ဆရာ ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ရင်ဘတ်ချင်း တူတဲ့သူတွေ
ခံစားနိုင်ဖို့ မျှဝေလိုက်တာပါ။
ကျောက်ကြမ်းကြမ်းမှာ
ဖရောင်းပန်း လှလှပွင့်တယ်။
တောင်ထိပ်ရောက်ဖို့ တတ်တာမဟုတ်ဘူး
တောင်ရှိလို့ တတ်ပြစ်လိုက်တာ။
ပြုတ်ကျလို့ သေချင်သေ
ငုတ်တုတ်ထိုင်နေသူတွေကို သနားတယ်။
အခြေအနေကောင်းမှ
လမ်းလျှောက်ထွက်ချင်သူတွေတော့
ရှိကြတာပေါ့။
ချစ်သူဆီကတောင်
“ဘာပဲဖြစ်ဖြစ် ချစ်မှာပဲ” ..ဆိုတဲ့
စကား သတ္တိမျိုး မကြားရမှတော့
ဘာတွေကို မျှော်လင့်စရာ လိုတော့မလဲ။
ပိုင်မှဖမ်းတတ်တဲ့
အပိုင်ဖမ်း ဇာတ်လမ်းတွေလောက်ကတော့
ခြင်ရိုက်တာထက် လွယ်ပါတယ်။
အချစ်၌
မည်သည့်ပိုက်ကွန်မျှ မရှိ။
မောင်လှမျိုး [ ချင်းချောင်းခြံ ]
ကောင်းပါတယ်၊၊
ReplyDelete