iphone Unlock စာအုပ်


         ခုတလော ကွန်နက်ရှင်မကောင်းတာနဲ့ ဘာမှလုပ်လို့မရလို့ ဒီအတိုင်းပဲ ငုတ်တုတ်ထိုင်းပြီး ကိုယ့်ဆိုဒ်
ကို ပြန်ကြည့်နေရတယ်။  ထိုင်ကြည့်မနေနိုင်တဲ့ နောက်ဆုံးတော့ ကွန်နက်ရှင်နဲ့ နပန်းလုံးပြီး ပို့စ်တွေတင်
လို့ရအောင် မနည်းကြိုးစားထားရတယ်။ ပို့စ်တွေအသစ်မတင်နိုင်သေးခင် အဆက်မပြတ်လာလည်ကြတဲ့
အစ်ကိုတွေ ၊ အစ်မတွေကိုလဲ ကျွန်တော်အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ။ လိုအပ်တာလေးတွေလဲအကြံ
ပေးသွားကြပါဦးလို့ တောင်းဆိုပါတယ်။ 
      ဒါလေးကတော့ ကျွန်တော်တို့ iphone သမားတွေအတွက်  iphone Unlock လုပ်နည်းစာအုပ်လေးပါ။
လိုအပ်လို့ လေ့လာချင်တယ်ဆိုရင် လေ့လာနိုင်အောင် တင်ပေးလိုက်တာပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ။

...သပြေညို....

             ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ကဗျာလေးပါ။ အထက်တန်းကျောင်းတုန်းက 
ဖတ်ရင်းရင်ထဲမှာ စွဲငြိခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ကဗျာချစ်တတ်သူတွေအတွက် မျှဝေရင်....

လွင့်ကြွေကျ  ဖို့တော့
ပွင့်မနေ ပါရစေနဲ့....
သူချိုးနိုင်ဖို့  အခက်ဝေ
သူနေနိုင်ဖို့  အရိပ်ပေး

Morpheus Photo Animation Suite 3.16


               ဒါလေးကတော့ ကျွန်တော်တို့ ဓါတ်ပုံတွေကို ရယ်ချင်စရာ Animation ပုံလေးတွေ ၊ လူမျက်နှာ
ကနေ တဖြေးဖြေး တိရစ္ဆာန်မျက်နှာပုံ ပြောင်းသွားတာလေးတွေ အစရှိသဖြင့် လုပ်ဆောင်တဲ့ကောင်လေး
ပါ။  ဓါတ်ပုံတွေကို စိတ်ဝင်တစား ကလိတတ်သူတွေအတွက်ပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ
အဆင်ပြေတဲံ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  10 MB ပဲရှိပါတယ်။ သူ့အတွက် Crack ဖိုင်လေး
ပါထည့်ပေးထားပါတယ်။ Crack ဖိုင်ထဲက  .exe ကို  Copy ယူပြီး C > Program Files > Morpheus 
Photo Animation Suite ဖိုင်ထဲကိုသွားပြီး  Past ပေးလိုက်ပါ။ ပြီးရင် Double Click ပေးပြီး  Run  
လိုက်ရင်  Full ဖြစ်ပါပြီ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

SpeedConnect Internet Accelerator 8.0





          ဒါလေးကတော့ လူတိုင်းရင်းနှီးပြီးသားဆော့ဖ်ဝဲလေးပါ။  Web page ၊ g-mail တို့ဖွင့်တဲ့အခါ ပိုပြီး
တော့မြန်စေတဲ့အပြင် ဒေါင်းလော့လုပ်တဲ့အခါလဲ အဆင်ပြေပြေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ ကောင်လေး
ပါ။ အသုံးပြုရတာလဲ လွယ်ပါတယ်။ Setting ထဲက ကိုယ့်သုံးတဲ့ Connection ကိုရွေးပေးလိုက်ရင်အဆင်
ပြေပါပြီ။ ဒီကောင်လေးက အခြား Net Speeder လိုမျိုး CPU ကို အတင်းကြီး Speed ခိုင်းတာမျိုးမဟုတ်တဲ့
အတွက် မသုံးဖူးသေးရင်တော့ သုံးကြည့်စေချင်ပါတယ်။ Crack ပြီးသားဖြစ်တဲ့အတွက် ဘာ Key မှဖြည့်
စရာမလိုပဲ Run လိုက်တာနဲ့ Full Version အသုံးပြုနိုင်ပါပြီ။ စိတ်ဝင်စားရင်တော့ အောက်မှာအဆင်ပြေ
တဲ့လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ  3 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Microsoft Office 2007


             ကိုမြတ်သူ c.box ကနေတောင်းထားတဲ့  Microsoft ဆော့ဖ်ဝဲပါ။ တခြားလိုအပ်တဲ့သူတွေပါ
အသုံးပြုနိုင်အောင်လို့  တင်ပေးလိုက်ပါတယ်။  တိတိကျကျ တောင်းထားတာမဟုတ်တော့  ကျွန်တော်
လဲ အဆင်ပြေမယ်ထင်တာပဲ မှန်းပြီးတင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ဒီလောက်ကြီးတဲ့ ဆော့ဖ်ဝဲကို ကျွန်
တော်လက်ရှိသုံးနေတဲ့ ကွန်နက်ရှင်နဲ့ ဘယ်လိုမှ upload တင်ပေးလို့မရတဲ့အတွက် ကျွန်တော့်အကို
ကိုနေမင်းမောင် ရဲ့ဒေါင်းလော့လင့်ခ် ရှယ်ပေးထားပါတယ်။ 95.78 MB စီနဲ့အပိုင်း (၆)ပိုင်းရှိပါတယ်။
သူ့အတွက်လိုအပ်တဲ့ Key ပါထည့်ပေးထားပါတယ်။ လိုအပ်တယ် ဆိုရင်တော့ အောက်မှာယူသွားလိုက်
ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 

Desktop Photo Frame Set 1.0


            HAPPY NEW YEAR ကိုကြိုလိုက်တာ အရှိန်များပြီး ခုမှပဲ ဆိုဒ်ထဲကိုပြန်ရောက်တော့တယ်။
(၃)ရက်လုံးလုံး အိပ်ရေးတွေပျက် ၊ အစားတွေပျက်နဲ့ လူလဲတော်တော်လေးပင်ပန်းသွားတယ်။ ကဲ...
ဒါလေးကတော့ ကျွန်တော်တို့ Desktop ကို သူများတွေနဲ့မတူ တမူဆန်းပြားပြီး ထူးထူးခြားခြားလေးသုံ့း
ချင်သူတွေအတွက်ပါ။ အပေါ်မှာ ကျွန်တော့် Desktop ကို  Capture ဖမ်းပြထားသလိုလေးပေါ့။ မူရင်း
တင်ထားတဲ့ Wallpaper ပုံလဲမပျောက်အောင် ၊ နောက်ထပ် ကိုယ့်ရဲ့အသဲလေးတို့ ၊ ဘဲဘဲကြီးတို့ပုံတွေ
ကိုလဲ  Fram  လေးတွေနဲ့အလှဆင်ပြီး  Desktop ရဲ့ဘယ်နေရာမဆို တင်ထားချင်သူတွေအတွက်ပါ။
အသုံးပြုရတာလွယ်သလောက် အကျိုးအမြတ်ကလဲ စိတ်ချမ်းသာစရာကောင်းပါတယ်။ ကြိုက်တယ်
ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 12 MB  ပဲရှိပါတယ်။
ဆော့ဖ်ဝဲကို Install  လုပ်ပြီးရင် Lxt ဆိုတဲ့ .exe လေးကို (၂)ချက်ဆင့်ကလစ်ပေးပြီး တတ်လာတဲ  box
ကို Yes ၊ နောက်တတ်လာတဲ့  box  ကို  ok ပေးလိုက်ရင် အပြည့်သုံးလို့ရသွားပါပြီး။ အားလုံးပဲ ပျော်ရွင်
ကြပါစေ....ဗျာ။ 
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...