Magic Mirror V6.15

           ဒါလေးကတော့ ဓါတ်ပုံလှလှလေးတွေကို မလှမပပုံတွေအဖြစ် ပြောင်းပေးတဲ့ကောင်လေးပါ။
အသုံးပြုရတာလဲ တော်တော်လေး ရိုးရှင်းလွယ်ကူပါတယ်။ အစ်ကိုတစ်ယောက်မေးထဲကနေ ဖြစ်နိုင်
ရင်မြန်မြန်လေးတင်ပေးပါလို့  အပူကပ်ထားလို့ အချိန်သိပ်မအားတဲ့ကြားကနေ အခြားလိုအပ်တဲ့သူ
တွေပါသုံးနိုင်အောင် အပြေးအလွှားလေး တင်ပေးလိုက်တာပါ။ full သုံးလို့ရအောင် သူ့အတွက်လို
အပ်တဲ့ serial key လေးနဲ့ e mail name လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ  3.24 MB
ပဲရှိပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Image Cnveretr Plus V7.1.9





             ကျွန်တော်တို ပုံတွေကို အလွယ်တကူ Converter လုပ်နိုင်တဲ့ကောင်လေးပါ။ သူပြောင်းပေးနိုင်
တဲ့ file format တွေကတော့ အောက်ကပုံကို ကလစ်ပြီးပုံးအကြီးနဲ့ ကြည့်လိုက်ပါဗျာ။ အလွယ်ပြောင်းချင်
ရင်လဲ ကြိုက်တဲ့ပုံကို right click လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ်မယ်။ မိမိကြိုက်တဲ့ format
ကို အလွယ်တကူပြောင်းယူနိုင်ပါတယ်။
  လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ full သုံးလို့ရအောင်
patch file လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကလဲ  4.83 MB ပဲရှိပါတယ်။ အခုလပိုင်းမှာ ကျွန်တော့်
အတွက် သေရေး ၊ ရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စရှိနေလို့ ဘလော့ဂ်ကိုလှည့်ကြည့်မပေးနိုင်သေးတာ
အားလုံးကို တောင်ပန်ပါတယ်။ ကိစ္စတွေအားလုံပြီးမှပဲ တောင်းထားလေးတွေရော ၊ မေးထားတာလေး
တွေရော လုပ်ပေးပါမယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Drewbuzz Alarm 1.0


                 PC Alarm ချတဲ့ကောင်လေးပါ။ သူ့ရဲ့ skin အရောင် (၇) မျိုးပါပါတယ်။ Alarm အသံ
ကိုလဲ သူ့ရဲ့ Original အသံကို အသုံးပြုနိုင်သလို မိမိကြိုက်တဲ့အသံကိုလဲ Browse ကနေပြီး ရွေး
ချက်နိုင်ပါတယ်။ Alarm massage လေးပါရေးလို့ရတဲ့အတွက် Alarm မြည်တဲ့အခါ  massage  
လေးပါပေါ်နေပါလိမ်မယ်။ လိုအပ်ရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်
ဆိုဒ်ကလဲ  1.08 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Virtual Piano V3


              ကျွန်တော်တို့ ပီယာနို တီးရန် ဝါသနာပါတဲ့သူတွေအတွက် Virtual Piano လေးတင်ပေး
လိုက်ပါတယ်။ အကိုတစ်ယောက် တောင်းထားတာနဲ့ ကျန်တဲ့ ဝါသနာတူတဲ့သူတွေပါ သုံးနိုင်အောင်
တင်ပေးလိုက်တာပါ။ ကိုယိဖန်တီးလိုက်တဲ့ တီးလုံး ၊ တီးကွက်တွေကို အသံးဖမ်းထားပြီး ပြန်နားဆင်
ချင်လဲ အဆင်ပြေပါတယ်။ လိုအပ်ရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ  2.4 MB ပဲရှိပါတယ်။ စိတ်ကြိုက်အသုံးပြုနိုင်အောင် Keygen ရော Patch file ပါ
ထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

Easy MP3 Downloader V4.3.8.6


    သီချင်းနားထောင်ရတာ ဝါသနာပါတဲ့ ဂီတမြတ်နိုးသူတွေအတွက် MP3 Downloader လေး
တင်ပေးလိုက်ပါတယ်။ တော်တော်လေး  မိုက်တယ်လို့တော့ ပြောလို့ရပါတယ်။  ဘာလို့လဲဆိုတော့
ကိုယ်လိုချင်တဲ့ သီချင်းကို မြန်မာလိုပဲ ခေါင်းစဉ်ရိုက်ထည့်ပြီး ရှာနိုင်သလို ၊ အဆိုတော်နာမည်ရိုက်
ထည့်ပြီးတော့လဲ ရှာနိုင်ပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုယ်ရှာထားတဲ့ သီချင်း
ကို ဒေါင်းလော့မချပဲ သူနဲ့ပဲ တိုက်ရိုက်နားထောင်နိုင်တာပါပဲ။ ကြိုက်တယ်ဆိုရင်တော့ အောက်မှာ
အဆင်ပြေတဲ့  လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ  8.11 MB ပဲရှိပါတယ်။   full  သုံးလို့ရ
အောင်  patch file လေးပါထည့်ပေးလိုက်ပါတယ်။  patch  ချိုးတတ်လိမ့်မယ်လို့ ယူဆတဲ့အတွက်
ကျွန်တော်လျှာမရှည်တော့ပါဘူး။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။
တစ်ခုသတိပေးစရာကျန်နေသေးလို့ပါ။ သူ့ကို ဒေါင်းတော့မယ်ဆိုရင် စက်ထဲမှာရှိတဲ့ Anti Virus
ကိုခဏလောက်ပိတ်ထားပြီးမှ ဒေါင်းလိုက်ပါ။ တစ်ခါတစ်ခါကျရင် patch file ကို Anti Virus က
Delete လုပ်တတ်လို့ပါ။   

Saint Paint Studio 15.0

    ကျွန်တော်တို့ ဓါတ်ပုံဝါသနာပါတဲ့သူတွေအတွက် Saint Paint Studio လေးတင်ပေးလိုက်ပါ
တယ်။ သိပြီးတဲ့သူတွေက သိပြီးပေမဲ့ မသိသေးသူတွေအတွက် ဘာအတွက်သုံးတာလဲ ဆိုတာကို
ကျွန်တော်နည်းနည်းပြောပြပါ့မယ်။ ဓါတ်ပုံတွေကို  ဖြတ် ၊ ညှပ် ၊ ကပ် လုပ်လို့ရသလို  Animation
(GIF) ပုံလေးတွေပါ ဖန်တီးနိုင်ပါတယ်။ မိမိဖန်တီးထားတဲ့ Animation ပုံလေးတွေကိုလဲ Anim >
Compose Animation Sequence ကနေ Animation (GIF) အဖြစ်ထုတ်ယူနိုင်ပါတယ်။
အောက်ပုံ....
      
                               ပေါ့ပေါ့ ပါးပါးလေးနဲ့ Function တွေကလဲ တော်တော်လေးကောင်းပါတယ်။
Output film  တွေလဲ  တော်တော်စုံပါတယ်။  အောက်ကပုံသာကြည့်လိုက်ပါ။  သုံးချင်တယ်
ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 7.56 MB ပဲရှိပါ
တယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
     

Skype 5.8




              ကိုအာကာ တောင်းထားတဲ့ ကောင်လေးပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတွက် အထူးအထွေ
ပြောပြမနေတော့ပါဘူး။ ကိုအာကာလိုပဲ အကြောင်းအမျိုးမျိုးကြောင့် မူရင်းဆိုဒ်မှာ ဒေါင်းမရတဲ့သူတွေ
ရှိခဲ့ရင် အသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါ။  အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်
ပါ။ ဖိုင်ဆိုဒ်ကလဲ  665.79 MBပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

MiniLyrics V7.2.880


              ဒီတစ်ခါတော့ အင်္ဂလိပ်သီချင်း (MP3) တွေကို နှစ်နှစ်ခြိုက်ခြိုက် နားထောင်တတ်တဲ့ သူတွေ
အတွက် အင်မတန်အဆင်ပြေစေမဲ့  MiniLyrics ဖရီးဆော့ဖ်ဝဲ လေးကို ညွန်ပေးချင်ပါတယ်။ သိပြီးသူ
တွေကတော့ သိကြမှာပါ။ မသိသေးတဲ့ အစ်ကို ၊ အစ်မတွေအတွက် သူ့ရဲ့အလုပ်လုပ်ပုံကို ကျွန်တော်
သိသလောက်အနည်းငယ်လေးကို ပြောပြပါ့မယ်။ 
       ကျွန်တော်တို့ စက်ထဲမှာသိမ်းထားတဲ့ အင်္ဂလိပ်သီချင်းတွေ နားထောင်တဲ့အခါ ကိုယ်နားထောင်
နေတဲ့ သီချင်းရဲ့စာသားတွေကို ရှာဖွေပေးပြီး အဲဒီစာသားတွေကို  Desktop ပေါ်ကိုစာတန်းထိုးပေတဲ့
ကောင်လေးပါ။ ကိုယ့်စက်ထဲကမဟုတ်ပဲ Online ပေါ်ကသီချင်းတွေကို နားထောင်ချင်တယ်ဆိုရင်လဲ
ရပါသေးတယ်။ ကိုယ်နားထောင်ထားတဲ့  သီချင်းစာသားကို ကွန်ပြူတာထဲကို  save  ထားချင်ရင်လဲ 
lyrics ကို right click ပြီး  save lyrics as နှိပ်ပြီး  txt ဖိုင်နဲ့  save လို့ရပါတယ်။ကျန်တာတွေ
လဲတော်တော်များများကျန်ပါသေးတယ်။  ဆော့ဖ်ဝဲတစ်ခုရဲ့ အသုံးပြုပုံကို ခုလိုရှင်းပြနေတာထက်စာရင် 
ကိုယ်တိုင်  ကလိကြည့်တာ ပိုကောင်းပါတယ်။  သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာအဆင်
ပြေတဲ့   လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကဲ   1.8MB   ပဲရှိပါတယ်။  သူအလုပ်လုပ်တဲ့  player  
တွေကတော့ အောက်ကပုံကိုကြည့်လိုက်ပါ။

Gamani GIF Movie Gear 4.2

              ကျွန်တော်တို့ ဓါတ်ပုံလေးတွေကို  Animation (GIF) ပုံလေးတွေ လုပ်တဲ့ကောင်လေးပါ။
ကိုယ်တိုင် အရုပ်လေးတွေ ရေးဆွဲပြီးတော့လဲ  Animation ပုံလေးတွေ လုပ်နိုင်ပါသေးတယ်။ စိတ်
ကြိုက်အသုံးပြုနိုင်အောင် keygen လေးပါထည့်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင်တော့အောက်
မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  1020.35 KB  ပဲရှိပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။ 

ပြည့်ပိုင်မှူးအိမ် ဝတ္တုစာအုပ်များ


                     ဆရာ  ပြည့်ပိုင်မှူးအိမ်  ရဲ့ဝတ္တုစာအုပ်လေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။
ဟာသလေးတွေနှောပြီး ဇာတ်မြူးလေးတွေ သဘောကျတတ်တဲ့ စာဖတ်ပရိတ်သတ်အတွက်တော့
ဖတ်လို့ကောင်းမဲ့ စာအုပ်လေးတွေပါ။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်ပေးကြပါနော်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

နတ်ရွာမိုး ဟာသဝတ္တုစာအုပ်များ

               ဆရာ နတ်ရွာမိုး  ရဲ့ အချစ်ဟာသ ဝတ္တုစာအုပ်လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။
တောင်းဆိုထားတဲ့ စာအုပ်လေးတွေလိုက်ရှာရင်း အဆင်ပြေမယ်ထင်တဲ့ စာအုပ်လေးတွေပါ တစ်ခါတည်း
တင်ပေးလိုက်တဲ့အတွက် ခုတလောစာအုပ်ပို့စ်တွေပဲ ဖြစ်နေတယ်။ ကျွန်တော်ဆိုဒ်လေးသည် အခကြေး
ငွေနဲ့ မဟုတ်ပဲ စာပေချစ်မြတ်နိုးတဲ့သူတွေ အဆင်ပြေပြေဖတ်နိုင်အောင် စီစဉ်ပေးထားတဲ့ဆိုဒ်လေးဖြစ်
တဲ့အတွက် ကျွန်တော်တင်ထားသော စာအုပ်တွေနဲ့ ပတ်သတ်တဲ့ ဆရာ ၊ ဆရာမ တွေကို ကျွန်တော့်ဆိုဒ်
လေးမှာ တင်ခွင့်ပြုပါလို့ ဒီနေရာလေးကနေပဲ ခွင့်တောင်းလိုက်ပါစေ ခင်ဗျာ။ အောက်မှာ ကြိုက်တဲ့ စာ
အုပ်တွေကို ကလစ်ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Windows Registry အကြောင်းလေ့လာခြင်းစာအုပ်

      ကျွန်တော့်ဆိုဒ်လေးရဲ့ ပထမဆုံးမန်ဘာဝင်ဖြစ်တဲ့ ကိုသူရ တောင်းထားတဲ့ Window Registry
အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ အခြားလေ့လာချင်သူတွေပါ လေ့လာနိုင်အောင် တင်ပေးလိုက်
ပါတယ်။ သူကတော့ ဒေါင်းလော့လင့်ခ်လေးပဲ တောင်းထားပေမဲ့ ကော်နက်ရှင်မကောင်တဲ့  (အထူးသ
ဖြင့် မြန်မာပြည်က သူငယ်ချင်တွေ) အတွက် Online ပေါ်မှာပဲ ဖတ်လို့အဆင်ပြေအောင် ကျွန်တော်အ
တတ်နိုင်ဆုံးကြိုးစားပြီး အဆင်ပြေအောင်တင်ထားပေးပါတယ်။ အောက်မှာ စာအုပ်နာမည်လေးကို က
လစ်ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Android window တင်နည်းစာအုပ် (အင်္ဂလိပ်)


       ကိုကျော်ဇင်ထက် c.box ကနေတောင်းသွားတဲ့ Android window install လုပ်နည်းစာအုပ်
လေးပါ။ ကျွန်တော့်ဆီမှာ အဆင်သင့်ရှိနေတာနဲ့ တစ်ခါတည်းတင်ပေးလိုက်ပါတယ်။ မြန်မာလိုတော့
မဟုတ်ဖူး အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်လေးပါ။ ပုံလေးတွေနဲ့ရှင်းပြပေးထားတဲ့အတွက် အလွယ်တ
ကူ လေ့လာနိုင်ပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ဆရာကြီး ပါရဂူ စာအုပ်များ



                 ဆရာကြီး ပါရဂူ ရဲ့ စာအုပ်လေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ ကျွန်တော့်အနေ
နဲ့ကတော့ တော်တော်လေးပြည့်စုံအောင် ရှာဖွေပြီး တင်ပေးထားပေမဲ့ လိုတာလေးတွေရှိနေမှာတော့
အသေအချာပါပဲ။ အလုပ်ကတစ်ဖက်နဲ့မို့  တောင်းထားတာလေးတွေ နောက်ကျမှ တင်ပေးနိုင်တာကို
လဲ ကျွန်တော်တောင်းပန်ပါတယ်။ တောင်းထားတဲ့ဟာလေးတွေတော့ ကျွန်တော့်အနေနဲ့မရ ၊ရအောင်
တင်ပေးပါ့မယ်။  နည်းနည်း  နောက်ကျခဲ့ရင်လဲ ကျွန်တော့်ကို နားလည်ပေးကြပါခင်ဗျာ။ ကဲ...ထုံးစံအ
တိုင်း အောက်မှာ ကြိုက်တဲ့စာအုပ်ကိုကလစ်ပြီး ဖတ်ပေးကြပါနော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

Photoshop မှတ်စုများ စာအုပ်



               နောင်တော်များဖြစ်ကြတဲ့ ဧရာမြေ ၊ မင်းကိုထွေး ၊ ဇွဲသူရိန် ၊ ko myo ၊ poutsi တို့ စုပေါင်း
ရေးသားထာတဲ့ photoshop မှတ်စုလေးပါ။ စာအုပ်ထဲမှာ ပါဝင်တဲ့ မာတိကာကိုလဲ အောက်ကပုံမှာ
ကြည့်နိုင်ပါတယ်။ 


 မမြင်ရရင် ပုံကိုကလစ်ပြီး ကြည့်လိုက်ပါ။  အခုတလော ကျွန်တော် ဝတ္တုစာအုပ်လေးတွေ ၊ နည်း
ပညာစာအုပ်လေးတွေကို ဦးစားပေးပြီးတင်ပေးပါ့မယ်။ တောင်းထားတဲ့စာအုပ်လေးတွေလဲ တင်
မပေးနိုင်သေးတော့ အကြွေးတွေကျန်နေသေးလို့ပါ။ တောင်းထားတဲ့ စာအုပ်လေးတွေလိုက်ရှာ
ရင်း အဆင်ပြေမယ်ထင်တာလေးတွေကို တစ်ခါတည်း တင်ပေးထားချင်လို့ပါ။ ကဲ..အောက်မှာ
စာအုပ်နာမည်လေးကို ကလစ်ပြီး ကွန်နက်ရှင်  ကောင်းကောင်းလေးနဲ့ လေ့လာနိုင်ကြပါစေ။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Google+Facebook


              ကျွန်တော်တို့ အခုနောက်ပိုင်းမှာ  Google+ ကိုတော်တော်လေး အသုံးပြုလာကြတာကို
တွေ့ရပါတယ်။ အဲလို  Google+ ကို အသုံးပြုကြတဲ့ ကျွန်တော်ရဲ့ အစ်ကို ၊ အစ်မတွေကို Google+ 
မှာ Facebook ကိုပါအတူ တွဲသုံးချင်သူတွေအတွက် Add-on လေးတစ်ခုကို ညွှန်ပြပါရစေ။ သုံးရ
တာ တော်တော်လေး  အဆင်ပြေလို့ပါ။ သိပြီးသားသူတွေကတော့ ဒီပို့စ်လေးကို ကျော်ဖတ်သွား
လိုက်ပါ။ မသိသေးသူတွေအတွက်ကိုပဲ ရည်ရွယ်ပါတယ်.....။

အင်တာနက်သုံး လိပ်စာများ စာအုပ်

   
              ဆရာ သန်းထိုက်(ရွှေရိပ်) ရေးသားပြုစုထားတဲ့ အင်တာနက်သုံး လိပ်စာများ စာအုပ်လေး
တင်ပေးလိုက်ပါတယ်။ နည်းပညာစာအုပ်မဟုတ်ပေမဲ့ ကိုယ်မသိသေးတဲ့ လိပ်စာတွေသိခွင့်ရရင်လဲ
လေ့လာရတာ အရင်းတော့ မရှုံးပါဘူး။ တစ်ခါတစ်လေကျတော့ ကိုယ်ကလိုချင်တာတစ်ခုခု အရေး
တကြီးလိုချင် ၊ ဘယ်ဆိုဒ်မှာလဲ မသိတော့အချိန်တော်တော်ကုန်ပါတယ်။ ဒီလိုစာအုပ်လေးဆောင်
ထားလိုက်တော့ အဲဒီဒုက္ခတွေကတော့ အတော်အတန်ပြေလည်လိမ်မယ် ထင်ပါတယ်။ လေ့လာချင်
ရင်တော့ အောက်မှာလေ့လာလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Easy Button & Menu Maker V2.11


          ကိုသူရ တောင်းထားတဲ့ Button & Menu Maker ဆော့ဖ်ဝဲလေးပါ။ လိုအပ်တဲ့သူတွေရှိရင်
သုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘာအတွက်  သုံးတာလဲဆိုတာတော့ အားလုံးသိပြီးသားပါ။
ကိုယ့်မှာ  အနုပညာမျက်စေ့ ရှိရင် ရှိသလောက် အလှအပလေးတွေ  လုပ်နိုင်တဲ့ကောင်လေးပါ။
လိုအပ်တယ်ဆိုရင်တော့  အောက်မှာအဆင်ပြေတဲ့  လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ  
8.52 MB ပဲရှိပါတယ်။   full သုံးလို့ရအောင် crack file လေးပါထည့်ပေးထားပါတယ်။ အားလုံပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Photoshop လေ့ကျင့်ရေးဆွဲနည်းစာအုပ်


        ဆရာ  အောင်နိုင်မော် ရေးသားပြုစုထားတဲ့ Photoshop ပေါင်းစပ်ဖန်တီး ဒီဇိုင်းရေးဆွဲနည်း
စာအုပ်လေးတင်ပေးလိုက်ပါတယ်။  ပညာရဲ့သဘောကိုက  “အဆုံး”  ဆိုတာမရှိပါဘူး။ လေ့လာ
လိုက်စားရင် လေ့လာသလောက်ပညာကျယ်ပြန့်တာပဲရှိပါတယ်။ ပညာဆုံးခန်းတိုင်သွားတယ်လို့
(လုံးဝ)မရှိပါဘူး။  အဲလိုလေ့လာတဲ့နေရာမှာလဲ ဟိုဆရာရေးတဲ့စာအုပ်မှ ၊  ဒီဆရာရေးထားတဲ့စာ
အုပ်မှလို့ အစွဲမထားပဲ လေ့လာသင့်တဲ့စာအုပ်မှန်သမျှကို လေ့လာတာအကောင်းဆုံးပါပဲ။ အရင်က
လဲ  Photoshop အသုံးပြုနည်းစာအုပ်တင်ပေးဖူးပါတယ်။ ဒါကတော့ နောက်တစ်အုပ်ပေါ့။ ပုံလေး
တွေနဲ့ သေချာရှင်းပြ ပေးထားတဲ့အတွက် လေ့လာရာမှာ တော်တော်လေးလွယ်ကူပါတယ်။အောက်
မှာ စာအုပ်နာမည်းလေးကို ကလစ်ပြီးလေ့လာပေးကြပါ။ အားလုံးပဲ ဒီဇိုင်နာကြီးတွေဖြစ်ကြပါစေဗျာ။

သိုးဆောင်း ဝတ္တုစာအုပ်များ


      ko myo htut kyaw တောင်းထားတဲ့ ဆရာ သိုးဆောင်း ရဲ့ဝတ္တုစာအုပ်လေးတွေကို လက်လှမ်း
မှီသလောက်လေး စုစည်းပြီးတင်ပေးလိုက်ပါတယ်။ ခုလောလောဆယ်တော့ စာအုပ်တွေနည်းနေသေး
ပေမဲ့ နောင်တွေ့တာနဲ့ထပ်ထပ်ပြီးဖြည့်ပေးပါ့မယ်။  မနေ့ညကတောင် ဒီစာအုပ်တွေလိုက်ရှာရင်းနဲ့
သိုင်းစာအုပ်တွေအပြင် ကျန်တဲ့စာအုပ်လေးတွေပါထပ်ဖြည့်ပေးထားပါသေးတယ်။ အောက်မှာ စာအုပ်
နာမည်လေးတွေကို ကလစ်ပြီးဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Wondershare PDF Converter V3.0.0






               ဒါလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသား ဆော့ဖ်ဝဲလေးပါ။ သူ converter လုပ်ပေးနိုင်တာ
တွေကတော့ PDF To>>> Word documents ၊ Excel spreadsheets ၊ PowerPoint 
presentations ၊ EPUB ebook ၊ Text files ၊ HTML pages  အဖြစ် ပြောင်းပေးနိုင်တဲ့ 
ကောင်လေးပါ။  လိုအပ်တယ်ဆိုရင်တော့ အောက်မှာ  အဆင်ပြေတဲ့လင့်ခ်ကနေယူသွားလိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ 8.36MB ပဲရှိပါတယ်။  စိတ်ကြိုက်သုံးနိုင်အောင်  serial key  လေးပါထည့်ပေးထား
ပါတယ်။ အားလုံး ပဲ ပျော်ရွင်ကြပါစေ...ဗျာ။

ကာတွန်းဘဲဥ စာအုပ်များ


            မနေ့ညက လိုချင်တဲ့ စာအုပ်လေးတွေလိုက်ရှာရင်း ကာတွန်းဘဲဥ စာအုပ်လေးတွေတွေ့တာနဲ့
တစ်ခါတစ်လေ အပျင်းပြေဖတ်ချင်တဲ့သူတွေရှိရင် ဖတ်နိုင်အောင်တင်ပေးလိုက်ပါတယ်။ အောက်မှာ
စာအုပ်နာမည်လေးတွေကို ကလစ်ပြီးဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ဝေမှူးသွင် ဝတ္တုစာအုပ်များ




               ဝတ္တုစာအုပ်လေးတွေတောင် တင်မပေးနိုင်တာ တော်တော်လေးကြာနေပြီ။ အလုပ်တစ်ဖက်
နဲ့ဆိုတော့ အချိန်ကသိပ်မလောက်ဘူး  ဖြစ်နေတယ်။ ရတဲ့အချိန်လေးမှာ ဟိုဟာလေးလဲ တင်ပေးချင် ၊
ဒီဟာလေးလဲ တင်ပေးချင်နဲ့ စိတ်က ဗျာများနေတာနဲ့ ဒေါင့်မစေ့ဘူးဖြစ်နေတယ်ဗျာ။ ကျွန်တော်ဖက်က
လိုအပ်ချက်တွေရှိနေရင်လဲ နားလည်ပေးကြပါလို့ ဒီပို့စ်လေးကနေတဆင့် တောင်းပန်ပါတယ်....။
           ဆရာ ဝေမှူးသွင် ရဲ့ဝတ္တုစာအုပ်လေးတွေကို ရသလောက်လေးစုစည်းပြီး တင်ပေးလိုက်ပါတယ်။
စာပေအမျိုးမျိုး ၊ စာဖတ်သူအမျိုးမျိုးအနက် ကိုယ်ကြိုက်တာလေးတွေကို တစ်နေရာတည်းမှာအဆင်ပြေ
ပြေဖတ်နိုင်စေဖို့ ရည်ရွယ်ချက်လေးနဲ့ တင်ပေးထားတာပါ။  အောက်မှာကြိုက်တဲ့ စာအုပ်ကို ကလစ်ပြီး
ဖတ်နိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Voice Changer Diamond V6.0.34

  
              ကိုအောင်လေး တောင်ထားတဲ့ Voice Changer ဆော့ဖ်ဝဲလေးပါ။ အခြားလိုအပ်တဲ့သူတွေပါ
အသုံးပြုနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဘာအတွက်သုံးတာလဲဆိုတာ သိတဲ့သူတွေ သိကြပေမဲ့ မသိ
သေးတဲ့သူတွေအတွက် ကျွန်တော်အနည်းငယ်ပြောပြပါ့မယ်။ အသံတွေကို စိတ်ကြိုက်ပြုပြင်ခြင်း ၊ သီ
ချင်းတွေကို mix လုပ်ခြင်း ၊ သီချင်းတွေထဲကို ပေါက်ကရအသံတွေထည့်ခြင်းတွေအပြင် တခြားလုပ်လို့
ရတာတွေလဲ ရှိပါသေးတယ်။ ကိုယ်တိုင်သုံးကြည့်လိုက်ရင် သဘောပေါက်မှာပါ။ သုံးကြည့်ချင်တယ် ဆို
ရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 8.44 MB ပဲရှိပါတယ်။
စိတ်ကြိုက်သုံးနိုင်အောင် keygen လေးပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Take Note V1.01





           ကျွန်တော်တို့ ကွန်ပြူတာရှေ့ရောက်သွားရင် ထ္မင်းမေ့ ၊ ဟင်းမေ့ ထိုင်တတ်တဲ့သူတွေအတွက်
Take Note လေးတင်ပေးလိုက်ပါတယ်။ ကိုယ်တစ်နေရာရာ သွားစရာရှိတဲ့အခါ အကြောင်းအရာလေး
ရေးမှတ်ပြီး ကိုယ်သွားရမဲ့အချိန်ကို သတ်မှတ်ထားပေးလိုက်။ မိမိသတ်မှတ်ထားတဲ့ အချိန်ရောက်ပြီဆို
ရင် Screen ပေါ်တတ်လာပြီး အကြောင်းကြားပေးပါလိမ်မယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာအ
ဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.62 MB ပဲရှိပါတယ်။ စိတ်ကြိုက်သုံးနိုင်အောင်
keygen လေးပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PC Speed Maximizer V3.0.1.0


               ဒါလေးကတော့ အားလုံးသိပြီးသားပါ။ ကွန်ပြူတာ Speed တင်ပေးတဲ့ကောင်လေးပါ။ အစ်ကို
တစ်ယောက်တောင်းထားတာနဲ့ အခြားလိုအပ်တဲ့သူတွေပါ အသုံးပြုနိုင်တောင် တင်ပေးလိုက်ပါတယ်။
full version သုံးနိုင်အောင်  crack file လေးပါထည့်ပေးထားပါတယ်။ လိုအပ်တယ်ဆိုရင် အောက်မှာ
အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  2.98 MB ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

Magic Photo Editor V4.55



        ဓါတ်ပုံလေးတွေကို ဟိုထည့် ၊ ဒီထည့် လုပ်ချင်တဲ့သူတွေအတွက် Magic Photo Editor လေးတင်
ပေးလိုက်ပါတယ်။ အပေါ်မှာ ကျွန်တော် ကလိထားတာလေးကို ကြည့်လိုက်ပါဦး။  ပုံအကြီး ကြည့်ချင်ရင်
ပုံကိုကလစ်ပြီး ကြည့်လိုက်ပါ။  ဒါအပြင် အခြားလုပ်လို့ ရတာလေးတွေလဲ အများကြီး ကျန်ပါသေးတယ်။ ဘာတွေ ထပ်လုပ်လို့ရသေးလဲ  ဆိုတာတော့  ကိုယ်တိုင်သာ လုပ်ကြည့်လိုက်ပါဗျာ။  ကြိုက်တယ်ဆိုရင်
တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။  ဖိုင်ဆိုဒ်ကလဲ 3.12 MB ပဲရှိပါတယ်။ စိတ်ကြိုက်သုံးနိုင်အောင် Keygen လေးပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Pfingo Talk 2.5.0


           ကိုမြတ်သူ C.box ကနေတောင်းထားတဲ့  Pfingo Softphohe လေးပါ။ အခြားပြည်ပရောက်နေ
ကြတဲ့ သူတွေပါ လိုအပ်ရင် သုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ သူ့အကြောင့်ကို မသိသေးသူတွေအ
တွက် ကျွန်တော်သိသလောက် (အနည်းငယ်) ပြောပြပါ့မယ်။ အကြောင်းကြောင်းကြောင့် ပြည်ပရောက်
နေသူတွေ အမိမြန်မာပြည်ကို သာမန် ဟမ်းဖုန်းနဲ့ခေါ်ရင် ငွေကြေးတော်တော်ကုန်ပါတယ်။ အဓိက အဲဒီ
အခက်အခဲလေးကို ဒီကောင်လေးနဲ့ ဖြေရှင်းနိုင်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်ကိုက Online ကနေပြီး
သာမန်ဖုန်းတွေကို ခေါ်ဆိုပြောနိုင်တဲ့ Application ပါ။ ဒါပေမဲ့ Free တော့မရပါဘူး။ သာမန်ဟမ်းဖုန်း
နဲ့ ဖုန်းခေါ်ဆိုမှု့ထက်တော့ အများကြီးသက်သာပါတယ်။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ အောက်မှာ
အဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.48 MB  ပဲရှိပါတယ်။ သူ့ကိုသုံးမယ်ဆိုရင်
အရင်ဆုံး  ဒီနေရာ မှာအကောင့်သွားဖောက်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...