Flux


           ဒီနေ့ ကျွန်တော့် အစ်ကိုတွေ ၊ အစ်မတွေကို ဘာတင်ပေးရရင် ကောင်းမလဲလို့ စဉ်းစားလိုက်
တာ အရေးကြီးတယ်လို့လဲ ပြောလို့ရတယ် ၊ အရေးမကြီးဘူး ဆိုရင်လဲဖြစ်တဲ့ ဆော့(ဖ်)ဝဲတစ်ခုပေးဖို့
သတိရမိတယ်။ ဘာလဲဆိုတော့ ကွန်ပြူတာကို အချိန်ကြာမြင့်စွားအသုံးပြုသူတွေကွန်ပြူတာကထွက်
လာတဲ့ Ray တွေ မိမိမျက်လုံးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်စမ်းရှိပါတယ်။ တချို့ဆိုရင် ကွန်
ပြူတာကထွက်လာတဲ့ တောက်ပတဲ့အလင်းရောင်တွေကို  ကာကွယ်ဖို့ အလင်းလျှော့ မျက်မှန် (or)
Glass တွေတပ်ပြီးအသုံးပြုကြတာတွေ့ဖူးကြပါလိမ်မယ်။ ဒီကောင်လေးကတော့ အဲဒီ မျက်မှန် (or) Glass နေရာမှာ  အပြည့်အဝ အစားထိုးပေးနိုင်ပါတယ်။  အသုံးပြုရတာ လွယ်သလို ဖိုင်ဆိုဒ်ကလဲ
နဲနဲလေးဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်ဗျာ။ နောက်ပြီး မိမိနေရာ
Location အလိုက် အလင်း ၊ အမှောင် ကို  နေ့ ၊ ည အလိုက် Auto ချိန်ညှိပေးနေပါလိမ်မယ်။ ဒါ့အပြင်
Setting ကိုလဲ မိမိသဘောကျ ချိန်ညှိအသုံးပြုလို့ရပါတယ်။ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောာက်
မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ......ဗျာ။

Xara 3D Marker V7.0.0.415


                                                   


နမူနာပုံစံ
           ဒါလေးကတော့ ကျွန်တော်တို့ 3D ပုံစံနဲ့ စာလုံးရေးတဲ့ ကောင်လေးပါ။ ဟိုအရင်ကလဲ
တင်ပေးဖူးပါတယ်။  ဒါကတော့ နောက်ထွက် Version ဖြစ်တဲ့အလျှောက် ပိုမိုကောင်းမွန်လာ
တာနဲ့ ကျွန်တော့်သူငယ်ချင်းတွေကို သုံးစေချင်တဲ့စေတနာနဲ့ တင်ပေးလိုက်တာပါ။ ကျွန်တော်
နမူနာရေးထာတာက ဒီကောင်လေးသုံးပြီးရေးပြထာတာပါ။ သူ့ကို ကြိုက်တဲံနောက်တစ်ချက်
က အခုလိုမျိုး ကိုယ်ရေးချင်တာရေးပြီတော့ မိမိစက်ရဲ့  ScreenSaver အဖြစ်နဲ့ပါ တင်လို့ရ
တာပဲ။ ကြိုက်တယ်ဆိုရင်တော့ ယူသွားလိုက်ပါ..ဗျာ။ ဖိုင်ဆိုဒ်ကလဲ 18.39 MB ပဲရှိပါတယ်။
တစ်ခါတည်း Crack ပြီးသားဖြစ်လို့ Install လုပ်လိုက်တာနဲ့ Full Version ဖြစ်သွားပါလိမ့်မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

Cyberlink Power DVD 12

            
           အထူးမိတ်ဆက်ပေးဖို့ မလိုပဲ အားလုံးသိပြီးသား ဆော့(ဖ်)ဝဲဖြစ်ပါတယ်။  ဆော့(ဖ်)ဝဲ
တစ်ခု ဗားရှင်းအသစ်ထွက်လာတိုင်း သူ့ရဲ့အားသာချက်တွေတိုး တိုးလာပါတယ်။ အထူးသဖြင့်
License Version Soft  တွေမှာပေါ့။  အခုလဲ သူ့ရဲ့ Version မှာ ဘာတွေတိုးလာတယ်ဆိုတာ
ကိုယ်တိုင်ပဲ  စမ်းသုံးလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ နဲနဲလေး ကြီးသွားတယ်။  113.43 MB  ရှိပါ
တယ်။  Full သုံးလို့ရအောင်  Keygen လေးပါထည့်ပေးထားပါတယ်။ သူ့  Keygen လေးအသုံး
ပြုရတာလဲ လွယ်ပါတယ်။ Beginner Level တွေအတွက် Keygen အသုံးပြုပုံလေးကို ကျွန်တော်
နဲနဲ လျှာရှည်ပေးပါမယ်။ DVD 12 ဆော့(ဖ်)ဝဲကို Install လုပ်ပြီးရင် Keygen ကို Right Click
ပြီး Run as administrator နဲ့မောင်းလိုက်ပါ။ ပြီးရင် အောက်ဆုံးမှာရှိတဲ့ Generate ကိုကလစ်
လိုက်ပါ။ Window တစ်ခုတတ်လာရင် Save ကို Click လိုက်ရင် Full ဖြစ်သွားပါပြီ။ အားလုံးပဲ
ပျော်ရွင်ကြပါစေ.....ဗျာ။

Laptop Battery Doubler 1.2.1


         Ma Khin MaMa တောင်းထားတဲ့ကောင်လေးပါ။ အရင်တင်ပေးထားတဲ့ Doubler လေးက
Active လုပ်လို့မရတော့ဘူးဆိုလို့ ဒီကောင်လေးကို ထပ်တင်ပေးလိုက်ပါတယ်။ ဘာအတွက်သုံးတာ
လဲဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ မိမိ Laptop Battery ကို နှစ်ဆတိုးပြီးအသုံးပြုနိုင်တယ်
လို့တော့ပြောတာပဲဗျာ။ ကျွန်တော်အထင်တော့ သာမန်ထက် နာရီဝက်ကျော်ကျော်လောက်တော့ ပို
သုံးလို့ရတယ်ထင်တယ်။ အထဲမှာ Notepad နှစ်ခုနဲ့ Name နဲ့ Key လေးတွေရေးထည့်ပေးထားပါ
တယ်။  ကျွန်တော်စမ်းကြည့်တာတော့  အားလုံးအဆင်ပြေပါတယ်။  လိုအပ်ရင်တော့ အောက်မှာ
ယူသွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.33 MB  ပဲရှိပါတယ်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။

CursorFX


            ကိုသူရ တောင်းထားတဲ့ကောင်လေးပါ။ ကျွန်တော်တို့ Desktop ပေါ်မှ  Cursor လေး
ကိုအလှဆင်ပေးတဲ့ကောင်လေးပါ။ မိမိ Desktop ကို အမြဲတမ်း ဒီဇိုင်းလှလှလေး ထားချင်တဲ့သူ
တွေ အသုံးပြုနိုင်အောင်တင်ပေးလိုက်ပါတယ်။ တောင်းထားတာလေးတွေကိုလဲ အလှည့်ကျတင်
ပေးနိုင်တော့ ကြိုးစားပေးပါမယ်ဗျာ။ ရှာရ ဖွေရ ၊ ဒေါင်းလော့ခ်ချရ ၊ ဆော့ဖ်ဝဲစမ်းရ ၊ အက်လုတ်
ရနဲ့မို့ အချိန်နဲနဲ ကြာသွားရင်တော့ သည်းခံပေးပါလို့ တောင်ပန်ပါရစေ။ အသုံးပြုရတာလဲ အင်မန်
လွယ်လွန်းလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းမပြတော့ဘူး။ ကိုယ်တိုင်သာစမ်းသုံးကြည့်လိုက်ပါ။
ဖိုင်ဆိုဒ်ကလဲ  502 KB   ပဲရှိပါတယ်။ MediaFire ကနေပြန်တင်ပေးထားပါတယ်။ ဖိုင်နာမည်ကို
တော့ မြန်မာလိုပဲ  လုလင်မောင် (ဝဲလောင်)   လို့ရေးပေးထားပါတယ်။ နောက်တင်မဲ့ ဖိုင်နာမည်
တွေကို လဲ ဒီလိုပဲ ရေးပေးပါမယ်။ အထဲမှာတော့ ခေါင်းစဉ်က ဆော့ဖ်ဝဲနဲ့ Keygen (သို့) Serial
key ရှိနေပါလိမ့်မယ်။ အောက်မှာ ယူသွားလိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါစေ....ဗျာ။

ဆော့(ဖ်)ဝဲများ Update Box မတတ်အောင်လုပ်နည်း


       ကိုအာကာ မေးထားတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်တော်တို့ Window စဖွင့်ဖွင့်ချင်း
မှာ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လေးတွေဟာ မကြာခဏ ဆိုသလို တတ်လာတတ်ကြပါတယ်။
အဲဒီ Box ကို မိမိကိုယ်တိုင်က အမှု့မဲ့  အမှတ်မဲ့သော်၎င်း​ ၊ မိမိမရှိတဲ့အချိန် အခြားသူတစ်ယောက်
က မသိ၍​သော်၎င်း​ Yes (or) Ok  နှိပ်မိလိုက်ရင် ဖရီးဗာရှင်းတွေမှာ  ပြဿနာမရှိပေမဲ့ လိုင်စင်ဗား
ရှင်း ဆော့(ဖ်)ဝဲတွေမှာကြတော့ အရင်ထည့်ထားတဲ့ Key ပြုတ်သွားပြီး နောက်ထပ် License Key
Serial  Key တွေထပ်တောင်းရော။ အရင်ထည့်ပေးဖူးတဲ့ Key ကလဲ ဗားရှင်း မတူတဲ့အတွက်သုံး
လို့မရ ၊ လိုအပ်တဲ့ Key ကိုလဲ ဘယ်နေမှာသွားရှာရမှန်းမသိနဲ့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ခြင်းခေါ်မလား ၊ အပျင်းထူခြင်းခေါ်မလား
မသိဘူး။ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လုံးဝ တတ်မလာအောင်
ပိတ်ထားလိုက်မယ်ဗျာ။ ကဲ...စလိုက်ရအောင် start မှ run (သို့) window key+R တွဲနှိပ်လိုက်ပါ။
run box ထဲမှာ msconfig လို့ရေးပြီး ok (သို့) Enter ခေါက်လိုက်ပါ။ ပြီးရင် အောက်ကပုံမှာ ပြထား
တဲ့အတိုင်း တဆင့်ချင်းလိုက်လုပ်လိုက်ပါ။
အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...