Kaspersky Key of All Version


        Kaspersky key လိုအပ်နေသူတွအတွက် တင်ပေးလိုက်ပါတယ်။ အချို့ key တွေဆိုရင် 2014
အထိ ရနိုင်ပါတယ်။ kas , kis နဲ့ pure အားလုံးအတွက် key တွေပါပါတယ်။ လိုအပ်တဲ့သူတွေ အောက်
က မိမိကြိုက်တဲ့ download link ကနေ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

CCleaner Professional & Business Edition V 4.00.4064


       အစ်ကိုတစ်ယောက် တောင်းထားတဲ့ CCleaner Professional လေးပါ။ ဒါပေမဲ့ Business version
လေး သုံးချင်တဲ့သူတွေရှိရင် သုံးလို့ရအောင် Professional နဲ့ Business နှစ်မျိုးစလုံးတင်ပေးလိုက်ပါတယ်။
အမှန်အတိုင်းပြောရရင် software တွေကို ကျွန်တော် သိပ်ပြီးတင်မပေးချင်တော့ဘူး။ download link 
တွေ ခဏ ခဏ အဖျတ်ခံနေရလို့ပါ (ကိုယ်က ပိုက်ပိုက် ပေးသုံးတာ မဟုတ်တော့)။ အခုလဲ download
ကို Hosting သုံးနေရာခွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုအဆင်မပြေရင် နောက်တစ်ခု အဆင်ပြေရ
အောင်လို့ပါ။ လိုအပ်တဲ့သူတွေရှိရင် အောက်မှာ အဆင်ပြေတဲ့ link ကနေသာ ယူသွားလိုက်ပါဗျာ။ file
ဆိုဒ်ကလဲ 4.1 MB ပဲရှိပါတယ်။ Beginner တွေအတွက်  Professional နဲBusiness ကို ဘယ်လိုသုံးရ
မလဲဆိုတာ ကျွန်တော် နဲနဲ ပြောပြပေးပါမယ်။ download ရလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ရင် အထဲမှာ
 CCleaner 4.00.4064 ဆိုတဲ့ file ထဲက .exe ကို အရင် install လုပ်လိုက်ပါ။ install လုပ်တဲ့နေရာမှာ
အောက်ကပုံထဲက ပြထားတဲ့အတိုင်း ဆက်လုပ်ပေးပါ....

window 8 အသုံးပြုနည်းစာအုပ်



                အားလုံးပဲ မင်္ဂလာပါခင်ဗျာ... လို့နှုတ်ဆက်ပါတယ်။ နောက်ပြီး အချိန်အတော်ကြာကြာ
post တွေ တင်မပေးနိုင်တဲ့အတွက်လဲ တောင်းပန်ပါတယ်။ တင်ပေးချင်တာကတော့ တစ်နေ့ကို
(၁)ပုဒ်မဟုတ်ပါဘူး ၊ တစ်နေ့ကို (၃)ပုဒ်လောက်ကို တင်ပေးချင်တဲ့စိတ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်
မှာက  အချိန်ဆင်းရဲတော့ စိတ်ရှိသလောက်လိုက်  မလုပ်နိုင်တာကို နားလည်ပေးစေချင်ပါတယ်။
            နောက်တစ်ခု အနုညွှတ်တောင်းပန်ချင်တာကတော့ comment မှာ ဆဲရေးတိုင်းထွာခြင်း
မလုပ်ကြပါနဲခင်ဗျာ။  အမိရုတ်တော့ နှုတ်ကြမ်း  ဆိုတဲ့စကားပုံအရ မိမိရဲ့ စကားတစ်ခွန်းကြောင့်တော့
မွေးမိခင်ကို မထိခိုက်စေချင်လို့ပါ။ ကျွန်တော့်အနေနဲ့ကတော့ မကြိုက်ရင် မလာခဲ့ပါနဲ့လို့ပဲ ပြောပါရစေ။
ဒါမှမဟုတ်ရင်လဲ porn site  တွေမှာသွားပြီး ညစ်ညမ်းတဲ့ စကားလုံးတွေ သွားပြောလိုက်ပါ။
ကျွန်တော်တို့ blog ရေးနေတဲ့သူတွေဟာ အချိန်တွေ အားနေလို့ ၊ အလုပ်မရှိ အလုပ်ရှာပြီး ရေးနေတာ
မဟုတ်ပါဘူး။ မအားတဲ့ကြားကနေ ငွေကုန်ခံ ၊ လူပင်ပန်းခံပြီး အားလုံးအဆင်ပြေပါစေတော့ ဆိုတဲ့
စေတနာလေးနဲ့ ပီတိကိုစားပြီး ရေးပေးနေကြတာပါ။ ကျေးဇူးအတင်ခံချင်လို့ရေးတာမဟုတ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ ပြောစရာမလိုပါဘူး။ စေတနာကို မစော်ကားရင်ပဲ ကျွန်တော်ကပြန်ပြီး ကျေးဇူး
တင်နေဦးမှာပါ။ နောက်ပြီး  blog ရေးတာဟာ လူတစ်ဦး ၊တစ်ယောက်တည်းနဲ့ ဆက်ဆံနေတာမဟုတ်
ပါဘူး။ လူအများနဲ့ လုပ်နေရတဲ့အတွက် အားလုံးက မေးသမျှတွေကိုတော့ တစ်ယောက်ချင်းစီပြန်ပြီး
reply လုပ်ဖို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ။ အဲဒါကိုတော့ နားလည်ပေးကြပါ။
         နောက်ပြီးတော့ ကျွန်တော် စာအုပ်တွေပဲ ဦးစားပေးပြီးတော့ တင်ပေးပါတော့မယ်။ ဖြစ်နိုင်ရင်
ကျွန်တော်ဆိုဒ်ကို စာအုပ်ဆိုဒ်အဖြစ်ပြောင်းလဲပြစ်ဖို့ ဆန္ဒရှိပါတယ်။ စာအုပ်တလိုင်းပဲဆိုတော့ ပိုပြီး
တော့ ဖိဖိ စီးစီး ရှာဖွေပြီးတော့ ဒီထက် စုံစုံ လင်လင်လေး တင်ပေးနိုင်မလားလို့ စဉ်းစားမိလို့ပါ။
ကဲ....အစ်ကိုတစ်ယောက်တောင်းထားတဲ့  window 8 အသုံးပြုနည်းစာအုပ် လေးတင်ပေးလိုက်ပါ
တယ်ခင်ဗျာ။ အခြား window  8 သုံနေသူတွေပါ လိုအပ်ရင် သုံးလို့ရအောင်တင်ပေးလိုက်ပါတယ်။
ဟိုဟာလုပ်ရမှာထင်တယ် ၊ ဒီဟာလုပ်ရရင်ကောင်းမလားလို့ စမ်းတဝါးဝါးဖြစ်နေတာနဲ့စာရင် ကိုယ်
အသုံးပြုတဲ့ window အကြောင်းကို သိထားတော့ ကောင်းတာပေါ့ဗျာ။ လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ စာအုပ်တွေကို download link တင်ပေးလို့ တောင်းနေတဲ့သူတွေအတွက် စာအုပ်
တွေကို download ရအောင် ဒီနေရာလေးမှာ သွားကြည့်လိုက်ပါ။ download link သပ်သပ် တင်ပေး
ဖို့မလိုအပ်လို့ ကျွန်တော်က တင်မပေးတာပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

PC Cleaner Pro 2013 V10.11


      အစ်ကိုတစ်ယောက် တောင်းထားတားတဲ့ PC Cleaner Pro လေးပါ။ အခြားလိုအပ်တဲ့သူတွေပါ
သုံးနိုင်အောင်လို့ တင်ပေးလိုက်တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မိမိသုံးတဲ့စက်အရမ်း လေးနေတဲ့
သူတွေ ဒီကောင်လေးကို သုံးပြီးဖြေရှင်းနိုင်ပါတယ်။ ဝယ်ပြီးသုံးရမယ်ဆိုရင် Single ဆိုရင်ပဲ  $ 30
နီးပါးရှိပါတယ်။ အခုတော့ Full အဖြစ်နဲ့ Free သုံးလို့ရအောင် Notepad ထဲမှာ Key လေးတွေ ရေး
ပြီးထည့်ပေးထားပါတယ်။ လိုအပ်တယ် ၊ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ  4.83 MBရှိပါတယ်။ Key ထည့်ပြီးလို့ Fullဖစ်ပြီဆိုရင် အောက်ကပုံမှာ ကျွန်တော်
ပြပေးထားတဲ့ နေရာလေးတွေမှာ ပြင်ပေးလိုက်ရင် အမြဲတမ်း Fullဖစ်နေပါလိမ်မယ်။ အားလုံးပဲ ပျော်
ရွင်ကြပါစေ.....ဗျာ။

Wise Care 365 Pro 2.27.381


       အစ်ကိုတစ်ယောက် Mail ကနေပြီး လှမ်းတောင်းထားတဲ့ကောင်လေးပါ။ သုံးဖူးတဲ့သူတွေ
ကတော့ ဘာအတွက်သုံးတယ် ၊ ဘယ်လောက်ကောင်းတယ်ဆိုတာ သိကြမှာပါ။ မသိသေးတဲ့
သူတွေကို ပြောပြဖို့ကျတော့လဲ သူ့ရဲ့စွမ်းရည်တွေကို ပြောပြဖို့က တော်တော်လေးများနေပါ
တယ်။  အဲဒီတော့ဗျာ အလွယ်ပြောပြရရင်တော့ မိမိသုံးတဲ့စက်ကို ပေါ့ပေါ့လေးသုံနိုင်အောင်
အဖက်ဖက်က စောင့်ရှောက်ပြုပြင်ပေးတဲ့ ကောင်လေးပါ။ အသေးစိတ်သိချင်ရင်တော့ သူ့ရဲ့
မူရင်းဆိုဒ်ကို  ဒီနေရာ  ကနေသွားကြည့်လိုက်ပါဗျာ။  အောက်မှာလဲ သူ့ရဲ့စွမ်းရည်တွေကို
ကျွန်တော်ရေးပြထားပါတယ်။အမြဲတမ်းသုံးလို့ရအောင် Keygen လေးထည့်ပေးထားပါတယ်။
လိုအပ်လို့ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  7.6 MB 
ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
ဒေါင်းလော့လင့်ခ်တွေ ခဏ ခဏအဖျတ်ခံနေရလို့ တာရှည်ပိုပြီးတော့ခံအောင် ကြားထဲမှာ ကျွန်တော်
page နှစ်ခုခံထားပါတယ်။ ပထမတစ်ခုက adFly ပါ။ သူ့အတွက်ကတော့ အားလုံးသိပြီးသားပါ SKIP
AD ကို ကလစ်ရမှာပါ။ နောက် tny ကိုရောက်ရင် password ခံထားပါတယ်။ ကျွန်တော် blog လိမ်စာ
http://lulinmg9wellaung.blogspot.com/ ကို copy ယူပြီး password အကွက်ထဲမှာ
past ပြီးတော့ submit ကို ကလစ်လိုက်ရင် ဒေါင်းလော့လင့်ခ် ကိုရောက်ပါပြီ။

Window 7 Loader V2.1.1


                      စောစောက C-box ကနေ john joe  တောင်းသွားတဲ့ Window 7 Loader လေးပါ။
Window Loader တွေအများကြီးရှိပေမဲ့ အခုကျွန်တော် လက်ရှိသုံးနေတဲ့ကောင်လေးပဲ တင်ပေးလိုက်
ပါတယ်။ ဘာအတွက်သုံးတာလဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်တဲ့အတွက် ရှင်းမပြတော့ပါဘူး။
ဒေါင်းလော့လင့်ခ်တွေ ခဏ ခဏအဖျတ်ခံနေရလို့ တာရှည်ပိုပြီးတော့ခံအောင် ကြားထဲမှာ ကျွန်တော်
page နှစ်ခုခံထားပါတယ်။ ပထမတစ်ခုက adFly ပါ။ သူ့အတွက်ကတော့ အားလုံးသိပြီးသားပါ SKIP
AD ကို ကလစ်ရမှာပါ။ နောက် tny ကိုရောက်ရင် password ခံထားပါတယ်။ ကျွန်တော် blog လိမ်စာ
http://lulinmg9wellaung.blogspot.com/ ပါ။ copy ယူပြီး password အကွက်ထဲမှာ past ပြီးတော့
submit ကို ကလစ်လိုက်ရင် ဒေါင်းလော့လင့်ခ် ကိုရောက်ပါပြီ။ window Loader ကိုဘယ်လို Run
မလဲဆိုတာ မသိသေးတဲ့ Beginner တွေအတွက် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။ လို
အပ်တဲ့သူတွေ အောက်မှာဆက်ကြည့်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

မဟူရာ (လွိုင်ကော်) ဝတ္တုစာအုပ်များ

      C-box ကနေ TYZ ဆိုတဲ့နာမည်နဲ့ ဆရာမ မဟူရာ (လွိုင်ကော်) ရဲ့စာအုပ်တွေတောင်းထားတဲ့
အတွက် တင်ပေးလိုက်ပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော့်မှာ ရှိသလောက်လေး အရင်
တင်ပေးထားပါတယ်။ နောက်အသစ်တွေ့မှပဲ ထပ် ထပ်ပြီး ဖြည့်တာပေါ့ဗျာ။ အောက်မှာ ကြိုက်တဲ့ စာ
အုပ်နာမည်လေးကို ကလစ်ပြီး စိတ်ချမ်းသာစွာ ဖတ်သွားလိုက်ကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။

လရောင်ကျူးရင့် ဝတ္တုစာအုပ်များ


           C-box ကနေ mta တောင်းထားတဲ့  လရောင်ကျူးရင့် ရဲ့ဝတ္တုစာအုပ်တွေကို ကျွန်တော်လက်
လှမ်းမှီသလောက် ရှာဖွေပြီးတင်ပေးလိုက်ပါတယ်။ နောက်ထပ်တောင်းထားတဲ့စာအုပ်တွေကိုလဲ အစဉ်
ပြေသလို တင်ပေးပါမယ်။ တောင်းထားတဲ့ စာအုပ်တွေက တော်တော်လေး များနေလို့ ဘယ်ဟာကို အ
ရင် စတင်ရမလဲ မသိဘူးဖြစ်နေတယ်။ တောင်းထားတဲ့စာအုပ်တွေကိုတော့ ကျွန်တော် ကြိုးစားပြီး တင်
ပေးပါမယ်။ အချိန်လေးတော့ နည်းနည်းပေးပါခင်ဗျာ။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးသာ
ဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

မောင်စိန်ဝင်း (ပုတီးကုန်း) ဝတ္တုစာအုပ်များ


         အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဆိုဒ်ကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်လေးကြာသွားပါပြီ။ ဒေါင်း
လော့လင့်ခ်တွေ အဖျတ်ခံလိုက်ရကတည်းက စိတ်ဓါတ်တွေကျပြီး ဘလော့ခ်ကို ဆက်ပြီးရေးချင်စိတ်ကို
ကုန်သွားတာပါပဲ။ ကိုယ်ကတော့ အပင်ပန်းခံပြီး ဆော့ဖ်ဝဲတွေရှာ Upload တွေတင်၊ ပြီးတော့ တစ်ပတ်
တောင်မခံဘူး လင့်ခ်တွေအဖျတ်ခံရနဲ့ အပင်ပန်းခံရကျိုးမနပ်ဘူးဆိုပြီး စိတ်တော်တော်တိုပြီး ဆိုဒ်ကိုပြစ်
ထားလိုက်တယ်။ တစ်လလောက်နေတော့ ဆိုဒ်ကိုဖျတ်တော့မယ်ဆိုတော့ သူငယ်ချင်းတွေကရော ၊ ညီ
အစ်ကိုတွေကပါ ဝိုင်းပြီးတားတာကြောင့် မဖျတ်ဖြစ်ခဲ့ပါဘူး။ ဆော့ဖ်ဝဲတွေမတင်ချင်နေပါတဲ့ စာအုပ်လေး
တွေဦးစားပေးပြီးတင်ပေါ့ ဆိုတာနဲ့ စိတ်ပြန်လည်လာပြီး ဆိုဒ်ဆက်ရေးလိုက်တာပါ။ နောက်ကိုလဲ စာအုပ်
တွေပဲ ဦးစားပေးပြီး တင်ပေးပါ့မယ်။ ဆော့ဖ်ဝဲတို့ ၊ ဖြေရှင်းနည်းတို့ကတော့ တောင်းတဲ့သူတွေရှိမှပဲ တင်
ပေးပါမယ်ခင်ဗျာ။
    ကဲ...ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့စာအုပ်လေးတွေကို အခုလောလောဆယ် ကျွန်တော်မှာ ရှိ
သလောက်လေး တင်ပေးလိုက်ပါတယ်။ ဆရာရဲ့ ပရိတ်သတ်တွေအတွက်တော့ အတိုင်းအတာ တစ်ခုထိ
ကျေနပ်နိုင်လိမ်မယ်လို့ ထင်ပါတယ်။ C-box ကတောင်းထားတဲ့စာအုပ်လေးတွေရော၊ Mail ကနေတောင်း
ထားတဲ့စာအုပ်တွေအနက်က ကျွန်တော့်ဆီမှာ အဆင်သင့်ရှိနေတဲ့စာအုပ်တွေကို တင်ပေးရင်းနဲ့ မရှိသေး
တဲ့ စာအုပ်တွေကိုလဲ ရှာပြီးတင်ပေးပါမယ်ခင်ဗျာ။ အရင်တင်ပေးထားတဲ့ စာအုပ်တွေထဲကိုလဲ အသစ်တွေ
ကြုံရင် ကြုံသလို ဖြည့်ပေးပါ့မယ်။ အောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီးဖတ်လိုက်ပါဗျာ။ စာအုပ်တွေ
ဘယ်လိုဒေါင်းရမလဲလို့ မေးထားတဲ့သူတွေအတွက် ဒီနေရာလေးမှာ  ကြည့်လိုက်ပါနော်။ အားလုံးပဲ ပျော်
ရွင်ကြပါစေ.....ဗျာ။

Glary Utilities Pro v2.51.0.1666


        ဒီကောင်လေးကတော့ ကျွန်တော်တို့ Registry ၊ Temporary စတာတွေကို Clean လုပ်ပေးခြင်း၊
Spyware ၊ adware စတာတွေကို Remove လုပ်ပေးခြင်း ၊ Junk films စတာတွေကို Repair လုပ်ပေး
ခြင်းဖြင့် မိမိစက်ရဲ့ Performance ကို မြှင့်တင်ပေးတဲ့ကောင်လေးပါ။ လိုအပ်တယ်ဆိုရင် အောက်မှာယူ
သွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 6.2 MB  ပဲရှိပါတယ်။ Full သုံးလို့ရအောင် Serial key ထည့်ပေးထားပါတယ်။
 အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

IObit Protected Folder V1.2




              အစ်ကိုတစ်ယောက် တောင်းထားတဲ့ ကောင်လေးပါ။ မိမိဖွင့်မကြည့်စေချင်တဲ့ Folder တွေကို
Lock ချပေးထားတဲ့ကောင်လေးပါ။ လိုအပ်တဲ့သူတွေရှိရင် အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 3.3 MB ပဲရှိပါတယ်။ Full သုံးနိုင်အောင် serial key ထည့်ပေးထားပါတယ်။ key ထည့်မယ်ဆိုရင် Connection
ကိုအရင် ပိတ်ထားပြီးမှ serial key ထည့်ပေးလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PGWARE GameGain 2.11.26.2012


              သုံးဖူးတဲ့သူတွေတော့ သိကြမှာပါ။ ကျွန်တော်တို့ PC Game တွေကို နှစ်နှစ်ခြိုက်ခြိုက်နဲ့
အချိန်ကြာကြာ ကစားတတ်သူတွေအတွက်ပါ။ တစ်ချို့သော စက်တွေက Game ကစားရင်း Hank
(ဟမ်း)တတ်ပါတယ်။ အဲလိုပြဿနာကို ဒီကောင်လေးသုံးပြီး ဖြေရှင်းနိုင်ပါတယ်။ တခြားသော သူ့ရဲ့
ကောင်းကွက်လေးတွေလဲ ရှိပါသေးတယ်။ အသေးစိတ်သိချင်ရင်တော့ သူ့ရဲ့မူရင်းဆိုဒ်ကို ဒီနေရာ က
နေသွားပြီး လေ့လာလိုက်ပါဗျာ။ လိုအပ်တဲ့သူများကတော့ အောက်မှာယူသွားလိုက်ပါ။ Full သုံးလို့ရ
အောင် Patch File လေးပါ ထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

PGWARE PCMedik 6.11.26.2012


                ဒီကောင်လေးကတော့ ကျွန်တော်တို့ PC တွေကို Repair လုပ်ပေးခြင်း ၊ software တွေကို
လျှင်မြန်စွာထုတ်သုံးနိုင်အောင် ကူညီပေးခြင်းနဲ့ မိမိစက်ရဲ့ performance ကိုမြှင့်တင်ပေးတဲ့ကောင်လေး
ပါ။ ဒါကတော့ အကြမ်းဖျင်းပြောတာပါ။ သေသေချာချာသိချင်ရင်တော့ ဒီနေရာ ကနေ သူ့ရဲ့မူရင်းဆိုဒ်မှာ
သွားပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.5 MB ပဲရှိပါတယ်။ Full သုံးလို့ရအောင် patch file ထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ....
ဗျာ။

IncrediMail 2 Plus 6.39 Build 5248 Final (2012)


         IncrediMail လေး Version အသစ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ သိတဲ့အတိုင်ပါပဲ Update
ဆိုတော့အရင်Version ထက်ပိုကောင်းလာမှာပါပဲ။ ဘာအတွက်သုံးတာလဲဆိုတာမသိသေးသူတွေကတော့
သူ့ရဲ့အသုံးဝင်ပုံကို ဒီနေရာမှာ သွားကြည့်လိုက်ပါ။ ကြည့်ပြီးလို့ အသုံးလိုတယ်ဆိုရင်တော့ အောက်မှာ ယူ
သွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 24.42 MB ပဲရှိပါတယ်။ ဖိုင်ထဲမှာ Window 7 အတွက် Patch နဲ့ Window XP
အတွက် Patch ဆိုပြီး (၂) မျိုးပါပါတယ်။ မိမိသုံးတဲ့ Window အလိုက်ရွေးပြီး Patch ချိုးလိုက်ရင် Full
ဖြစ် သုံးလို့ရပါပြီး။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ဗျူး ဝတ္တုစာအုပ်များ


           တလောက အစ်မတစ်ယောက် တောင်းထားတဲ့ ဆရာမ ဗျူး ရဲ့စာအုပ်လေးတွေကို ရသလောက်
လေးစုစည်းပြီး တင်ပေးလိုက်ပါတယ်။ အခုတလော လိုင်းမကောင်းတာနဲ့ ၊ အလုပ်မအားတာနဲ့ Post တွေ
တောင်မှ သိပ်မတင်ဖြစ်ဘူး။ ဒီနေ့မှပဲ တင်ပေးဖြစ်တော့တယ်။ အောက်မှာ ကြိုက်တဲ့ စာအုပ်အမည်လေး
ကို click ပြီး ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Kaspersky Daily Activation Keys 23 November 2012


           23 November 2012 အတွက် Kaspersky Keys တွေပါ။ ပုံမှန်အတိုင်းပါပဲ All Edition အတွက်
ပါ။ လိုအပ်တဲ့သူတွေရှိရင် အောက်မှာယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

Aoao Video Watermark Pro 3.0


                ဒီကောင်လေးကတော့ ကျွန်တော်တို့ Youtube တို့ Facebook တို့မှာ Videos တွေတင်တတ်
တဲ့သူတွေအတွက်ပါ။ ဘာအတွက်သုံးတာလဲဆိုတော့ မိမိတင်တဲ့ video file ပေါ်မှာ ရေစာ(Watermark)
ရေးတဲ့ကောင်လေးပါ။ Effect လေးတွေ တော်တော်များများနဲ့ ရေစာရေးနိုင်တဲ့ကောင်လေးပါ။ နောက်ပြီး
Video ကိုလဲ နဲနဲပါးပါး Effect လုပ်နိုင်ပါသေးတယ်။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ 14.9 MB ပဲရှိပါတယ်။  Full သုံးလို့ရအောင်  Serial key ထည့်ပေးထားပါတယ်။ အားလုံးပဲ
ပျော်ရွင်ကြပါစေ......ဗျာ။

GiliSoft Movie DVD Creator 5.2.0


           အစ်ကိုတစ်ယောက်တောင်းထားတဲ့ GiliSoft Movie DVD Creator 5.2.0 လေးပါ။ ဘာအတွက်
သုံးတာလဲဆိုတာတော့ အားလုံးသိပြီးသားပါ။ အခုတလော Connection သုံးရတာအဆင်မပြေလို့ Post
တွေတောင်သိပ်မတင်ဖြစ်ဘူး။ လိုအပ်တဲ့သူများ အောက်မှယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 15.4 MB ပဲရှိပါ
တယ်။ အမြဲတမ်းသုံးနိုင်အောင် Keygen ထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Stardock DeskScapes v 3.5 Final (2012)


            ကျွန်တော်တို့ Desktop ကို နည်းအမျိုးမျိုးနဲ့ အလှဆင်ချင်တဲ့သူတွေအတွက် Stardock DeskScapes လေးတင်ပေးလိုက်ပါတယ်။ Desktop ပေါ်မှာ Animation ( ပုံအရှင်) လေးတွေနဲ့
အလှဆင်ပေးနိုင်တဲ့ ကောင်လေးဆိုတော့ လန်းတယ်လိုတော့ ပြောလို့ရပါတယ်။ သူ့ကိုသုံးတဲ့နေ
ရာမှာ ကျွန်တော်အကြိုက်ဆုံးတစ်ခုကတော့ အခြား Animation တွေသုံးသလို စက်ကိုမလေးစေပဲ
ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးလေး သုံးနိုင်တာကို တော်တော်လေးသဘောကျပါတယ်။ နောက်ပြီး သူ
ပေးထားတဲ့ ပုံတွေမကြိုက်သေးရင်လဲ မိမိကြိုက်တဲ့ပုံတွေကို  Get More Backgrounds ကနေပြီး
ကြိုက်သလောက်ယူပြီး သုံးနိုင်ပါသေးတယ်။ သုံးကြည့်လိုက်ပါ။ တော်တော်လေးကောင်းပါတယ်။
ဖိုင်ဆိုဒ်ကလဲ 51.96 MB  ရှိပါတယ်။Full သုံးလို့ရအောင် Patch File လေးထည့်ပေးထားပါတယ်။
ဖိုင်ထဲမှာ ကျွန်တော်အခုသုံးနေတဲ့  Red Billed Leiothrix 2 ဆိုတဲ့ File လေးပါထည့်ပေးထားပါ
တယ်။ သစ်ကိုင်းပေါ်က ငှက်ကလေးက ဟိုကြည့် ၊ ဒီကြည့်နဲ့ ချစ်စရာကောင်းတဲ့ ပုံလေးပါ။ အောက်
မှာ လိုအပ်တဲ့သူတွေအတွက် အသုံးပြုပုံလေးကို ရှင်းပြပေးထားပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါ
စေ.....ဗျာ။

Babylon Pro 9.0.7


           ကိုမြင့်သန်း C-box ကနေတောင်းထားတဲ့ Babylon software ပါ။ အားလုံးနဲ့ ရင်းနှီပြီးသား
ဖြစ်တဲ့အတွက် ဘာအတွက်သုံးတာလဲဆိုတာတော့ အထူးပြောပြနေဖို့ မလိုတော့ပါဘူး။ Dictionary
အနေနဲ့တင်မကပါဘူး အင်္ဂလိပ်စာလေ့လာသူတွေအတွက်ပါ တော်တော်လေးကောင်းပါတယ်။ မိမိ
ရှာချင်တဲ့ စာလုံးရဲ့အသံထွက်ကိုပါ  Speaker ပုံလေးနှိပ်ပြီး နားထောင်နိုင်ပါတယ်။ မြန်မာလို သုံးလို့
ရအောင်  padonma-english-myanmar ဆိုတဲ့ Dictionary လေးပါထည့်ပေးထားပါတယ်။ လိုအပ်
တဲ့သူတွေရှိရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  12.88 MB ရှိပါတယ်။ သူ့အတွက်
Patch file လေးရော ၊ လိုအားမရသုံဖို့အတွက် Serial key ပါထည့်ပေးထားပါတယ်။ အားလုံးပဲ ပျော်
ရွင်ကြပါစေ.....ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...