ဆော့(ဖ်)ဝဲများ Update Box မတတ်အောင်လုပ်နည်း


       ကိုအာကာ မေးထားတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်တော်တို့ Window စဖွင့်ဖွင့်ချင်း
မှာ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လေးတွေဟာ မကြာခဏ ဆိုသလို တတ်လာတတ်ကြပါတယ်။
အဲဒီ Box ကို မိမိကိုယ်တိုင်က အမှု့မဲ့  အမှတ်မဲ့သော်၎င်း​ ၊ မိမိမရှိတဲ့အချိန် အခြားသူတစ်ယောက်
က မသိ၍​သော်၎င်း​ Yes (or) Ok  နှိပ်မိလိုက်ရင် ဖရီးဗာရှင်းတွေမှာ  ပြဿနာမရှိပေမဲ့ လိုင်စင်ဗား
ရှင်း ဆော့(ဖ်)ဝဲတွေမှာကြတော့ အရင်ထည့်ထားတဲ့ Key ပြုတ်သွားပြီး နောက်ထပ် License Key
Serial  Key တွေထပ်တောင်းရော။ အရင်ထည့်ပေးဖူးတဲ့ Key ကလဲ ဗားရှင်း မတူတဲ့အတွက်သုံး
လို့မရ ၊ လိုအပ်တဲ့ Key ကိုလဲ ဘယ်နေမှာသွားရှာရမှန်းမသိနဲ့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ခြင်းခေါ်မလား ၊ အပျင်းထူခြင်းခေါ်မလား
မသိဘူး။ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လုံးဝ တတ်မလာအောင်
ပိတ်ထားလိုက်မယ်ဗျာ။ ကဲ...စလိုက်ရအောင် start မှ run (သို့) window key+R တွဲနှိပ်လိုက်ပါ။
run box ထဲမှာ msconfig လို့ရေးပြီး ok (သို့) Enter ခေါက်လိုက်ပါ။ ပြီးရင် အောက်ကပုံမှာ ပြထား
တဲ့အတိုင်း တဆင့်ချင်းလိုက်လုပ်လိုက်ပါ။



 
     အင်တာနက်ဆိုတာကို အခုမှစတင်ထိတွေ့သူတွေအတွက် Capture ဖမ်းပြီးရှင်းပြပေးခြင်းဖြစ်ပါ
သည်။ ပုံသေချာမမြင်ရရင် ပုံပေါ်ကိုကလစ်ပြီး အကြီးနဲ့ကြည့်လိုက်ပါ။  အားလုံးပဲ ပျော်ရွင်ကြပါ
စေ.....ဗျာ။

No comments:

Post a Comment

အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...