Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

အစိမ်းရောင်.....နှင်းဆီ



      ကဗျာလေးတွေ တငမပေးဖြစ်တာ တော်တော်ကြီးကို ကြာသွားပါပြီ။ ဒီနေ့တော့ မိုးက အုံ့မှိုင်းပြီး
တစ်ခုခုကို လွမ်းသလို ၊ ဆွေးသလို ခံစားရလို့ ဆရာ မောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ကဗျာတစ်ပုဒ် 
ကို ဖွဖွလေး ရွတ်ဆိုမိလို့ ကဗျာချစ်သူတွေလဲ ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်....


အစိမ်းရောင်.....နှင်းဆီ
  
မုန်တိုင်း...
လေပြေရဲ့  တံတိုင်းကိုချိုး
ပန်းမျိုးတစ်ရာကို ချေဖျက်
သူ့ရဲ့ လက်နက်ကို
ရက်စက်တယ်လို့ မယူဆလို
မုန်တိုင်း ဆိုတာ
(တစ်ချိန်ချိန်မှာ ရင့်အိုသွားရစမြဲ)
အစဉ်နုပျိုနေတာမှ မဟုတ်ပဲလေ....။

...သပြေညို....

             ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ကဗျာလေးပါ။ အထက်တန်းကျောင်းတုန်းက 
ဖတ်ရင်းရင်ထဲမှာ စွဲငြိခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ကဗျာချစ်တတ်သူတွေအတွက် မျှဝေရင်....

လွင့်ကြွေကျ  ဖို့တော့
ပွင့်မနေ ပါရစေနဲ့....
သူချိုးနိုင်ဖို့  အခက်ဝေ
သူနေနိုင်ဖို့  အရိပ်ပေး

ဆရာဇော်ဂျီ ကဗျာစာအုပ်များ

                ဆရာ ဇော်ဂျီ ရဲ့ ကဗျာစာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ တစ်ခေတ် တစ်ခါက နာမည်
ကြီးခဲ့တဲ့ ဗေဒါလမ်းအပါအဝင် ကဗျာကောင်းလေးတွေ စုစည်းထားတဲ့ ကဗျာစာအုပ်လေးတွေပါ။အောက်
မှာကြိုက်တဲ့ စာအုပ်ကို ကလစ်ပြီးဖတ်နိုင်သလို သိမ်းထားချင်တဲ့သူတွေကလဲ ကြိုက်တဲ့စာအုပ်ကို ယူသွား
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

...ချစ်သူသိလေ...

             ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ရင်ထဲကို ပွတ်တိုက်သွားတဲ့ ကဗျာလေးပါ။ ကဗျာကို
စွဲစွဲလန်းလန်း ၊ တမ်းတမ်းတတ ရင်ထဲမှာသိမ်းဆည်းတတ်သူတွေ အတွက်မျှဝေခံစားရင်း........


မျက်နှာတွေ့မှ  မြင်ခွင့်ရတာ
မဟုတ်ပါကွယ်  ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်  ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ  အကြည့်မှာမြင်
သူပဲထင်တယ်  ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ  တွေ့နိုင်ပါ၏
ချစ်သူသိလေ......။

အသံကြားမှ  နားမှာဆက်ဆက်
ကြားလာတတ်တာ  မဟုတ်ပါလေ
စမ်းရေသံကြား  သူ့စကားရှိ
ငှက်၏တေးသံ  သူ့သံသာတွေ
နှုတ်ခြွေစကား  နားမှာတီးတိုး
ဟိုး..အရင်လို  ရွှင်ချိုကြည်မြ

... အိပ်မက်ကြမ်း ...

    ဆရာ မောင်လှမျိုး [ချင်းချောင်းခြံ ] ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။  ရင်ဘတ်ချင်း တူတဲ့သူတွေ
ခံစားနိုင်ဖို့ မျှဝေလိုက်တာပါ။ 

ကျောက်ကြမ်းကြမ်းမှာ
ဖရောင်းပန်း လှလှပွင့်တယ်။


တောင်ထိပ်ရောက်ဖို့ တတ်တာမဟုတ်ဘူး
တောင်ရှိလို့ တတ်ပြစ်လိုက်တာ။


ပြုတ်ကျလို့ သေချင်သေ
ငုတ်တုတ်ထိုင်နေသူတွေကို သနားတယ်။


အခြေအနေကောင်းမှ
လမ်းလျှောက်ထွက်ချင်သူတွေတော့
ရှိကြတာပေါ့။

ချစ်သူဆီကတောင်
“ဘာပဲဖြစ်ဖြစ် ချစ်မှာပဲ” ..ဆိုတဲ့

သူ မသိစေ...

မြတ်နိုး  မိခြင်း
နှောင်ရစ်  တင်းသည်
ချစ်ခြင်း  အစ
သမုဒ္ဒယ  အပူ
သူဆိုမှ သူအစွဲ
ရင်ထဲ  မြေ့ကျွမ်း
ကိုယ်ပဲ  လွမ်းမယ်

အတုမဲ့ချစ်ခြင်းနဲ့ ပစ်ခွင်းသောအမုန်းမြှား

အတု  မဲ့စွာ
ချစ်ခဲ့  ပါသည်
ချစ်ခြင်း  ရဲ့အား
အမုန်း  မြှားနဲ့
ရှုံးသွား  တဲ့ကိုယ်

တခန်းရပ်...အလွမ်း

သွားတော့  မလား
မတား  ပါဘူး
ထားခဲ့  လိုက်ပါ....။
နာကြင်  ခံစား
အမုန်း  တရားတွေနဲ့
လမ်းမခွဲခင်  ခဏ
အစ  တည်းက
မကောင်း  တဲ့ဇာတ်
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...