Wedding Album Maker Gold v3.31



             ကျွန်တော့်ရဲ့ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ အစ်ကို ၊ အစ်မ ၊ သူငယ်ချင်း
တွေကို မင်္ဂလာရှိသော နှစ်သစ်လေးပါ  လို့ ဒီပို့စ် ၊ ဒီနေရာလေးကနေ နှုတ်လိုက်ပါတယ်ခင်ဗျာ။ နှစ်သစ်
မှာ လူသစ် ၊ စိတ်သစ်နဲ့ အားလုံးသောအရာများတို့သည်လဲ အသစ် အသစ်တွေသာဖြစ်ကြပါစေလို့လဲ ဆု
တောင်းပေးလိုက်ပါတယ်။ များမကြာခင် အချိန်နာရီပိုင်းမှာပဲ  (2012) ခုနှစ်ကိုရောက်ပါတော့မယ်။ ကျွန်
တော်တို့ သတိမထားပဲ အမှု့မဲ့ ၊ အမှတ်မဲ့ ကျော်ဖြတ်ခဲ့တဲ့ အချိန်တွေကပဲ မှတ်မှတ်ရရ တစ်နှစ်ပြီး တစ်နှစ်
ရွေ့လျှားလာလိုက်တာ.....ဟူးးးးးး အရာရာဟာ လွမ်းမော တ,သ စရာတွေချည်ပါပဲလေ.....
           ကဲ...ကျွန်တော်လဲ ရှာရှည်လို့ အားရသွားပါပြီ။ ကျွန်တော့်ရဲ့ နှစ်သစ်လက်ဆောင် (အမှန်ကတော့
နှစ်သစ်မဟုတ်လဲ တင်ပေးမှာပါပဲ) အဖြစ်  Wedding Album Maker Gold လေးတင်ပေးလိုက်ပါတယ်။
နှစ်သစ်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ မင်္ဂလာဆောင်ပြီးတဲ့အခါ ကိုယ့်မင်္ဂလာဆောင်ရဲ့ဓါတ်ပုံလေးတွေကို ဒီ
ကောင်းလေးနဲ့ မှတ်တမ်းတင်ထားနိုင်ပါတယ်။ အားလုံးစိတ်ကြိုက် Effect တွေထည့်ပြီးပြီဆို Burn Disc
ကနေ အခွေပါတစ်ခါတည်း ဘမ်းထုတ်လို့ရပါတယ်။  သူ့ရဲ့အားသာချက်တစ်ခုကတော့ မြန်မာစာလုံးကို
ကောင်းကောင်းကြီး  Support လုပ်နိုင်ခြင်းပါပဲ။  စိတ်ကြိုက်  အသုံးပြုနိုင်အောင်  Serial Key လေးထည့်
ပေးထားပါတယ်။ လိုချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်
ကလဲ 23 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

မစန္ဒာ ဝတ္တုစာအုပ်များ



                ဆရာမ မစန္ဒာ ရဲ့ဝတ္တုစာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ ဆရာမရဲ့ အရေးအသား
နဲ့ဇာတ်အိမ်ဖွဲ့ပုံတွေကို ဖတ်ဖူးသူတိုင်း သဘောကျကြပါတယ်။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ဖတ်
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

VZO ၊ SKYPE ကိုတစ်ခုမက ဖွင့်ရအောင်


               ဒါလေးကတော့ ကျွန်တော်တို့ VZO တို့ Skype တို့လို ဘယ်လိုမှ နှစ်ခု ၊ သုံးခု ကိုတပြိုက်နက်
ဖွင့်ခွင့်မရှိတဲ့ ဟာကို ရအောင်ဖွင့်ပြီး ချက်ချင်သူတွေအတွက်ပါ။  သဝန်တိုတတ်တဲ့ ချစ်သူတွေ အတွက်
တော့ နောက်ဆိုပိုပြီး စိတ်ပူရတော့မယ်ထင်တယ်နော်..။ အရင်ကဆို  G-talk အကောင့်နှစ်ခုဖွင့်ပြီး ချက်
မှာကိုပဲ စိတ်ပူရတာ။ ခုတော့ VZO ရော Skype ပါဆိုတော့...အင်းးးးး။ ဆော့ဖ်ဝဲတစ်ခုတော့ Install လုပ်
ဖို့လိုပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ
 1.88 MB ပဲရှိပါတယ်။ ဘယ်လိုအသုံးပြုပြီး ဖွင့်ရမလဲဆိုတာ အောက်မှာ ကျွန်တော်ပုံလေးတွေနဲ့ပြထား
ပါတယ်....

ပုညခင် ဝတ္တုစာအုပ်များ



                   ဆရာမ  ပုညခင် ရဲ့ဝတ္တုစာအုပ်လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ခုတလော
ကွန်နက်ရှင်ဖောက်နေလို့ ဆော့ဖ်ဝဲတွေတင်မပေးနိုင်သေးခင် စာအုပ်တွေကို ပိုပြီးတင်ပေးထားတာပါ။ ဒီနေရာမှာ စာဖတ်တာဝါသနာပါတဲ့သူတွေကို ကျွန်တော်တစ်ခု အသိပေးချင်ပါတယ်။ ကိုအောင်လေး
ကကျွန်တော့်ကို မေးထဲကနေတဆင့် တွတ်ပီစာအုပ်အသစ်တွေတင်ပေးဖို့ တောင်းထားပါတယ်။ ပြန်
မကြည့်လို့ဖြစ်ပါလိမ်မယ်။ ကျွန်တော်တင်ထားတဲ့ ဘယ်ပို့စ်မဆို တင်ပြီး,ပြီးရောမထားပါဘူး။ အထူးသ
ဖြင့် စာအုပ်ပို့စ်တွေပေါ့။ အခါအခွင့်သင့်လို့ စာအုပ်အသစ်တွေ့ပြီဆိုတာနဲ့ တစ်ခါထဲတန်းပြီး ဖြည့်ပေး
ထားပါတယ်။ ခုဆိုရင် တွတ်ပီအပါအဝင် စာအုပ်တွေမှာ အသစ်တွေတော်တော်လေးတိုးနေတာ သတိ
ထားမိတဲ့သူတွေလဲ ထားမိပါလိမ်မယ်။ နောက်လဲကျွန်တော် တွေ့မိသလောက်ထပ်ပြီးဖြည့်ပေးနေဦးမှာ
ပါ။ စာဖတ်သူ အစ်ကို ၊ အစ်မ တွေကသာ “ဒါ..ငါဖတ်ပြီးသားစာအုပ်ပို့စ် ”ဆိုပြီး ကျော်မသွားပဲ ကိုယ်
တကယ်ကြိုက်နှစ်သက်တဲ့ စာရေးဆရာရဲ့ စာအုပ်တွေကို အသစ်တွေထပ်ဖြည့်ထားသေးလားဆိုတာ
တစ်ချက်လောက်ပြန်,ပြန်ကြည့်ပေးကြပါ။ ကဲ...လေကြောကတော့ တော်တော်ရှည်နေပြီ။ အောက်မှာ
ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

မြသန်းတင့် ဝတ္တုစာအုပ်များ

         
         ဆရာ မြသန်းတင့် ရဲ့ဝတ္တုစာအုပ်လေးတွေနဲ့ ဘာသာပြန်စာအုပ်တွေကို စုစည်းပြီးတင်ပေးလိုက်
ပါတယ်။ ဆရာ့ရဲ့အရေးအသားနဲ့ ဘာသာပြန်စွမ်းရည်ကိုတော့ ဖတ်ဖူးသူတိုင်းသိကြပါတယ်။ အောက်
မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

xilisoft Audio Maker V3.0.49.1231


             ဒီနေ့တော့ ကျွန်တော်တို့ သီချင်းတွေကို ကိုယ်တိုင်လုပ်ချင်သူတွေအတွက် Xilisoft Audio 
Makerလေးတင်ပေးလိုက်ပါတယ်။ စိတ်ကြိုက်ပြုပြင် ပြီးပြီးဆိုရင် ခွေပါတစ်ခါတည်း ဘမ်းခွင့်ရှိပါတယ်။
စိတ်ကြိုက်အသုံးပြုနိုင်အောင် Keygen လေးပါထည့်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်
မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  5.62 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

Proxyswitch Standard 3.9.0

   
                    ဒါလေးကတော့ ကျွန်တော်တို့ ပိတ်ထားတဲ့ (Access Denied) ဆိုဒ်တွေကို ကျော်ကြည့်ဖို့
လိုအပ်တဲ့သူတွေအတွက်ပါ။ မိမိအတွက် အသုံးဝင်တဲ့ဆိုဒ်တွေမှာပိတ်ထား (Access Denied) ဖြစ်နေ
ရင် ဒီကောင်လေးသုံးပြီး ကျော်မယ် ၊ ခွမယ် လိုအပ်ရင် သိုင်းကွက်ပါနင်းမယ်ဗျာ။ အသုံးပြုနည်းတော့
ကျွန်တော်ရှင်းမပြတော့ပါဘူး။ ဆော့ဖ်ဝဲကို Install လုပ်ပြီးတာနဲ့ တစ်ခါတည်း  ဘယ်လိုသုံးရမလဲဆို
တာရှင်းပြပေးပါလိမ်မယ်။ တကယ်လို့ အသုံးပြုပုံမေ့နေတယ်ဆိုရင်လဲ အပေါ်ဘားမှ Help မှာသွားပြန်
ကြည့်လို့ရပါသေးတယ်။  လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေ ယူသွားလိုက်
ပါ။ ဖိုင်ဆိုဒ်ကလဲ  2.95 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Intocartoon pro 3.0


                    ဒါလေးကတော့ ကျွန်တော်တို့ ဓါတ်ပုံတွေကို စိတ်ပါဝင်စားစွာ ကလိတတ်သူတွေအတွက်
Intocartoon pro လေးတင်ပေးလိုက်ပါတယ်။ အဓိက အသုံးပြုမှု့က ဓါတ်ပုံတွေကနေ ကာတွန်းပုံလေး
တွေအဖြစ် ပြောင်းတဲ့ကောင်လေးဆိုပေမဲ့ နောက်ထပ်လုပ်လို့ရတဲ့ အပိုင်းတွေလဲ  ကျန်ပါသေးတယ်။
ဘာတွေ  လုပ်လို့ရသေးလဲဆိုတာတော့ ကိုယ်တိုင်သာ စမ်းသုံကြည့်လိုက်ပါ။ Full Version သုံးလို့ရ 
အောင် Patch လေးပါထည့်ပေးထားပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ် 
ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  2.12 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

G-talk ကိုတစ်ခုမက ဖွင့်ရအောင်


               ဒါလေးကတော့ ဂျီတော့က အစ်မတစ်ယောက်မေးထားတာလေးပါ။ မသိသေးတဲ့သူတွေပါ
သိသွားရအောင်လို့ ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပေးလိုက်တာပါ။  သိပြီးသာသူတွေကတော့ ကျော်ပြီးဖတ်
သွားလိုက်ပါ။ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ဂျီတော့ကို တစ်ခုထက်မက သုံးရတဲ့အခြေအနေ
မျိုး ကြုံရတတ်ပါတယ်။ အဲလိုမျိုးကြုံခဲ့ရင် အောက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်။

ဆရာဇော်ဂျီ ကဗျာစာအုပ်များ

                ဆရာ ဇော်ဂျီ ရဲ့ ကဗျာစာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ တစ်ခေတ် တစ်ခါက နာမည်
ကြီးခဲ့တဲ့ ဗေဒါလမ်းအပါအဝင် ကဗျာကောင်းလေးတွေ စုစည်းထားတဲ့ ကဗျာစာအုပ်လေးတွေပါ။အောက်
မှာကြိုက်တဲ့ စာအုပ်ကို ကလစ်ပြီးဖတ်နိုင်သလို သိမ်းထားချင်တဲ့သူတွေကလဲ ကြိုက်တဲ့စာအုပ်ကို ယူသွား
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Craagle 4.0


              ဒါလေးကတော့ ကျွန်တော်တို့ အင်တာနက်ကနေပြီး ဆော့ဖ်ဝဲတွေကို Trail Version တွေ
ယူသုံးကြပါတယ်။ ကိုယ်ကြိုက်တဲ့ဆော့ဖ်ဝဲကို  full version အဖြစ်သုံးချင်လာတယ်။ အဲဒီမှာ စတွေ့
တာက Register လုပ်ဖို့ အနည်းဆုံးအနေနဲ့ Serialkey တော့လိုလာမှာပါ။ နောက် ဘလော့ဂ်တွေက
ယူသွားတဲ့ဆောဖ်ဝဲမှာ အကြောင်းအမျိုးမျိုးကြောင့် Key တွေအလုပ်မလုပ်တော့အခါ ဒီကောင်းလေး
ကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ Cracks file တွေ  Serial key တွေကို သူနဲ့သက်ဆိုင်တဲ့
Site တွေကနေ တိုက်ရိုက်ရှာဖွေပြီး ဒေါင်းလော့ပါ  တစ်ခါထဲ ချပေးနိုင်ပါတယ်။ စမ်းကြည့်လိုက်ပါ
Version 1.91 နဲ့ Version 4.0 နှစ်ခုတင်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်
ပြေတဲ့ လင့်ခ်ကနေ ယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ Version 1.91 က 367KB နဲ့ Version 4.0 က 425 
KB စီပဲရှိကြပါတယ်။ ဒီကောင်လေးကိုမသုံးခင် မိမိစက်မှာတင်ထားတဲ့ Virus ကို ခဏပိတ်ထားပြီးမှ အသုံးပြုပါ ဘာလို့လဲဆိုတော့ Virus နဲ့ညှိနေလို့ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ကွန်ပြူတာ Speed မြှင့်ရအောင်


          ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speed မြှင့်ကြည့်ရ
အောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်
ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ။ စလိုက်ရအောင်......

Time Stopper 3.9


          ဒါလေးကတော့ ကျွန်တော်ရဲ့မန်ဘာဝင် တစ်ယောက်ဖြစ်တဲ့ ကိုသူရ တောင်းထားတဲ့ကောင်လေး
ပါ။ အခြားလိုအပ်တဲ့သူတွေပါ အသုံးပြုနိုင်အောင် Time Stopper လေးကိုတင်ပေးလိုက်ပါတယ်။ ဘာအ
တွက်အသုံးပြုတာလဲဆိုတာ မသိသေးသူတွေအတွက် ကျွန်တော်နည်းနည်းပြောပြပါ့မယ်။ ကျွန်တော်တို့
Train Version ဆော့ဖ်ဝဲတစ်ခုမှာ  Crack ၊ Serial key ၊ Patch ၊ Keygen  စတာတွေလုံးဝရှာလို့မရ
တော့တဲ့အခြေအနေမှာဒီကောင်လေးကိုအသုံပြုပြီးအချိန်ကိုရပ်တန့်ထားနိုင်ပါတယ်။ ကိုယ်တိုင်သုံးကြည့်
လိုက်ရင် သဘောပေါက်မှာပါ။  လိုအပ်တယ်ဆိုရင်  အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်
ပါ။  ဖိုင်ဆိုဒ်ကလဲ 1.18 MB  ပဲရှိပါတယ်။ 

မိုးမိုး(အင်းလျား) စာအုပ်များ



          ဆရာမ မိုးမိုး (အင်းလျား) ရဲ့ဝတ္တုစာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ သိမ်းထားချင်သူ
တွေအတွက်လဲ အဆင်ပြေအောင် ဒေါင်းလော့လင့်ခ် လေးတွေကို ကျွန်တော်တတ်နိုင်သလောက်
ချိတ်ပေးထားပါတယ်။ အောက်မှာကြိုက်တဲ့ စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်
ကြပါစေ.....ဗျာ။

Firegraphic 10.5.10502



            ဒီနေ့တော့  Firegraphic  လေးတင်ပေးလိုက်ပါတယ်။ သူကလဲ ကျွန်တော်တို့ Photo
Manager လေးတစ်ခုပါပဲ။ ဓါတ်ပုံတွေကို လိုအပ်သလို ပြုပြင်ချင်တဲ့သူတွေ အတွက်ပါ။ အခြား
Function တွေလဲ အများကြီးရှိပါသေးတယ်။ ကိုယ်တိုင်သာ စမ်းသုံးကြည့်လိုက်ပါ။ အထဲမှာ ကျွန်
တော် Serial key လေးပါထည့်ပေးထားပါတယ်။  ဖိုင်ဆိုဒ်ကလဲ 5 MB ပဲရှိပါတယ်။ လိုအပ်တယ်
ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ 

အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။

ဂျူး ဝတ္တုစာအုပ်များ



             ဆရာမ ဂျူး ရဲ့ဝတ္တုစာအုပ်လေးတွေ စုစည်းပြီးတင်ပေးလိုက်ပါတယ်။  တချို့သူတွေက ဒေါင့်လော့
ချပြီး သိမ်းထားတတ်တဲ့အတွက် အဆင်ပြေအောင် ကျွန်တော့်အနေနဲ့ ဒေါင်းလော့လင့်ခ်လေးတွေကို တတ်
နိုင်သလောက်ရှာပြီးချိတ်ပေးပါ့မယ်။ ဒီမှာတင်ဖတ်ချင်တဲ့ သူတွေကတော့ စာအုပ်နာမည်ကို ကလစ်ပြီးဖတ်
ပေးကြပါ။ ယူသွားချင်သူတွေကတော့ ဒေါင်းလော့ဆိုတဲ့ပုံကို ကလစ်ပြီးယူသွားလိုက်ပါ။  အခြားဖတ်ချင်တဲ့
စာအုပ်တွေ ရှိရင်လဲ c.box မှာ အော်သွားနိုင်ပါတယ်။  အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

AV MP3 Converter


                 ဒါလေးကတော့ MP3 Converter လေး တင်ပေးလိုက်ပါတယ်။ သာမန်အချိန်မှာ အသုံးပြုဖို့
မလိုအပ်ပေမဲ့ ဆောင်ထားသင့်တဲ့ ကောင်လေးမို့တင်ပေးထားတာပါ။ အထဲမှာ Crack ဖိုင်လေးပါထည့်
ပေးထားပါတယ်။  ဖိုင်ဆိုဒ်ကလဲ   2 MB    ပဲရှိပါတယ်။  အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွား
လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Ashampoo slideshow studio HD2.0.4

   
                အစ်ကိုတစ်ယောက် တောင်းထားတဲ့ Slideshow Studio လေးပါ။ Photo Slideshow လုပ်
ချင်တဲ့ အခြားသူတွေပါ  အသုံးပြုနိုင်အောင်  တင်ပေးလိုက်ပါတယ်။   Ashampoo ဆော့ဖ်ဝဲဆိုတော့
ကောင်းပါတယ်လို့ ညွှန်းနေစရာမလိုလောက်ပါဘူး။ အသုံးပြုဖူးသူတိုင်း သိကြပါတယ်။ ထုံးစံအတိုင်း
Music ကတော့ ဖိုင်(သို့) သီချင်းခေါင်းစဉ်မှာ မြန်မာစာလုံးပါရင် လက်မခံပါဘူး။  ဆော့ဖ်ဝဲကို  Install 
လုပ်ပြီးသွားရင် ဖိုင်ထဲမှာပါတဲ့ Registration ကို (၂)ချက်ဆင့်ကလစ်လိုက်ရင် အဆင်ပြေပါပြီ။ အသုံး
လိုတယ် ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ  30 MB    
ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

နေလင်းအောင် သိုင်းဝတ္တုများ



                 ဆရာတက္ကသိုလ် နေလင်းအောင်ရဲ့ သိုင်းဝတ္တုစာအုပ်တွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။ သိုင်းဝတ္တုဝါသနာပါတဲ့ အစ်ကို ၊ အစ်မတွေ အတွက် အောက်မှာကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြ
ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Photo Makeup Editor V1.25


                 ဒီနေ့တော့ ကျွန်တော်တို့ ဓါတ်ပုံတွေကို မိတ်ကပ်နဲ့ အလှပြင်နိုင်တဲ့  Editor လေးတင်ပေး
လိုက်ပါတယ်။ ဓါတ်ပုံအလှပြင်တာဝါသနာပါတဲ့သူတွေ ၊ ဓါတ်ပုံအလှပြင်ဖို့  လိုအပ်တဲ့သူတွေ အတွက်
လိုအပ်သလို အလှပြင်နိုင်တဲ့  ကောင်လေးပါ။  လိုအပ်တယ် ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့
လင့်ခ်ကနေ ယူသွားလိုက်ပါ။ Serial key လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ  3 MB  ပဲရှိ
ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Photoinstrument V5.1


               ကြိုက်ကြမလားတော့ မသိဘူးဗျာ။ ဓါတ်ပုံတွေကို စိတ်ကြိုက်ပြုပြင်ဖို့ပါ။ ဝက်ခြံတွေ ၊ ကျောက်
ပေါက်မာကွက်တွေ ဖျောက်မယ်။ အသားတွေကြမ်းနေတာချောမယ် ၊ မျက်လုံးအရောင်တွေပြောင်းမယ်
စတာတွေ ပြုပြင်ရေး လုပ်နိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ၊ ဘယ်နေရာတွေကို ဘယ် Tool တွေသုံးရမ
လဲဆိုတာကို Help tab က Help Video မှာကြည့်လို့ရပါတယ်။ ဓါတ်ပုံတွေ အပြန်အလှန်ပေးပို့တတ်သူ
တွေ သုံးသင့်တဲ့ ကောင်လေးပါ။ အသုံးလိုတယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူ
သွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ   3 MB  ပဲရှိပါတယ်။  ဖိုင်ဆိုဒ်သေးသလောက် တော်တော်ထိရောက်တဲ့
ကောင်လေးပါ။ Full  သုံးလို့ရအောင်   Serial key လေးပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်
ကြပါစေ......ဗျာ။

Photomatix Pro V3.2.7


                ဒါလေးကတော့ Photo Editing လေးတစ်ခုပါ။ Photo ပိုင်းကို တော်တော်လေး ပြုပြင်ပြောင်း
လဲမှု့တွေလုပ်နိုင်တဲ့ကောင်လေးပါ။ တချို့ Features တွေဆိုရင် Photoshop မှာတောင် မပါတဲ့Features
တွေတောင်ပါပါတယ်။ အသုံးပြုချင်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ စိတ်တိုင်းကျ အသုံးပြုနိုင်အောင် Keygen လေးပါထည့်ပေးထားပါတယ်။ X64နဲ့ X86ဆိုပြီး(၂)ဖိုင်ထည့်
ပေးထားပါ တယ်။ မိမိစက်နဲ့ သင့်တော်တဲ့ဆော့ဖ်ဝဲကို Install လုပ်ပြီးသုံးလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  7 MB  ပဲရှိပါတယ်။အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Virtual DJ Trial V6.0.7 Professional


           ဒီနေ့တော့ ကျွန်တော်တို့ DJ ပွတ်တာဝါသနာပါတဲ့သူတွေအတွက်  Professional လေးတင်ပေး
 လိုက်ပါတယ်။ ကျွန်တော်ကတော့ DJ မပြောနဲ့ ဝါးလက်ခုပ်တောင်  စည်းချက်ညီညီ မတီးတတ်လို့ဘယ်
လိုလုပ်ရမလဲဆိုတာ ပြောမပြနိုင်တာ ခွင့်လွတ်ပါ။ အထဲမှာ Crack File ပါထည့်ပေးထားပါတယ်။ Install
လုပ်ပြီးသွားရင် Crack File ထဲက  .exe  ကို  Copy ယူပြီး  C / Program files / virtualDJ အထိသွားပြီး
paste ပေးလိုက်ပါ။ ပြီးရင် (၂)ချက်ကလစ်ပြီး Run လိုက်ရင် ရပါပြီ။ သုံးချင်တယ်ဆိုရင်တော့ အောက်မှာ
အဆင်ပြေတဲ့ လင့်ခ်ကနေ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  24 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

မလာစေချင်တဲ့ မေးတွေကို...


             တစ်နေ့က ဂျီတော့ကနေ အစ်မတစ်ယောက်မေးထားတဲ့ဟာလေးပါ။ သူ့ဆီကို ဂျီမေးတွေနဲ့
နှောင့်ယှက်နေတယ်။   အဲဒီမေးတွေကို နောက်ထပ်မလာအောင်ဘယ်လိုလုပ်လို့ရသလဲလို့  မေးထား
တာပါ။  ဒီလိုပြဿနာတွေ  ကြုံနေတဲ့သူတွေလဲ ဖြေရှင်းနိုင်အောင် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပေးလိုက်
တာပါ။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကိုကျော်သွားလိုက်ပါဗျာ...

SWF FLV to MP3 Converter 2.7


               ဒီနေ့တော့ ကျွန်တော်တို့  Flash သီချင်းတွေကနေ MP3 ပြောင်းပေးတဲ့ Converter လေးတစ်ခု
တင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့  အသုံးပြုရတာလဲ  တော်တော်လေးလွယ်ပါတယ်။ ဖိုင်ဆိုဒ်က
  600.03 KB ပဲရှိပါတယ်။ အသုံးလိုတယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်

ကျော်ထူး ဝတ္တုစာအုပ်များ

             
         ဟာသသရုပ်ဆောင် ကိုကျော်ထူး ရဲ့ဟာသဝတ္တုစာအုပ်လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။
ဖတ်ဖူးပြီးသားသူတွေကတော့ ကိုကျော်ထူးရဲ့လက်ရာကို သိရှိပြီးပေမဲ့ ၊ မဖတ်ဖူးသေးသူများကိုတော့ အမှန်
တကယ်ဟာသကို နှစ်ခြိုက်တယ်ဆိုရင် ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်လဲရသလောက်
လေး စုစည်းပေးထားပါတယ်။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်
ကြပါစေ......ဗျာ။

Ashampoo Music Studio3


              ဒီနေ့တော့ ကျွန်တော် Ashampoo Music Studio 3 လေးတင်ပေးလိုက်ပါတယ်။ ကိုယ်တိုင်
သီချင်းခွေလုပ်ချင်သူတွေအတွက်  အခွေဘမ်းတာက အစ ၊  အခွေအတွင်းကာဘာ ၊ အပြင်ကာဘာ
အဆုံး ဒီကောင်းလေးနဲ့လုပ်နိုင်ပါတယ်။ စိတ်ကြိုက်အသုံးပြုနိုင်အောင် Keygen လေးပါထည့်ပေးထား
ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့လင့်ခ်ကနေ ယူသွားလိုက်ပါ။ဖိုင်ဆိုဒ်
ကလဲ 26 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

XiLiSoft Video Converter Ultimate V6.5.5


                 ဒီနေ့တော့ ကျွန်တော် Converter လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အရင်ကလဲ အခြား
Converter လေးတွေ တင်ပေးဖူးပါတယ်။  တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်း မတူကြတော့
ဘယ်ဟာက ပိုကောင်းပါတယ်လို့  မပြောချင်ပါဘူး။  ဆော့ဖ်ဝဲတိုင်းမှာတော့  သူ့အာသာချက်နဲ့သူ
ရှိကြတာပါပဲ။ ကြိုက်တဲ့ဟာ သုံးနိုင်အောင် ကျွန်တော်ကတော့ တွေ့တာနဲ့တင်ပေးမှာပါပဲ။  ကြိုက်
တာသာ ရွေးသုံးကြပါ။ ဖိုင်ဆိုဒ်ကလဲ  32 MB  ပဲရှိပါတယ်။ အားလုံးအဆင်ပြေအောင် up4vn မှာ
ပဲတင်ပေးထားပါတယ်။ သူ့ကို  FULL Version သုံးလို့ရအောင် အထဲမှာ Patch File လေးနဲ့အတူ 
serial key လေးပါထည့်ပေးထားပါတယ်။   Patch  မချိုးတတ်သေးသူတွေအတွက်  ကျွန်တော်နဲနဲ

Bigasoft Iphone Ringtone Marker


             မေးထဲမှာ အစ်ကိုတစ်ယောက်တောင်းထားတဲ့ ကောင်လေးပါ။ ကျန်တဲ့သူတွေပါ အသုံးပြု
နိုင်အောင်တင်ပေးလိုက်ပါတယ်။  တောင်းထားတာ  နဲနဲတောင် ကြာနေပါပြီ။  Full မရသေးတာနဲ့
ရှာနေတာ နဲနဲကြာသွားတယ်။ ခုတော့အဆင်ပြေပါပြီ။ စိတ်ကြိုက်အသုံးပြုလို့ရအောင် Keygen လေး 
ပါထည့်ပေးထားပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူ
သွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  7 MB ပဲရှိပါတယ်။ အားလုံးအဆင်ပြေအောင် Up4vn ကနေပဲတင်ပေး
လိုက်ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ပန်းချီစောတင်မောင် ကာတွန်းစာအုပ်များ

           
           ဆရာ ပန်းချီ စောတင်မောင် ရဲ့ရုပ်ပြကာတွန်း စာအုပ်လေးတွေစုစည်းပြီးတင်ပေးလိုက်ပါတယ်။
တစ်ခါတစ်လေ  အပျင်းပြေ ဖတ်ချင်ရင်  အဆင်သင့်ဖတ်နိုင်အောင်  တင်ထားပေးထားတာဖြစ်ပါတယ်။
အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Easy Audio Converter V3.70


                     ဒီနေ့တော့ ကျွန်တော်တို့ Audio Converter လေးတင်ပေးလိုက်ပါတယ်။ Converter
လို့သာပြောတာပါ။  Recorder လဲလုပ်လို့ရသလို  Audio Cutter လဲလုပ်နိုင်ပါတယ်။ 3 IN 1 ပေါ့ဗျာ။
အပေါ်ဆုံး  Tab က  Function  ကနေကိုယ်သုံးချင်တဲ့  Function ပြောင်းသုံးရင်  အဆင်ပြေပါပြီ။
စိတ်ကြိုက်အသုံးပြုနိုင်အောင် အထဲမှာ Keygen လေးထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ 2.46 MB
ပဲရှိပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ယူသွားလိုက်ပါ။ Up4vn.com ကနေတင်ပေး
ချင်ပေမဲ့ ဘယ်လိုမှတင်မရတဲ့အတွက် Mediafire ကနေပဲတင်ပေးလိုက်ပါတယ်။ တကယ်လို့  မြန်မာ
ပြည်ကနေ  ဒေါင်းရတာအဆင်မပြေရင်လဲ  နဲနဲကြိုးစားပြီး ကျော်ခွပြီး ဒေါင်းလိုက်ပါ။  အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

HTML မိတ်ဆက်စာအုပ်


            ဒါလေးကတော့ ကျွန်တော်တို့ HTML အကြောင်းကို  ရေးထားတဲ့စာအုပ်လေးပါ။ HTML  code
အကြောင်းကိုလေ့လာသူတွေအတွက်ရော ၊ ကိုယ်တိုင် website ရေးချင်သူတွေအတွက်ပါ အတိုင်းအတာ
တစ်ခုအထိ အထောက်အကူရနိုင်မဲ့ စာအုပ်လေးပါ။ ဖတ်ချင်တယ်ဆိုရင်တော့ စာအုပ်နာမည်လေးကို က
လစ်ပြီးဖတ်ပေးပါ။ ဒေါင်းလော့ချပြီး အေးအေးဆေးဆေး လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းလော့ ဆိုတဲ့
ပုံလေးကို ကလစ်ပြီးယူသွားလိုက်ပါ။ ခုတလော နည်းနည်းလေးအလုပ်ရှုပ်နေလို့ ပို့စ်တွေတောင်သိပ်မတင်
နိုင်ဘူးဗျာ။ ရတဲ့အချိန်လေးတော့ ကြိုးစားပြီးတင်ပေးပါ့မယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Alarm For PC


                  ဒါလေးကတော့ ကျွန်တော်တို့ ကွန်ပြူတာမှာနာရီ Alarm သုံးချင်သူတွေအတွက်ပါ။ ဖိုင်ဆိုဒ်
သေးသလောက် အသုံးပြုရတာလဲ အရမ်းလွယ်ပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းကိုလဲ Alarm song အဖြစ်
အသုံးပြုနိုင်ပါတယ်။  Film Format ကတော့ (*wav) Format ဖြစ်ရပါမယ်။ အသုံးပြုချင်ရင်တော့ အောက်
မှာယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ 680 KB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Deskspace 1.5.8.9


           ဒါလေးကတော့ ကျွန်တော်တို့ Desktop ကို ထူးထူးခြားခြားနဲ့ ခပ်လန်းလန်းလေးတွေသုံးတတ်
သူတွေအတွက်ပါ။ ကျွန်တော်ကိုယ်တိုင်ကလဲ ထူးထူးဆန်းဆန်းလေးတွေနဲ့ Desktop အလှဆင်တာကို
ဝါသနာပါပါတယ်။ သူကတော့ Desktop ကို အန်စာတုံးပုံစံ မျက်နှာပြင် (၆) ခုကို ဒီဇိုင်းဆန်းလေးနဲ့ ဖော်
ပြပေးတဲ့ကောင်လေးပါ။ ကိုယ်သုံးချင်တဲ့ မျက်နှာပြင်ကို မောက်လေးကလစ်ပြီး လှည့်ပေးလို့ရပါတယ်။
ဟိုအရင် ဒါလေးတွေ့စဉ်တုန်းက သဘောကျလွန်းလို့ အန်စာတုံးလေးကို တစ်နေကုန်ထိုင်လှည့်နေတာ။
ကိုယ်သုံချင်တဲ့ မျက်နှာရောက်ရင် မောက်လေး(၂)ချက်ဆက်ကလစ်လိုက်ရင် ရပါပြီ။  Taskbar  ညာ
ဖက်အောက်ခြေက Deskspace .exe ကို  Rightclick  ပေးလိုက်ရင်လဲ  Desktop 1 , Desktop 2  
အစရှိသဖြင့်ဖော်ပြပေးပါတယ်။  ကိုယ်သုံးချင်တဲ့  Desktop space  ကိုရွေးလိုက်ရင်လဲ ရပါတယ်။ 
အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 
19 MB ပဲရှိပါတယ်။  အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Cat & Honey


               ဒါလေးကတော့ ဘာမှထူးထူးခြားခြား မဟုတ်ပါဘူး။  ကျွန်တော်တို့ Desktop ပေါ်မှာ ကြောင်
လေးတွေ  လူပျံတော် လေးတွေ မွေးချင်ရင်ပေါ့။ ကြောင်လေးတွေဆိုရင်လဲ တော်တော်ချစ်စရာကောင်း
ပါတယ်။ Desktop တပြင်လုံးလိုက်ဆော့လိုက် ၊ အိပ်လိုက်နဲ့ တကယ့်ကြောင်မွေးထားရသလိုပါပဲ။ လူပျံ
တော်လေးဆိုရင်လဲ တောင်ပံလေးတစ်ဖျတ်ဖျတ်ခတ်ပြီး မောက်သွားတဲ့နောက် တကောက်ကောက်နဲ့
လိုက်နေပါလိမ်မယ်။  ဘာရယ်လို့တော့ မဟုတ်ဖူး အပျော်ပေါ့ဗျာ။  လူပျံတော်နဲ့ ကြောင်လေးတွေကို 
တစ်ကောင်ထက်ပိုထုတ်ချင်ရင် .exe လေးကို (၂)ချက်ကလစ်လိုက်ပါ။ ကိုယ် ကလစ်သလောက်ထွက်
လာပြီး မျောက်တွေတောင်မူးပြီးသေသွားအောင် ဆော့ပြပါလိမ်။ ဖိုင်ဆိုဒ်ကလဲ 428 KB  ပဲရှိပါတယ်။
ကြိုက်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။ 

ဒဂုန်ရွှေမျှား ဝတ္တုများ



          ဆရာကြီး ဒဂုန်ရွှေမျှား ရဲ့ဝတ္တုစာအုပ်လေးတွေကို ရသလောက်စုစည်းပြီး တင်ပေးလိုက်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူတော့ အချစ်ဝတ္တုကြိုက်တဲ့သူတွေအတွက်က အချစ်ဝတ္တု
စွန့်စားမှု့လေးတွေ ကြိုက်တဲ့သူအတွက်လဲ စွန့်စားမှု့ဝတ္တုပေါ့။  မိမိစိတ်သန်ရာ အဆင်သင့်ဖတ်နိုင်စေဖို့
တစ်နေရာတည်းမှာ စုစည်းပေးထားတာဖြစ်ပါတယ်။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ကြ
ပါ။  အားလုံးပဲ  ပျော်ရွင်ကြပါစေ......ဗျာ။

Photo To Screensaver


           ဒီနေ့တော့ ကျွန်တော်တို့  Screensaver တွေကို  ကိုယ့်ပုံ(သို့) ကိုယ်ကြိုက်တဲ့ပုံကို Screensaver
ပုံအဖြစ်ပြောင်းပေတဲ့  ကောင်လေးတင်ပေးလိုက်ပါတယ်။   အသုံးပြုရတာလဲ တော်တော်လေး လွယ်ပါ
တယ်။  ကိုယ်တိုင် သုံးကြည့်လိုက်တာနဲ့ သိပါလိမ်မယ်။   ပုံကိုရိုးရိုး ပုံစံမဟုတ်ပဲ Effect လေးတွေထည့်
နိုင်သလို Music ကိုလဲ ကြိုက်တဲ့သီချင်းလေး  ထည့်သုံလို့ရပါတယ်။  ဖိုင်ဆိုဒ်ကလဲ 1 MB ပဲရှိပါတယ်။
သုံးချင်တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ အဆင်မပြေတာ တစ်
ခုခုရှိခဲ့ရင် Comment ဖြစ်စေ   c.box မှာဖြစ်စေ ပြောသွားပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

...ချစ်သူသိလေ...

             ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ရင်ထဲကို ပွတ်တိုက်သွားတဲ့ ကဗျာလေးပါ။ ကဗျာကို
စွဲစွဲလန်းလန်း ၊ တမ်းတမ်းတတ ရင်ထဲမှာသိမ်းဆည်းတတ်သူတွေ အတွက်မျှဝေခံစားရင်း........


မျက်နှာတွေ့မှ  မြင်ခွင့်ရတာ
မဟုတ်ပါကွယ်  ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်  ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ  အကြည့်မှာမြင်
သူပဲထင်တယ်  ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ  တွေ့နိုင်ပါ၏
ချစ်သူသိလေ......။

အသံကြားမှ  နားမှာဆက်ဆက်
ကြားလာတတ်တာ  မဟုတ်ပါလေ
စမ်းရေသံကြား  သူ့စကားရှိ
ငှက်၏တေးသံ  သူ့သံသာတွေ
နှုတ်ခြွေစကား  နားမှာတီးတိုး
ဟိုး..အရင်လို  ရွှင်ချိုကြည်မြ

သမိန်ပေါသွပ် ကာတွန်းစာအုပ်များ



           ဆရာ ကာတွန်းမောင်ဝဏ္ဏ ရဲ့ သမိန်ပေါသွပ်ရုပ်ပြ  ဇာတ်လမ်းလေးတွေကို စုစည်းပြီး
တင်ပေးလိုက်ပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို  လာလည်ကြတဲ့အထဲမှာ ကလေးတွေမပါဘူး
ဆိုတာသိပေမဲ့  တစ်ခါတစ်လေ  အပျင်းပြေဖတ်ချင်ရင် ဖတ်နိုင်အောင် တင်းပေးထားခြင်းဖြစ်
ပါတယ်။ ကျွန်တော့်အသိ  (ဝါရင့်ဘလော့ဂ်ဂါကြီး) တစ်ယောက်ကတော့ ကျွန်တော်ကာတွန်း
စာအုပ်တင်ပေးတာကို ကလေးအထာလို့ပြောပါတယ်။   မတတ်နိုင်ဘူးဗျာ ဖတ်ချင်တဲ့သူတွေ
ဖတ်ချင်တဲ့အချိန်မှာ အလွယ်တကူဖတ်နိုင်အောင် တင်ထားရမှာပဲ။ ကဲ...ဖတ်ချင်တယ်ဆိုရင်
တော့ ထုံးစံအတိုင်း အောက်မှာ ကြိုက်တဲ့စာအုပ်သာ ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်
ရွင်ကြပါစေ......ဗျာ။

Window Desktop


            ဒါလေးကတော့ ကျွန်တော်တို့ Desktop ကိုထူးထူးခြားခြားနဲ့ အလန်းလေးတွေသုံးတတ်သူတွေ
အတွက်ပါ။ အခြားဂြိုလ်ကမ္ဘာတစ်တစ်ပေါ် ရောက်နေသလို ရေကန်ထဲက ရေတွေကလဲ တစ်သွင်သွင်
စီးနေတော့ တစ်မျိုးလေးထူးခြား လှပတာအမှန်ပါ။  နောက်ပြီး ကိုယ့်စက်ရဲ့ Performance ၊ Memory
စတာတွေရဲ့အခြေအနေကို  တစ်ခါထဲဖော်ပြပေးနေတဲ့အတွက် ကိုယ့်စက်အခြေအနေကို နေတိုင်းသိ
နိုင်တာလဲ တော်တော်ကောင်းပါတယ်။  ခုဟာကတော့ Window7x86(32bit) အတွက်ပါ။ အသုံးပြုချင်
တယ်ဆိုရင်တော့ အောက်မှာ အဆင်ပြေတဲ့လင့်ခ် ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 11 MB  ပဲရှိပါ
တယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Phzilla Proxy Add-On


                     သူကလဲ ကျွန်တော်တို့ Proxy Website တွေမသုံးချင်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုယ့်အတွက် 
အသုံးဝင်တဲ့ ဆိုက်တွေကိုကျော်ကြည့်ချင်တဲ့ သူတွေအတွက်ပါ။ ပိတ်နေတယ် (Access Denied) လောက်
တော့သနားတာပေါ့။  IP Block ထားရင်တောင် အိနြေ္ဒရရလေးနဲ့ ကျော်ကြည့်လိုက်မယ်ဗျာ။ ပိုတယ်ထင်
ရင်တော့ ကိုယ်တိုင်သာစမ်းသုံကြည့်လိုက်ပါ။ အသုံးပြုရတာလဲ ဘာလွယ်သလဲ မမေးနဲ့ ပိတ်နေတဲ့ ဆိုဒ်
(Website) ကိုတွေ့ရင် P ဆိုတဲ့ပုံလေးကိုသာကလစ်လိုက် ပြီးရင် ကဲ...မင်းဘာတတ်နိုင်သေးလဲလို့သာပြော
လိုက်ပေတော့။ သုံးချင်တယ်ဆိုရင်တော့.....

... အိပ်မက်ကြမ်း ...

    ဆရာ မောင်လှမျိုး [ချင်းချောင်းခြံ ] ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။  ရင်ဘတ်ချင်း တူတဲ့သူတွေ
ခံစားနိုင်ဖို့ မျှဝေလိုက်တာပါ။ 

ကျောက်ကြမ်းကြမ်းမှာ
ဖရောင်းပန်း လှလှပွင့်တယ်။


တောင်ထိပ်ရောက်ဖို့ တတ်တာမဟုတ်ဘူး
တောင်ရှိလို့ တတ်ပြစ်လိုက်တာ။


ပြုတ်ကျလို့ သေချင်သေ
ငုတ်တုတ်ထိုင်နေသူတွေကို သနားတယ်။


အခြေအနေကောင်းမှ
လမ်းလျှောက်ထွက်ချင်သူတွေတော့
ရှိကြတာပေါ့။

ချစ်သူဆီကတောင်
“ဘာပဲဖြစ်ဖြစ် ချစ်မှာပဲ” ..ဆိုတဲ့

ကွန်ပျူတာမှကွန်ယက်ဆီသို့ ...


                ဒါလေးကတော့ ဆရာ မျိုးသူရ ရေးထားတဲ့ ကွန်ပြူတာ Network အကြောင်းစာအုပ်
လေးပါ။ အင်တာနက်ဆိုတာကို အခုမှစတင်အသုံးပြုသူတွေပါ နားလည်နိုင်အောင် ပုံလေးတွေ
နဲ့ရှင်းပြထားပါတယ်။ Network အကြောင်းလေ့လာနေသူတွေအတွက်လဲ အထောက်အကူပြုမဲ့
စာအုပ်လေးပါ။ သိမ်းထားချင်တဲ့ သူတွေအတွက် အဆင်ပြေအောင် ဒေါင်းလော့လင့်ခ် လေးပါ
ချိတ်ပေးထားပါတယ်။ ဒီမှာပဲ ဖတ်သွားချင်တယ် ဆိုရင်တော့ စာအုပ်နာမည်ကို  ကလစ်ပြီးဖတ်
လိုက်ပါ။ လိုအပ်တဲ့ သူတွေကတော့ အောက်မှာ ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 8.59 MB ပဲရှိပါ
တယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...