အချိန် ဝင်ဒိုး Logo နေရာမှာတောင် ကိုယ့်
နာမည်နဲ့စာတန်းလေးပြေးနေတာ အစားထိုးလို့ရပါတယ်။ Output Film တွေအနေနဲ့လဲ (avi, flv
,mpg), Flash(swf),  Gif Animation စတဲ့ VideoFormats တွေအပြင် Images Formats
တွေလဲ  တော်တော်များများ  ထုတ်ယူလို့ရပါတယ်။ ကျွန်တော်ပြောပြနေတာ နည်းပါသေးတယ်။ 
နောက်ထပ်ဘာတွေ ၊ ဘယ်လောက်  ကောင်းတယ်ဆိုတာ  သိရအောင် ကိုယ်တိုင်သာစမ်းသုံး
ကြည့်လိုက်ပါဗျာ။ ကွန်နက်ရှင်မကောင်းလို့ ကျွန်တော်ကိုယ်တိုင် upload မတင်နိုင်တဲ့အတွက်
ကျွန်တော့်အကိုရဲ့ ဒေါင်းလော့လင့်လေးချိတ်ပေးလိုက်ပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆို
ရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 31.1 MB ပဲရှိပါတယ်။ Crack ဖိုင်လေးကို
Install လုပ်ထားတဲ့ Folder လေးထဲကူးထဲ့ပေးလိုက်ရင် Full ဖြစ်သွားပါပြီ။ အားလုံးပဲ ပျော်ရွင်

မင်းမြတ်သူရ ဝတ္တုစာအုပ်များ

    
                   ဆရာ မင်းမြတ်သူရ စာအုပ်လေးတွေရှာဖွေပြီး  တင်ပေးလိုက်ပါတယ်။
အလုပ်က တစ်ဖက် ၊ ကွန်နက်ရှင်မကောင်းတာကတစ်ကြောင်း ကြောင့်တစ်ခါထဲတန်း
ပြီး စာအုပ်ကိုပြည့်စုံအောင် တင်မပေးနိုင်တာ တောင်းပန်ပါတယ်ဗျာ။ နောက်မှပဲ နဲနဲ
ချင်းထပ်ဖြည့်ပြီး တင်ပေးပါ့မယ်။ လိုချင်တဲ့စာအုပ် ဖတ်ချင်တဲ့စာအုပ် တွေရှိရင်လဲ c.box
မှာတောင်းသွားနိုင်ပါတယ်ဗျာ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

မောင်လှမျိုး (ချင်းချောင်းခြံ)


     
             ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ဝတ္တုလေးတွေကို ရသလောက်စုစည်း
ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ ဒေါင်းလော့ချပြီး သိမ်းထားချင်သူတွေအတွက် ဒေါင်းလော့
လင့်လေးတွေ တစ်ခါထဲ ချိတ်ပေးထားပါတယ်။ ဆရာရဲ့စာအုပ်တွေက ရှာရတာနဲနဲခက်
တော့ သိပ်အများကြီးတင်မပေးနိုင်တာတောင်းပန်ပါတယ်။ ဒီမှာပဲ ဖတ်ချင်တယ် ဆိုရင်
စာအုပ်အမည်လေးကို ကလစ်ပြီးဖတ်နိုင်သလို ဒေါင်းချင်တဲ့သူတွေကလဲ ဒေါင်းလော့
ဆိုတဲ့ ပုံလေးကို ကလစ်ပြီးဒေါင်းပေါ့နော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

လေရူးသုန်သုန် (ပ+ဒု)

             စာပေ ချစ်မြတ်နိုး သူတွေအတွက်ဆရာမြသန်းတင့် ရဲ့ လေရူးသုန်သုန် ဝတ္တု (ပ+ဒု)
ကိုတစ်ခါထဲ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ မြန်မာဘာသာပြန်စာပေနယ်မှာ ထင်းရှား
တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ကိုအောင်ခိုင်မိုး က ဒေါင့်လော့လင့်ပါချိတ်ပေးဖို့ C.box ကနေ
တောင်းဆိုထားတဲ့အတွက် စာကောင်းပေကောင်းတွေကို သိမ်းဆည်းတတ်သူတွေအတွက်
အဆင်ပြေအောင် ဒေါင်းလော့လင့်ချိတ်ပေးထားပါတယ်။ နောက်တင်မဲ့ စာအုပ်တွေကိုလဲ ဒေါင်း
ချင်သူတွေအဆင်ပြေအောင် ဒေါင်းလော့လင့်ကို အတတ်နိုင်ဆုံး  ချိတ်ပေးပါ့မယ်။  အားလုံးပဲ 
ပျော်ရွင်ကြပါစေ...ဗျာ။ 

Top 100 Fonts


        ဒါလေးကတော့ အင်္ဂလိပ်ဖောင့် ဒီဇိုင်းလှလှ လေးတွေပေါင်းစည်း ပေးထားတာပါ။ ဖိုတိုရှော့
သမားတွေ ဂရပ်ဖစ်သမားတွေ အတွက်တော့ တော်တော်လေး အသုံးဝင်ပါလိမ်မယ်။ ဖောင့်တွေ
အားလုံးကလဲ သူ့ဒီဇိုင်းနဲ့သူ တော်တော်လေးလန်းပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 9.25 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။

For G-talk


          G-talk ကို skin လှလှလေးတွေနဲ့ ချက်ချင်တဲ့သူတွေအတွက် အစိမ်းရောင်ရယ်၊ ပန်း
ရောင်ရယ် ၊ အမည်းရောင်ရယ် သုံးမျိုးကို winrar လေးနဲ့ချုပ်ပေးထားပါတယ်။ Portable လေး
တွေဆိုတော့ Install လုပ်စရာလဲ မလိုဘူး။ သုံးချင်တဲ့အချိန် Double Click လေးပေးလိုက်ရင်
ရပြီ။ အလှအပ ကြိုက်တတ်သူတွေ အောက်မှာယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလဲ 7.97 MB ပဲ
ရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။



Basic Lesson Photoshop

                ဒါလေးကတော့ ဖိုတိုရှော့ ကိုခုမှစပြီး အသုံးပြုမဲ့သူတွေအတွက် အခြေခံ ဖိုတိုရှော့အသုံး
ပြုနည်းစာအုပ်လေးပါ။ ဘယ်နေရာမှာ ဘယ်Tool ကိုအသုံးပြုရမယ်ဆိုတာကို ပုံလေးတွေနဲ့ အခြေခံ
ကျကျ ရှင်းပြပေးထားပါတယ်။ မတတ်သေးခင်တော့ ဘယ်ပညာမဆို ခက်ပါတယ်။ ခက်ပါတယ်ဆိုပြီး
ထိုင်နေရင်လဲ ဘယ်တော့မှ တတ်မှာမဟုတ်ပြန်ဘူး။ ဒါကြောင့်ဘယ်ပညာမဆို အခြေခံကစသင်မှ အ
ခြေခိုင်ပါတယ်။ ဒီစာအုပ်လေးထဲက အကြောင်းအရာလေးတွေ နားလည်သဘောပေါက်သွားပြီဆိုရင်
ဖိုတိုရှော့ ပိုင်မှာမျက်နှာတော့ မငယ်ရလောက်တော့ပါဘူး။ ကျွမ်းကျင်အောင် ဆက်ပြီးလေ့လာလိုက်
စားဖို့သာလိုတော့တာပါ။ လိုချင်တယ် ၊ လိုအပ်တယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။ ဖိုင်
ဆိုဒ်ကလဲ 5.77 MB ပဲရှိပါတယ်။ အားလုံးပဲ ဂရက်ဖစ် ဒီဇိုင်နာတွေ ဖြစ်ကြပါစေ....ဗျာ။



Audio Editor Master V5.4.1.238

                ဒီနေ့တော့ အလုပ်ပိတ်ရက်လေးလဲ ဖြစ်ပြန် ၊ ကွန်နက်ရှင်ကလဲ မျက်နှာသာ နဲနဲပေးတော့
ကြိုးစားပြီး တင်ပေးလိုက်ပါတယ်ဗျာ။ ဒါလေးကတော့ သီချင်းတွေကို ကြိုက်တဲ့ပုံစံ ၊ ကြိုက်တဲ့အသံ
အနေအထား ၊ ကြိုက်တဲ့ Tempo တွေပြောင်းမယ်ဗျာ။ တခြား Effect တွေလဲအများကြီးရှိပါသေးတယ်။
စိတ်ကြိုက်ပြင်ပြီးရင် CD ခွေပါ တစ်ခါထဲ ဘမ်းချင် ဘမ်းလိုက်ဦး။ မဘမ်းချင်လို့ စက်ထဲမှာပဲ save ပြီး
ပြန်နားထောင်ချင်တယ် ဆိုရင်လဲ OK ပဲ။ ဖိုင်ဆိုဒ်ကလဲ 13.27 MBပဲရှိပါတယ်။ ပေါ့ပေါ့လေးနဲ့ သုံးရတာ
အရမ်းအဆင်ပြေပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ ဒါပေမဲ့ မြန်မာစာလုံးတွေကို လုံးဝ support မလုပ်ပါဘူး။ ကိုယ်ယူလိုက်
တဲ့သီချင်း (သို့) ဖိုင်မှာ မြန်မာစာလုံးပါရင် ယူလို့မရပါဘူး။ မြန်မာစာလုံးကို အင်္ဂလိပ်လို့ပြောင်းပြီးယူ
မှအဆင်ပြေပါလိမ့်မယ်။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် c.box မှာအော်သွားပေးကြပါဦးနော်။

Mojosoft Businesscards MX3.99

              
              ခုတလော ကွန်နက်ရှင်မကောင်းလို့ ဘာမှလုပ်လို့မရဘူးဗျာ။ တင်ပေးချင်တာတွေ
ကတော့အများကြီးပဲ။ နောက် ကွန်နက်ရှင်ကောင်းမှပဲ အသစ်တွေ  ထပ်တင်ပေးပါ့မယ်။ ခုကြိုး
စားပြီးတင်ပေးလိုက်တာလေးကတော့ Business card တွေ visiting card တွေလုပ်တဲ့ ကောင်
လေးပါ။ဒီဇိုင်းအမျိုးမျိုးနဲ့ ကာလာအမျိုးမျိုး ကိုလွယ်ကူစွာနဲ့  လုပ်ပေးနိုင်ပါတယ်။ အသုံးပြုရတာ
လဲအရမ်း  လွယ်ပါတယ်။ နောက်ပြီး မြန်မာလိုလဲ support လုပ်ပါတယ်။ full သုံးလို့ရအောင် 
အထဲမှာ keygen လေးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 75.5MB ပဲရှိပါတယ်။ အသုံးလို
တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။  တစ်ခုခုအဆင်မပြေတာရှိရင် c.box မှာအော်
သွားကြပါဦး၊ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ

Animated Wallpaper Maker 2.3.0


       ဒါလေးကတော့ မိမိ Desktop က Wallpaper တွေကို စိတ်တိုင်းကျသည်အထိ ကိုယ်တိုင်းပြုလုပ်ပြီး
သုံးစွဲနိုင်မဲ့ ဆော့(ဖ်)ဝဲလေးပါ။ မိမိကြိုက်တဲ့ Background ပုံတွေကို ရေမှာအရိပ်ထင်စေတာ ၊ ရေထဲမှာရွှေ
ငါးလေးတွေကူးခပ်နေတာ ၊ မိုးရွာချနေတာ အစရှိသဖြင့် Effect တော်တော်များများ လုပ်ပြီးသုံးလို့ရပါတယ်။
Full သုံးလို့ရအောင် အထဲမှာ Serial Key လေးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 5.78 MB ပဲရှိပါတယ်။
ယူချင်တယ် ဆိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်ပါ။ အားလုံး ပျော်ရွင်ကြပါစေ...ဗျာ




Snow Desktop


      ဒါလေးကတော့မိမိDesktopမှာဒီဇင်ဘာလ ရောက်နေသလို နှင်းလေးတွေအဆက်မပြတ်ကျနေတာကို
မြင်ချင်တဲ့သူတွေအတွက်  တင်ပေးလိုက်ပါတယ်။  အလှအပ  ကြိုက်တတ်သူတွေအတွက်ပေါ့။ နောက်ခံ
လှလှလေးပေါ်မှာ နှင်းလေးတွေကျနေတာကို  တွေးကြည့်တာနဲ့တင် တော်တော်လေးလှနေပါပြီ။  ဖိုင်ဆိုဒ်
ကလဲ 1.22MB ပဲရှိပါတယ်။  ဖရီးပေးသုံးထားတဲ့ ဆော့(ဖ်)ဝဲ လေးပါ။ကြိုက်တယ်၊အသုံးပြုချင်တယ်ဆိုရင်
တော့အောက်မှာယူသွားလိုက်ပါ။ အားလုံး ပျော်ရွင်ကြပါစေ...ဗျာ

Salon Styler V5.2.1 Professional


        ဒီနေ့တော့ Salon Styler Pro လေးတင်ပေးလိုက်ပါတယ်။  သုံးဖုးသူတွေကတော့သူ့ရဲ့စွမ်းဆောင်
ရည်ကိုသိကြမှာပါ။ တော်တော်လေး မိုက်ပါတယ်။ မိန်းကလေးတွေအတွက်ဆံပင်ပုံစံအမျိုးမျိုး ၊မိတ်ကပ်
နှင့် ယောကျာင်္းလေးတွေအတွက် နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေး ၊ မျက်မှန် အစရှိသဖြင့် အမျိုးမျိုးပြုပြင်ယူ
နိုင်ပါတယ်။ ကျန်တဲ့ Effect တွေလဲအများကြီး ပါပါသေးတယ်။ ကိုယ်တိုင်သာသုံးကြည့်လိုက်ပါ။  full
သုံးလို့ရအောင် Crack ဖိုင်နဲ့  အသုံးပြုနည်းစာအုပ် (အင်္ဂလိပ်လို)  ထည့်ပေးထားပါတယ်။  ကျွန်တော်
သေချာစမ်းပြီးမှ တင်ပေးလိုက်တာပါ။ အားလုံးအလုပ် လုပ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 106.67MB
ရှိပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး ဒေါင်းလိုက်ပါ။

Kaspersky Internet Security 2011 and 1 year key


     ဒီနေ့တော့ Kaspersky Internet Security 2011 ကို တစ်နှစ်စာ key နဲ့အသုံးပြုချင်တွေအတွက် ကျွန်တော်လက်ရှိ  သုံးနေတာလေးကို မျှဝေလေးလိုက်ပါတယ်။ သူ့အကြောင်းကတော့ အထူးရှင်းပြ
နေစရာမလိုလောက်တော့ပါဘူး။တော်တော်များများသုံးဖူးကြမှာပါ။ အောက်မှာတစ်နှစ်စာကီးဘယ်
လိုယူရမလဲဆိုတာကို အောက်မှာ ပုံလေးတွေနဲ့သေချာရှင်းပြထားပေးပါတယ်။ ဖိုင်ဆိုဒ်ကတော့111
.58 MB  ရှိပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ စိတ်ရှည်ရှည်ထားပြီး ဒေါင်းလိုက်ပါဗျာ။

Google Home Page ကိုဒီဇိုင်းဆန်းဆန်းလေးနဲ့သုံးကြရအောင်

 

          Google Home Page ကိုဒီလို ဒီဇိုင်းခပ်မိုက်မိုက်လေးတွေ သုံးချင်ကြလား။ ဒီပုံစံ
မကြိုက်သေးရင်လဲ နောက်ထပ်ပုံစံတွေ အများကြီးရွေးလို့ရပါသေးတယ်။ ဘာဆော့(ဖ်)ဝဲ
မှလဲသုံးစရာ မလိုပါဘူး။ ကဲ...ကြိုက်တယ်ဆိုရင်တော့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်
တစ်ဆင့်ချင်း ရှင်းပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ ဆောရီးပါဗျာ။ ဘယ်အရာ
မဆိုမသိသေးရင်တော့ ခက်ပါတယ်။ သိပြီးသွားတော့မှပဲ အော်..ဒါလေးများဖြစ်သွားတာ

Wieliczka Theme

          
                 ဒါလေးကတော့ ဒီဇိုင်းတစ်မျိုးလေးထူးတဲ့ Theme ပုံပါ။ ပုံစံကတော့
မြေအောက်လှိုင်ခေါင်းတွေထဲ နေရသလိုလိုပဲ။ ဖိုင်ဆိုဒ်ကလဲ 3.99 MB ပဲရှိပါတယ်။
သဘောကျတယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါဗျာ။ ဒေါင်းပြီးရင် ဖိုင်ဖွင့်
လိုက်ပါ။ ပြီးရင် Double Click လေးပေးလိုက်ရင် အဆင်ပြေပါပြီ။ အားလုံးပဲ ပျော်

Net speeder 4.5


 ဒီတစ်ခါတော့ Netspeeder 4.5 လေးတင်ပေးလိုက်ပါတယ်။  ဘာအတွက်  သုံးတာလဲဆိုတာတော့
ခေါင်းစဉ်မှာပါပြီးသားပါ။ အင်တာနက်ကို အနည်းငယ်ပိုမြန်အောင်ဆောင်ရွက်ပေးမဲ့ ဆော့(ဖ်)ဝဲလေးပါ။
သူ့အတွက်လိုအပ်တဲ့ အမည်ရယ်၊ အီးမေးရယ်၊ ကီးလေးရယ်ကို notepad လေးနဲ့ရေးပြီးထည့်ပေးထား
ပါတယ်။ ဘယ်ဆော့(ဖ်)ဝဲမှ အင်တာနက်လိုင်းကို တအားကြီးမြန်အောင်လုပ်မပေးနိုင်ပါဘူး။ ပုံမှန်ထက်
အနည်းငယ် ပိုပြန်အောင်  လုပ်ပေးတယ် ဆိုရင်ပဲ  အဲဒီ  ဆော့(ဖ်)ဝဲ  မဆိုးဘူးလို့ပြောရမှာပါ။  ကဲ..ဒီ
ဆော့(ဖ်)ဝဲကော ဘယ်လိုနေလဲဆိုတာ သုံးကြည့်လိုက်ပါဗျာ။ ကျွန်တော်ကတော့မဆိုးဘူးထင်လို့တင်
ပေးလိုက်တာပါ။ သူကို install လုပ်ပြီး မိမိသုံးတဲ့ ကွန်နက်ရှင် အမျိုးအစားကိုရွေးပေးလိုက်ရင်ရပါပြီ။
ဖိုင်ဆိုဒ်ကလဲ 2.54 MB ပဲရှိပါတယ်။ သုံးကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာယူသွား

Bamboo Theme

              ဒါလေးကတော့ မိမိ Desktop ကိုပုံမှာတွေ့ရတဲ့အတိုင်း သူများနဲ့မတူအောင်
ဒီဇိုင်း ခပ်ဆန်းဆန်းလေး ထားချင်သူအတွေအတွက် တင်ပေးလိုက်ပါတယ်။ ကျွန်တော်
အကြိုက်ဆုံး Themes တွေထဲက တစ်ခုပါ။ နောက်နေ့တွေမှာလဲ Themes လှလှလေး
တွေထပ်ပြီးတင်ပေးပါဦးမယ်။  ဖိုင်ဆိုဒ်ကလဲ 3.75MB ပဲရှိပါတယ်။ ကြိုက်တယ်ဆိုရင်
တော့ ထုံးစံအတိုင်း အောက်မှာယူသွားလိုက်ပါ။ ဒေါင်းပြီးရင် ဖိုင်ဖွင့်လိုက်ပါ။ ဖိုင်ထဲမှာ

ပါတဲ့ ဖိုင် (၂)ခုကို copy ယူပြီး c / windows / Resources / Themes  အထိရောက်
အောင်သွားပြီး past ပေးလိုက်ပါ။ ပြီးရင် Desktop ပေါ်မှာလွတ်တဲ့နေရာမှာ Right 
click ပေးပြီ အောက်ဆုံးမှာရှိတဲ့ Personalize ကိုကလစ်ပြီး Wooo ဆိုတာကိုကလစ်

Myanmar-English English-Myanmar Dictionary

            

                  ဒါလေးကတော့ အင်္ဂလိပ်-မြန်မာ  မြန်မာ-အင်္ဂလိပ် အဘိဓါန်လေးပါ။
နှစ်မျိုးသုံးဆိုတော့ သုံးရတာပိုအဆင်ပြေတာပေါ့ဗျာ။  အဆင်အပြေဆုံးကတော့ သူ့
ကို Free ပေးသုံးထားလို့ပဲ။ အလကားရတာဆိုပြီးတော့  အထင်တော့မသေးလိုက်
ပါနဲ့  တော်တော်လေး မှန်ကန်ပြည့်စုံအောင် ဘာသာပြန်ပေးနိုင်ပါတယ်။ သုံးရတာ
လဲ ပေါ့ပေါ့ပါးပါးလေးဆိုတော့ အကြိုက်တွေ့စေမဲ့  ဆော့(ဖ်)ဝဲလေးပါ။ သုံးဖူးသူတွေ
တော့သူရဲ့ အကြောင်းကို သိကြမှာပါ။ ဖိုင်ဆိုဒ်ကလဲ 5.56 ပဲရှိပါတယ်။ အသုံးပြုချင်
တယ် ၊ ကြိုက်တယ် ဆိုရင်တော့ အောက်မှာ  ယူသွားလိုက်ပါဗျာ။ အဆင်မပြေတာ
တစ်ခုခု ရှိခဲ့ရင်လဲ c.box မှာအော်သွားပေးကြပါဦး။ အားလုံး ပျော်ရွင်ကြပါစေ...ဗျာ

Windows Myanmar Translator 1.0

                ဒါလေးကတော့ သုံးဖူးသူတိုင်းသိကြမှာပါ။ ပုံမှာမြင်တဲ့အတိုင်းပါပဲ အင်္ဂလိပ်စာလုံး
တစ်လုံးချင်းသာမက ၊ စာပိုဒ်တစ်ခုလုံးကိုပါ တစ်ခါထဲဘာသာပြန်ပေးနိုင်ပါတယ်။သူ့အတွက်
အဆင်ပြေမဲ့ အပိုဖောင့်လေးတွေပါ လိုအားမရ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့70.79
MB ရှိပါတယ်။ ကျွန်တော်လို ဘာသာပြန်ရမှာပျင်းတဲ့သူတွေ အတွက်တော့ အဆင်ပြေတဲ့
ဆော့(ဖ်)ဝဲလေးပါ။ ကြိုက်တယ် ၊ အသုံးလိုတယ် ဆိုရင်တော့ အောက်မှာ  ယူသွားလိုက်ပါ။
ဘယ်လို အသုံးပြုရမလဲဆိုတာ အောက်မှာကျွန်တော် ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်.....

fire fox & Speedy fox

                         
                      ဒါလေးကတော့  mozilla firefox ကိုနှစ်နှစ်ခြိုက်ခြိုက် သုံးတတ်တဲ့သူတွေ
အတွက်ပါ။ သူကဘာလုပ်ပေးလဲ ဆိုရင် မိမိသုံးတဲ့ firefox ကို speed မြန်အောင်လုပ်ပေးတဲ့
ကောင်လေးပါ။ အသုံးပြုရတာလဲ အင်မတန်လွယ်ပါတယ်။ ဖိုင်ထဲမှာ firefox booster.exe နဲ့
speedyfox.exe ဆိုပြီးနှစ်မျိုးလုံး ထည့်ပေးထားပါတယ်။ speedyfox ကိုသုံးချင်ရင် .exe ကို
double click ပေးပြီး speed up my firefox ကို နှိပ်ပေးလိုပ်ရင်ရပါပြီ။ firefox booster ကို
သုံချင်ရင်လဲ install လုပ်ပေးပြီး ပုံမှာ  တွေ့ရတဲ့အတိုင်း Fast ၊ Medium ၊ Slow မှကြိုက်တဲ့
system ကိုအမှတ်ပေးပြီး  Optimize ကို click ပေးလိုက်ရင်အဆင်ပြေပါပြီ။ နှစ်မျိုးလုံးသုံးချင်
ရင်လဲ သုံးပေါ့ဗျာ။ ဖိုင်ဆိုဒ်ကလဲ 1.52 MB ပဲရှိပါတယ် အောက်မှာယူသွား လိုက်ပါ။ အဆင်မ
ပြေတာရှိခဲ့ရင် c.box လေးမှာပြောပေးသွားကြပါဦးနော်။ အားလုံး ပျော်ရွင်ကြပါစေ...ဗျာ

English-Myanmar Typing Tutor

          ဒါလေးကတော့ လက်ကွက်ရိုက်တာမြန်စေ့ဖို့ လေ့ကျင့်တဲ့ ဆော့(ဖ်)ဝဲလေးပါ။
အင်္ဂလိုရော မြန်မာလိုပါ ကြိုက်တာဘာသာနဲ့ လေ့ကျင့်လို့ရပါတယ်။ ဘယ်အရာမဆို
တတ်သွားရင်  လွယ်ပေမဲ့ မတတ်သေးရင်ခင်တော့ အရမ်းခက်ပါတယ်။ အထူးသဖြင့်
အင်တာနက်ကို သုံးတာမကြာသေးတဲ့သူတွေအတွက်  အထူးသင့်လျှော်ပါတယ်။ အင်
တာနက်ဆိုင်မှာ ဖြစ်ဖြစ် ၊ သူငယ်ချင်းစက်မှာ ဖြစ်ဖြစ် လူတွေရှေ့မှာ အသုံးပြုတဲ့အခါ
Typing ရိုက်တဲ့အခါ လက်ညိုးလေးနှစ်ချောင်းနဲ့ ရိုက်ရတာ တော်တော်လေးမျက်နှာ
ငယ်ရပါတယ်။ အဲလိုလူကြားထဲ  မျက်နှာမငယ်ရအောင် Tying ဆော့(ဖ်)ဝဲ လေးနဲ့
လေ့ကျင့်ထားသင့်ပါတယ်။ လေ့ကျင့်ရတာလဲ လွယ်ပါတယ် သူပေးထားတဲ့ စာလုံး
လေးတွေရဲ့အပေါ်ဆုံးမှာ ကိုယ်ရိုက်ရမဲ့ လက်ကွက်တွေကိုပြောပေးထားပါတယ်။
သူပြောပေးတဲ့ လက်ဟန်အတိုင်း လိုက်ရိုက်နေရင်း ကြာလာတော့ကျွမ်းလာပါလိမ်
မယ်။ ဖရီးဘာရှင်းလေးပါ လိုအပ်တယ်ဆိုရင် အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်
ကလဲ 27.03 MB ပါ။ အားလုံး ပျော်ရွင်ကြပါစေ...ဗျာ

FaceOnBody2.4 portable

                           ဒီနေ့တော့ ဖြတ် ၊ ညှပ် ၊ ဆက် လုပ်တာဝါသနာပါတဲ့ သူတွေ
ကလိနိုင်အောင် faceonbody ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ portable လေး
ဆိုတော့သုံးရတာ ပေါ့ပေါ့ပါးပါး နဲ့ပိုပြီးအဆင်ပြေတာပေါ့။သူ့အတွက်လိုအပ်တဲ့key
လေးကို  ကျွန်တော်အထဲမှာ  ထည့်ပေး ထားပါတယ်။  ပုံမှာ တွေ့ကြတဲ့  အတိုင်း
မုတ်ဆိတ်မွှေးနဲ့  မော်ဒယ်(လ်)ဂဲတွေ စသည်ဖြင့်ပေါ့  အနုပညာမျက်စေ့ ရှိရင် ရှိ
သလောက်လုပ်လို့ရပါတယ်။ အသုံးပြုနည်းကလဲ ကျွန်တော်ပြောပြစရာမလိုပါဘူး။
ဘာပြီးရင် ၊ ဘာဆက်လုပ်ရမယ်  ဆိုတာ ဆော့ဝဲကပဲ တစ်ဆင့်ချင်း ရှင်းပြပေးပါ
လိမ်မယ်။  သူခိုင်းတဲ့အတိုင်း  နောက်ကနေအသာလေး  လိုက်လုပ်ရုံပါပဲ။  ဒါပေမဲ့

မင်းလူ ဝတ္တုစာအုပ်များ

              

              ဒီတစ်ခါတော့ ဆရာမင်းလူ ရဲ့ဝတ္တုလေးတွေကို ရသလောက်လေး
စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။  စာပေဝါသနာပါတဲ့ သူငယ်ချင်းများ အဆင်
ပြေစေရန် ကျွန်တော်သိသလောက်လေးပြန်ပြီးတော့ မျှဝေတဲ့သဘောပါ။ ငါသိ၊
ငါတတ်ကြီးလုပ်ချင်လို့ မဟုတ်ပါဘူးဆိုတာတော့ ကြိုတင်အသိပေးပါရစေ။ အမှန်
အတိုင်းဝန်ခံရရင် ကွန်ပြူတာဆို မနေ့တနေ့ကမှ လက်တွေ့ကိုင်ဖူးတာပါ။ အဲဒီတော့
ကျွန်တော်ဟာ မူကြိုအဆင့်တောင်မရောက်သေးတဲ့ သာမန်သူလို၊ ကိုယ့်လို သူ
တယောက်ပါဗျာ။ ဒါပေမဲ့ ကျွန်တော်သိထားတာလေးတွေကို တနေရာထဲမှာ
ပြည့်ပြည့်စုံစုံမဟုတ်ခဲ့ရင်တောင် အတိုင်းအတာတစ်ခုအထိ စုဝေးပေထားခြင်း
ပဲဖြစ်ပါတယ်။ ကဲ..အောက်မှာကြိုက်တဲ့ စာအုပ်သာ ကလစ်ပြီးတော့ဖတ်ပေးကြ

Xus Desktop 1.3.58

                       ဒါလေးကတော့ မိမိDesktop ကိုသူများတွေထက် တစ်မူထူးခြားပြီး
အမြင်ဆန်းဆန်းလေးထားချင်တဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။ full သုံးလို့
ရအောင် serial key လေးပါထည့်ပေးထားပါတယ်။ အသုံးပြုရတာလဲ မခက်ပါဘူး။
shortcut တွေကိုလဲ ကြိုက်သလို တိုးလို့၊ လျှော့လို့ရပါတယ်။ ဒီဇိုင်းလေးကလဲ တော်
တော်လန်းပါတယ်။ ဖိုင်ဆိုဒ်ကလဲ 2.86MB ပဲရှိပါတယ်။ ကြိုက်တယ်ဆိုရင်တော့
အောက်မှာ ယူသွားလိုက်ပါ။ တစ်ခုခုအဆင်မပြေတာရှိခဲ့ရင် c.box မှာဖြစ်ဖြစ်၊
lulinmg9@gmail.com ကိုမေးပို့ပြီးဖြစ်ဖြစ် ပြောလို့ရပါတယ်။ အားလုံးပဲ ပျော်ရွင်

ကြပါစေ...ဗျာ။

Diary one. v6.65

       


                   ဒိုင်ယာရီ ရေးတတ်တဲ့  အကို၊အမ တွေအတွက် တင်ပေးလိုက်ပါတယ်။ အထဲမှာ 
ကာလာ(၄) မျိုး  ပါပါတယ်။  ကြိုက်တာလေး  ရွေးသုံးနိုင်ပါတယ်။ သူ့အတွက် keygen လေးပါ
ထည့်ပေးထားပါတယ်။  အရင်ဆုံး  diaryone.setup လေးကို install လုပ်လိုက်ပါ။ ပြီးရင် skins
ဖိုင်လေးကို  copy ယူပြီး c/ program files/ Diaryone/ skins ထိအဆင့်ဆင့်သွားပြီး past ပေး
လိုက်ပါ။  ပြီးရင် Diary one က tools မှ skins ကိုကြိုက်တာ  ရွေးသုံးနိုင်ပါပြီ။ တစ်ခုအကြံပေး
ချင်တာက Diaryone ကို မြန်မာလို  ရေးမယ်ဆိုရင် zawgyione မဟုတ်တဲ့  အခြားဖောင့်
တစ်ခုခုကိုသုံးစေချင်ပါတယ်။ ဖိုင်ဆိုဒ်ကလဲ 8.01MB ပဲရှိပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ အားလုံးပျော်ရွင်ကြပါစေ...ဗျာ

ငွေကြည် ရဲ့ ဟာသကာတွန်း

         
           တစ်ခါတလေ  အပျင်းပြေကာတွန်းစာအုပ်လေးတွေဖတ်ချင်ရင် ဖတ်လို့
ရအောင်ဆိုပြီး  တင်ပေးလိုက်ပါတယ်။ အောက်မှာကြိုက်တဲ့စာအုပ်ကို ကလစ်ပြီး
ဖတ်ပေးကြပါ။ အားလုံးပဲ  ပျော်ရွင်ကြပါစေ...ဗျာ။

နီကိုရဲ ဝတ္တုများ

                         

                   ဆရာနီကိုရဲ ဝတ္တုလေးတွေကို ရသလောက်လေး စုစည်းပြီးတင်ပေး
လိုက်ပါတယ်။အချိန်မရှိလို့မနည်း လုပြီးတင်ပေးနေရတယ်။  အချိန်မချမ်းသာတာပါ 
ပိုက်ဆံကြတော့ရှားနေတယ်။နောက်ပြီးသူမပါရင်မပြီးသလောက်ကိုကိုကော်နက်ရှင်
ကလဲဈေးကိုင်နေလို့ ချော့နေရသေးတယ်။ဘာပဲဖြစ်ဖြစ်ပါ  ကျွန်တော့်ဆိုဒ်လေးကို
လာလည်တဲ့ သူငယ်ချင်းတွေ အဆင်ပြေတယ်ဆိုရင်ကျွန်တော်လဲ ပီတိဖြစ်ရပါတယ်။
အောက်မှာ  ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြပါခင်ဗျာ။အားလုံးပျော်ရွင်

Megic Desktop

  
              ဒါလေးကတော့ မိမိ desktop ကို  လှလှပပလေး အမြင်းဆန်းချင်သူတွေ
အတွက်ပါ။  ဒီဇိုင်းတော်လဲ တော်တော်လေး လန်း ၊ တော်တော်လေး လဲစုံပါတယ်။ 
start menu ကအစ mouse pointer အထိအလှတရားတွေ တွေ့မြင်ရမှာပါ။ တစ်ခုပို
ကောင်းတာက ဖရီးပေးထာပဲ။ကျွန်တော်တို့မြန်မာလူမျိုးတွေကလဲ  သိတော်မူကြတဲ့
အတိုင်းပါပဲ။ အလကား ဆိုလို့ကတော့  နှစ်ခုရမလားတောင်မေးချင်သေးတယ်။ အသုံး
ပြုနည်းကတော့ အင်မတန်လွယ်လို့ လူတတ်ကြီး  လုပ်ပြီးတော့ရှင်းမပြတော့ပါဘူး။ 
ကိုယ်တိုင်ပဲ  စမ်းကြည့်လိုက်ပါဗျာ။  ဖိုင်ဆိုဒ်ကလဲ 30.99MB  ပဲရှိပါတယ်။ ကြိုက်
တယ်ဆိုရင်အောက်မှာယူသွားလိုက်ပါဗျာ။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင်
ပြောသွားကြပါဦး။ ဒါမှ နောက်လူတွေအတွက်အချိန်မှီ ပြန်ပြင်ခွင့်ရမှာမို့ပါ။ အားလုံးပဲ

laptop battery doubler v1.2.1

                            
ကျွန်တော်အခု laptop သမားတွေအတွက် battery doubler လေးတင်ပေးလိုက်
ပါတယ်။  ဘာအတွက်အသုံးပြုတာလဲဆိုတော့  ခေါင်းစဉ်မှာပါပြီးသားပါ။ laptop battery
ကို ထိန်းသိမ်းပေးဖို့ပါ။  ဖိုင်ဆိုဒ်ကလဲ 1.33MB ပဲရှိပါတယ်။ အထဲမှာ သူ့အတွက်
name နဲ့ serial key လေးပါတစ်ခါထဲထည့်ပေးထားပါတယ်။ တစ်ခုသတိထားရမှာက
key ဖြည့်ချိန်မှာ ကော်နက်ရှင်ရှိနေရပါမယ်။ တချို့ဆော့(ဖ်)ဝဲတွေက ကော်နက်ရှင်
ဖြုတ်ပေးမှ key ဖြည့်လို့ရပါတယ်။ သူကတော့ ကော်နက်ရှင်ရှိနေမှ keyဖြည့်တာရပါတယ်။
လိုအပ်တဲ့သူတွေ  အောက်မှာယူသွားလိုက်ပါဗျာ။ တစ်ခုခု အဆင်မပြေတာရှိခဲ့ရင်c.box (သို့) lulinmg9@gmail.com ကိုမေးပို့ပြီးဖြစ်ဖြစ် မေးနိုင်ပါတယ်။ 

သူ မသိစေ...

မြတ်နိုး  မိခြင်း
နှောင်ရစ်  တင်းသည်
ချစ်ခြင်း  အစ
သမုဒ္ဒယ  အပူ
သူဆိုမှ သူအစွဲ
ရင်ထဲ  မြေ့ကျွမ်း
ကိုယ်ပဲ  လွမ်းမယ်

တာရာမင်းဝေ ဝတ္တုစာအုပ်များ

                     

                    ဒီနေ့တော့ ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေရသလောက်စုစည်းပြီး
တင်ပေးလိုက်ပါတယ်။ စာပေချစ်သူတွေအတွက်  စာအုပ်တွေကိုစုံအောင်တင်ပေးချင်
ပေမဲ့  ကော်နက်ရှင်က ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေ လူကလဲ  နဲနဲအပျင်းထူနေတာနဲ့
ဒီပို့(စ်)လေးတင်ဖို့တောင်  မနည်းအားယူလိုက်ရတယ်။ နောက်တော့ စာအုပ်တွေစုံအောင်
ဖြေးဖြေးချင်းတင်ပေးသွားပါမယ်။ အခုမှဘလော့စရေးခါစဆိုတော့  သိပ်ပြီးမလုပ်တတ်
မကိုင်တတ်သေးတော့ လိုအပ်ချက်တွေရှိရင်  နားလည်ပေးကြပါခင်ဗျာ။ အကြံဥာဏ်
ပေးစရာရှိရင်လဲ c.box လေးမှာပြောပေးသွားကြပါဦး။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဖတ်ချင်တဲ့စာအုပ်ကို  ကလစ်ပြီးသာဖတ်ပေတော့ဗျာ.......

သူငယ်ချင်းတွေကို လျှို့ဝှက်မေးလေးပို့ပြီးစရအောင်ဗျာ

                      
              ဒါလေးကတော့ အပျော်သဘောပေါ့ဗျာ။  ကိုယ့်သူငယ်ချင်းတွေဆီကို
ကိုယ်ကြိုက်တဲ့နာမည်  ဥပမာ..မိုးနတ်မင်း@gmail.com  ဆိုပြီးမေးပို့အကြောင်
ရိုက်ကြတာပေါ့။ ကျွန်တော်တစ်ခု  ပြောချင်တာက ဘယ်အရာမဆို သုံးတတ်ရင်
အကျိုးရှိပြီး ၊ မသုံးတတ်ရင်ဘေးဖြစ်စေပါတယ်။ ခုလဲဒီမေးပို့တာလေးက  သာမန်
အပျော်အတွက်အသုံးပြုရင် ပျော်စရာကောင်းပါတယ်။ ဒါမှမဟုတ်ကိုယ်မကျေနပ်
တဲ့အကောင့်ပိုင်ရှင်ကို ညစ်ညမ်းတဲ့စကားတွေနဲ့ ဆဲရေးတိုင်ထွာချင်လို့ဆိုရင်တော့
ဘေးဖြစ်သွားပါပြီ။  မျှဝေပေးမိတဲ့ ကျွန်တော်လဲဘယ်လိုမှ  စိတ်ကောင်းနိုင်မှာ
မဟုတ်ပါဘူး။ ဒီတော့အပျော်သဘောဆောင်ပြီး သူငယ်ချင်းအချင်းစရအောင်ဗျာ။
လုပ်နည်းကမခက်တော့  အထူးအထွေရှင်းမပြတော့ပါဘူး။ ကိုယ့်တိုင်သာလုပ်ကြည့်

အတုမဲ့ချစ်ခြင်းနဲ့ ပစ်ခွင်းသောအမုန်းမြှား

အတု  မဲ့စွာ
ချစ်ခဲ့  ပါသည်
ချစ်ခြင်း  ရဲ့အား
အမုန်း  မြှားနဲ့
ရှုံးသွား  တဲ့ကိုယ်

အကြည်တော် ဝတ္တုစာအုပ်များ

                           

                            ကဲ...အကြည်တော်ရဲ့ စာအုပ်လေးတွေပါဗျာ။ ပျော်ပျော်
ရွင်ရွင် လေးသာဖတ်ကြပါ။ နောက်ထပ်စာအုပ်တွေကိုလဲ ထပ်တင်ပေးပါဦးမယ်။
ခုတလော ကွန်တတ်ရှင်ကလဲ သိတော်မူကြတဲ့အတိုင်ပါပဲ အင်မတန်စိတ်ကောက်
တတ်တဲ့ ကောင်းမလေးတစ်ယောက်ကို  ရည်းစားထားရသလိုပါပဲ။  ဘယ်အချိန်
ထဖောက်မလဲ  အရိပ်တကြည့်ကြည့်  ကြည့်နေရတာလေ....အားလုံးပဲ
ပျော်ရွင်ကြပါစေဗျာ။ အဆင်မပြေတာရှိခဲ့ရင်လဲ  ပြောပေးသွားကြပါဦးနော်။

ပိုးဇာ၊ လေးမွန်၊ ထွေးမွန် ကာတွန်းစာအုပ်များ

           
              ဟင်...ဒီလူကြီး  ဒီအသက်အရွယ်ကြမှ ကလေးကလား 
ကာတွန်းစာအုပ်တွေတင်နေတယ်လို့  မထင်စေချင်ဘူးဗျာ။ လူတိုင်း
လူတိုင်း  နေ့စဉ်နဲ့အမျှ  လှုပ်ရှားရုန်းကန်ရင်းစိတ်ညစ်စရာ၊ စိတ်ရှုတ်စရာတွေ
ဆိုတာ မကြာခဏဇယ်ဆက်သလို ကြုံတွေ့နေကြရတာပါ။အဲဒီလိုစိတ်ညစ်နေချိန်မှာ  လူတော်တော်များများက စိတ်ထွက်ပေါက်တခုအနေနဲ့ လိုက်ရှာကြတာကတော့ “ဟာသ”ပါ။တကယ်လို့စိတ်ညစ်ပြီးကျွန်တော့်ဘလော့ကိုရောက်လာတဲ့ အချိန်မှာ
ဒီကာတွန်းလေးတွေဖတ်ပြီး ခဏလောက်ဖြစ်ဖြစ်  ပြုံးရတယ်ဆိုရင်ပဲ  ကျွန်တော်
ကျေနပ်ပါတယ်။အားလုံပဲ ပြုံးပျော်နိုင်ကြပါစေဗျာ....

တက္ကသိုလ်ဘုန်းနိုင် ဝတ္တုစာအုပ်များ

                

               ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္တုစာအုပ်တွေပါ။ အဟောင်းတွေ  ဖြစ်ပေမဲ့
မဖတ်ရသေးရင်တော့ အသစ်ပေါ့ဗျာ။ ဖတ်ပြီးသားဆိုခဲ့ရင်တောင်  ဘယ်အချိန်ပြန်ဖတ် 
ဖတ် ကောင်းနေဆဲပါပဲ။ ကျွန်တော့်ဘလော့လေးကို  လာလည်ကြတဲ့ အကိုတွေ ၊ အမတွေ အထဲမှာဆရာရဲ့ပရိတ်သတ်တွေလဲ ပါချင်ပါနိုင်တယ်လေ။  တကယ်လို့များပါလာခဲ့ရင်  အလွယ်တကူဖတ်နိုင်အောင် တင်ပေးထားခြင်းဖြစ်ပါတယ်။  အဆင်မပြေတာ ရှိခဲ့ရင် c.box မှာပြောသွားပေးကြပါဦးခင်ဗျာ။  ကျွန်တော်က  ခုမှလူမိုက်လက်သစ်.....အဲလေ.... ဘလော့သင်လေးမို့ပါ။ ကျေးဇူးတင်ပါတယ်။

မင်းသိင်္ခ ဝတ္တုစာအုပ်များ


                          

          အားလုံးပဲ မင်္ဂလာပါခင်ဗျာ။  စာအုပ်တွေကို ကျွန်တော့်ဘလော့မှာပဲ တစ်ခါထဲ
ဖတ်လို့ရအောင်တင်ပေးချင်ပါတယ်။ဒါပေမဲ့အလုပ်တဖက်နဲ့ဆိုတော့အချိန်မရတဲ့အတွက်
လင့်(ခ်)လေးတွေချိတ်ပေးပြီဖတ်ခိုင်ရတာ  တောင်းပန်ပါတယ်။  ခုလဲ အလုပ်တွေမအားတဲ့
ကြားကနေ ရတဲ့အချိန်လေးမှာ စာအုပ်တွေတင်ပေးထားပါတယ်။ ကျွန်တော့်အခက်အခဲကို  နားလည်ပေးကြလိမ်မယ်လို့ ထင်ပါတယ်။ တကယ်လို့ဖတ်ချင်တဲ့  စာအုပ်တွေမရှိသေးဘူး
ဆိုရင်လဲ   c.box မှာပြောခဲ့ပါဦး။  ကျွန်တော်တတ်နိုင်သလောက်ရှာပြီးတင်ပေးပါမယ်။ ဆိုဒ်အတွက်လိုအပ်ချက်လေးတွေ  ရှိရင်လဲ တစ်ခါထဲပြောခဲ့ပါဗျာ။ ခုတော့မင်းသိင်္ခ ဝတ္တုလေးတွေနဲ့ပဲကျေနပ်ပေးကြပါဦး နော်။

screensaver အလန်းလေးတွေ






  

ကျွန်တော်ဟာကွန်ပြူတာနဲ့  ပတ်သတ်လို့ က၊ခအဆင့်တောင်မရောက်သေးတဲ့သူတစ်ယောက်ပါ။
ဒါကြောင့် တစ်စုံတစ်ခု အမှားပါခဲ့မယ်ဆိုရင် နားလည်ပေးပါလို့ တောင်ပန်ချင်ပါတယ်ခင်ဗျာ။ အခုတင်ပေးသော အရာအားလုံးနှင့် နောက်နောင်တင်ပေးသောအရာအားလုံးတို့သည် ကျွန်တော့်
လက်ဆော့မှု့ကြောင့်တွေ့ရှိထားသောအရာ  အနည်းငယ်နှင့် ကျွန်တော့်နောင်တော်  နောင်တော်
blog များမှနည်းပညာများကို အမြတ်မစားပဲ အရင်းအတိုင်းဖောက်သည်ချ ဖြန့်ဝေပေးခြင်းဖြစ်
ပါသည်။ ကဲ...လေကြောရှည်နေတာနဲ့ လိုရင်းကိုမရောက်တော့ဘူး။ ဒါလေးကတော့ free
ပေးထားတဲ့ screensaver  အလန်းလေးတွေပါ။ တော်တော်လေးစုံပါတယ် ၊တော်တော်လဲ လှပါတယ် ။ ပိုက်ပိုက်ကုန်မှာကြောက်ပြီး အလှအပကြိုက်တဲ့အကို၊အမများအတွက်သူ့ရဲ့မူ 
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...