သူငယ်ချင်းတွေကို လျှို့ဝှက်မေးလေးပို့ပြီးစရအောင်ဗျာ
ဒါလေးကတော့ အပျော်သဘောပေါ့ဗျာ။ ကိုယ့်သူငယ်ချင်းတွေဆီကို
ကိုယ်ကြိုက်တဲ့နာမည် ဥပမာ..မိုးနတ်မင်း@gmail.com ဆိုပြီးမေးပို့အကြောင်
ရိုက်ကြတာပေါ့။ ကျွန်တော်တစ်ခု ပြောချင်တာက ဘယ်အရာမဆို သုံးတတ်ရင်
အကျိုးရှိပြီး ၊ မသုံးတတ်ရင်ဘေးဖြစ်စေပါတယ်။ ခုလဲဒီမေးပို့တာလေးက သာမန်
အပျော်အတွက်အသုံးပြုရင် ပျော်စရာကောင်းပါတယ်။ ဒါမှမဟုတ်ကိုယ်မကျေနပ်
တဲ့အကောင့်ပိုင်ရှင်ကို ညစ်ညမ်းတဲ့စကားတွေနဲ့ ဆဲရေးတိုင်ထွာချင်လို့ဆိုရင်တော့
ဘေးဖြစ်သွားပါပြီ။ မျှဝေပေးမိတဲ့ ကျွန်တော်လဲဘယ်လိုမှ စိတ်ကောင်းနိုင်မှာ
မဟုတ်ပါဘူး။ ဒီတော့အပျော်သဘောဆောင်ပြီး သူငယ်ချင်းအချင်းစရအောင်ဗျာ။
လုပ်နည်းကမခက်တော့ အထူးအထွေရှင်းမပြတော့ပါဘူး။ ကိုယ့်တိုင်သာလုပ်ကြည့်
လိုက်ပါဗျာ။ ပထမဆုံး ဒီနေရာ လေးကိုသွားလိုက်ပါ။ from name ဆိုတဲ့နေရာမှာ
ကိုယ့်ပေးချင်တဲ့နာမည်ပေးလိုက်ပေါ့ ဥပမာ...ငရဲမင်း@gmail.com
TO ဆိုတဲ့နေရာမှာ ပို့ချင်တဲ့ သူငယ်ချင်းအကောင့်ရေးပါ။ TEXT မှာပြောချင်တဲ့
အကြောင်းအရာရေး ပြီးရင်captcha ဆိုတဲ့ အကွက်ထဲကစာလုံးတွေကို အောက်က
အကွက်လေးထဲ မှန်အောင်ပြန်သူးရေးပြီး ပို့လိုက်ပါ။ အားလုံးပျော်ရွင်ကြပါစေ ဗျာ။
Subscribe to:
Post Comments (Atom)
Thank U
ReplyDelete