ကဗျာလေးတွေ တင်မပေးဖြစ်တာ တော်တော်ကြီးကို ကြာသွားပါပြီ။ ဒီနေ့တော့ မိုးက အုံ့မှိုင်းပြီး
တစ်ခုခုကို လွမ်းသလို ၊ ဆွေးသလို ခံစားရလို့ ဆရာ ရဲ့ ကဗျာတစ်ပုဒ်
ကို ဖွဖွလေး ရွတ်ဆိုမိလို့ ကဗျာချစ်သူတွေလဲ ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်....
မုန်တိုင်း...
လေပြေရဲ့ တံတိုင်းကိုချိုး
ပန်းမျိုးတစ်ရာကို ချေဖျက်
သူ့ရဲ့ လက်နက်ကို
ရက်စက်တယ်လို့ မယူဆလို
မုန်တိုင်း ဆိုတာ
(တစ်ချိန်ချိန်မှာ ရင့်အိုသွားရစမြဲ)
အစဉ်နုပျိုနေတာမှ မဟုတ်ပဲလေ....။
ရေလှိုင်း...
ကမ်းပါးရဲ့ တံတိုင်းကိုချိုး
ပင်လယ်ပျို လုလင်ရဲ့
သူ့ရင်ခွင်ကို ခွဲထုတ်
အဲဒါ...
ရေလှိုင်းရဲ့ အလုပ်ပေပဲ....။
ဒါပေမဲ့...
ရေလှိုင်း ဆိုတာလည်း
မုန်တိုင်းနဲ့ တစ်ဆက်တည်းမို့
(ကြေကွဲနေစရာ မလို)
ရေထဲမှာ ရင့်အိုသွားလိမ်မယ်...။
အို...
ချစ်တဲ့ နှင်းဆီ
ရာသီတွေ ဘယ်လိုရင့်ရင့်
မုန်တိုင်းတွေ ဘယ်လိုသင့်သင့်
ရေလှိုင်းတွေ ဘယ်လောက်မြင့်မြင့်
လေပြေတွေ ဘယ်လောက်ဆင့်ဆင့်
သင့်ရဲ့ နှင်းဆီပွင့်ကတော့
(အစဉ်သဖြင့်)
မာန်ဝင့်နေဆဲပါလား...ကွယ်။
No comments:
Post a Comment