ExtremeCopy Pro 2.1.0


             အစ်မတစ်ယောက်က သူ့စက်မှာ Files တွေ Films ကူးတဲ့ ၊ပြောင်းတဲ့အခါ အရမ်းကြာနေလို့
Copy ကူးတာမြန်စေတဲ့ ဆော့(ဖ်)ဝဲလေးရှိရင် မ,စပါတဲ့။ Full Version လေးရရင် ရှဲရှဲ ပါတဲ့...။ကျွန်
တော့်သူငယ်ချင်းတွေအထဲမှာလဲ အခုလို Copy ကူးတဲ့အခါ အရမ်းကြာတတ်တဲ့ စက်ပိုင်ရှင်များ ရှိ
ခဲ့ရင် အသုံးပြုနိုင်အောင်  ExtremeCopy 2.1.0  ကို Serial key လေးနဲ့တင်ပေးလိုက်ပါတယ်ဗျာ။
လိုအပ်ရင်တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2.3 MB  ပဲရှိပါတယ်။ Minus.com မှာ
ဒေါင်းရတာအဆင်ပြေမယ်ထင်လို့ Minus.com မှာပဲထပ်တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင်လဲ
အော်ခဲ့ကြပါ..နော်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Flower Desktop


                 ဒါလေးကတော့ ကိုသူရ တောင်းထားတဲ့ Desktop အလှဆင်ပေးတဲ့ ပန်းပွင့် ၊ပန်းပင်
လေးတွေပါ။ ကိုသူရ လိုပဲ မိမိ Desktop ပေါ်မှာ အလှဆင်ချင်တွေ သုံးနိုင်အောင်လို့တင်ပေးလိုက်
တာပါ။ အပေါ်မှာ ကျွန်တော် Capture ဖမ်းပြထားသလိုပါပဲ...ပန်းပင်လေးတွေက လေတိုက်နေ
သလို ဟိုယိမ်း ၊ ဒီယိမ်းနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့ကို အမြဲတမ်းပေါ်နေစေချင်ရင်တော့
အောက် Taskbar မှ ပန်းပွင့်ပုံလေးကို Right ကလစ်ပေးပြီး တတ်လာတဲ့ Properties Box မှ Run
Automatically When Windows Start ဆိုတာကို အမှန်ခြစ်ပေးလိုက်ရင် OK ပါပြီ။ လိုချင်ရင်
တော့ အောက်မှာယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 2.9 MB ပဲရှိပါတယ်။ Minus.com မှာပဲတင်ပေး
လိုက်ပါတယ်။ ဒီလင့်(ခ်)ကနေ ဒေါင်းရတာအဆင်ပြေမယ်ထင်လို့ပါ။ အဆင်မပြေရင်လဲ ပြောပေး
ကြပါဗျာ။ အခြား လင့်(ခ်)ကနေ ပြောင်းတင်ကြတာပေါ့..နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ...ဗျာ။

တက္ကသိုလ်ဘုန်းကြွယ် သိုင်းဝတ္တုများ


         အစ်ကိုတစ်ယောက်  Mail ထဲကနေပြီး သိုင်းစာစဉ်တွေတင်ပေးဖို့တောင်းဆိုထားတဲ့အတွက် ဆရာ တက္ကသိုလ်ဘုန်းကြွယ် ရဲ့သိုင်းစာစဉ်လေးတွေကို အခုလတ်တလော တွေ့သမျှ ရသမျှ လေး
တွေကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပြီးတင်ပေးလိုက်ပါတယ်။ တင်ပေးချင်တဲ့ စာအုပ်တွေရော
ထပ်ဖြည့်ပေချင်တဲ့စာအုပ်တွေရော တော်တော်များများရှိနေပေမဲ့ စာအုပ်တွေကို Web မှာရှာလိုက် ၊
ဒေါင်းလော့(ခ်)ချလိုက် ၊  Upload ပြန်တင်လိုက် ၊ ပို့(စ်)တင်လိုက်နဲ့ တစ်ယောက်ထဲ လုံးချာလည်
နေလို့ စိတ်ထဲရှိသလောက် တင်မပေးနိုင်သေးဘူး ဖြစ်နေတယ်။ ဖြေးဖြေးပေါ့ဗျာ...နော်။
      ကြုံလို့ Mail ထဲကနေ ရန်တွေ့ (အဲလေ..) မေးထားတာလေး ပြောပြပါ့မယ် (တကယ်တော့
မကြုံလဲ ပြောမှာပါပဲ)။ စာလုံးတွေ မှုံဝါးနေတာ ၊ စာလုံးတွေထပ်နေတာက ကျွန်တော်နဲ့မဆိုင်ပါဘူး။
ကွန်နက်ရှင်မကောင်းလို့ ဖြစ်တတ်တဲ့သဘောတွေပါ။ ခဏလောက်သည်းခံပြီးစာင့်ဖတ်လိုက်ရင်တော့
အဆင်ပြေပါလိမ်မယ်။ ကျွန်တော်တင်ပေးထားတဲ့ ဆော့(ဖ်)၀ဲတွေ ၊ စာအုပ်တွေကို ကျွန်တော်ကိုယ်
တိုင် အရင်ဆုံး Test လုပ်ပြီးမှ သေသေချာချာ Upload တင်ပေးထားတာတွေပါ။ ပေါက်ကရ စာလုံး
တွေပေါ်လာခဲ့ရင်သာ Fonts ကြောင့်ဖြစ်တာပါ။ ခုတော့ စိတ်လျှော့ပြီး အချိန်အနည်းငယ် စောင့်ပြီး
ဖတ်လိုက်ပါဗျာ။ အောက်မှာကြိုက်တဲ့ စာအုပ်တွေကို ကလစ်ပြီးဖတ်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။

ဝ​ဏ္ဏ​အောင် သိုင်းဝတ္တုစာအုပ်များ


    ဆရာ   ဝ​ဏ္ဏ​အောင်  ရဲ့ သိုင်းဝတ္တုစာအုပ်လေးတွေကို ရသလောက်လေး စုစည်းပြီးတင်ပေး
လိုက်ပါတယ်။ ကျွန်တော်လဲ လူမှု့ရေး အခက်အခဲတွေကြောင့် Blog  ကိုတောင် ပြန်လှည့်မကြည့်
နိုင်သလိုဖြစ်သွားတယ်ဗျာ။  Mail  ထဲကနေပြီး တောင်းထားတွေလဲ တော်တော်များနေပြီး ချက်ခြင်း
တင်မပေးနိုင်တာ တောင်းပန်ပါတယ်။ အခုတော့ အဆင်ပြေသလောက်ဖြစ်သွားပါပြီ။ တောင်းထား
တာလေးတွေကို ဦးစားပေးပြီးတင်ပေးပါမယ်။ ကျန်တာတွေကတော့ အေးအေးဆေးဆေး ပုံမှန်လေး
တင်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။
   အခုလဲ သိုင်းစာအုပ်တင်မကပါဘူး သိုးဆောင်း ၊ မောင်လှမျိုး (ချင်းချောင်းခြံ) ၊ မင်းသိင်္ခ ၊ အကြည်
တော် ၊ မင်းမြတ်သူရ စတဲ့ စာရေးဆရာစာအုပ်အသစ် တွေပါ ထပ်ထည့်ပေးထားပါတယ်။  ကိုယ်
ကြိုက်တဲ့ စာရေးဆရာ ပို့(စ်)တွေကို  ပြန်ကြည့်လိုက်ဗျာ ။ ကဲ..ကျွန်တော်လေရှည်နေတာနဲ့ အချိန်တွေကုန်နေပါလိမ့်မယ်။ ပုံမှန်အတိုင်းပဲအောက်မှာ ကြိုက်တဲ့စာအုပ်ကို ကလစ်ပြီး ဖတ်ပေး
ကြပါ။  အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

Kaspersky 2012 Trial Reset V1.1C





          ဒါလေး ကလဲ အစ်ကိုတစ်ယောက်တောင်းထားတဲ့ ကောင်လေးပါ။ Kaspersky ကိုနှစ်နှစ်
ခြိုက်ခြိုက် အသုံးပြုတတ်တဲ့ သူတွေပါအသုံးပြုနိုင်အောင်  တင်ပေးလိုက်ပါတယ်။ သူကတော့
Version 2012 Trial ကို  Reset ပြန်လုပ်ပေးတဲ့ ကောင်လေးပါ။  လိုအပ်တယ်ဆိုရင်တော့ 
အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 155 KB    ပဲရှိပါတယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

ကံချွန် ဝတ္တုစာအုပ်များ

             အစ်ကို ကိုသူရ တောင်းထားတဲ့ ဆရာ ကံချွန် ရဲ့စာအုပ်လေတွေကို စုစည်းပြီးတင်ပေး
လိုက်ပါတယ်။ အခြားတောင်းထားတဲ့ အစ်ကိုတွေကိုလဲ ဖြေးဖြေးချင်းတင်ပေးပါ့မယ်ခင်ဗျာ။ ခု
လောလောဆယ်ဆယ်တော့ ကျွန်တော်တကယ်ကိုအချိန်မရလို့ တစ်ခါတည်း တင်မပေးနိုင်
သေးတာကို အထူးပဲ တောင်းပန်ပါတယ်။ အောက်မှာဖတ်ချင်တဲ့စာအုပ်နာမည်ကို ကလစ်ပြီး
ဖတ်ပေးကြပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...