မလာစေချင်တဲ့ မေးတွေကို...


             တစ်နေ့က ဂျီတော့ကနေ အစ်မတစ်ယောက်မေးထားတဲ့ဟာလေးပါ။ သူ့ဆီကို ဂျီမေးတွေနဲ့
နှောင့်ယှက်နေတယ်။   အဲဒီမေးတွေကို နောက်ထပ်မလာအောင်ဘယ်လိုလုပ်လို့ရသလဲလို့  မေးထား
တာပါ။  ဒီလိုပြဿနာတွေ  ကြုံနေတဲ့သူတွေလဲ ဖြေရှင်းနိုင်အောင် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပေးလိုက်
တာပါ။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကိုကျော်သွားလိုက်ပါဗျာ...
         ပထမဆုံး မိမိမေးအကောင့်ကို (singin) ဝင်လိုက်ပါ။ ပြီးရင် setting ကိုသွားပါ။ filters ဆိုတာရှိပါတယ် ကလစ်ပြီး  create a new filter ကို ကလစ်လိုက်ပါ။ အောက်ပုံ....



 from အကွက်မှာ ကိုယ့်ဆီကို နောက်ထပ်မလာစေချင်တော့တဲ့ မေးလိပ်စာထည့်ပြီး  next step
ကိုကလစ်ပါ။ အောက်ပုံ.....

  
ကိုယ်မလာစေချင်တဲ့ မေးတွေ နောက်ထပ်လာခဲ့ရင် Auto Delete ဖြစ်အောင် delete it box ကို
အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် create filter ကို ကလစ်ပါ။ အောက်ပုံ.....

   
ကိုယ်ထည့်လိုက်တဲ့ မေးနာမည်နဲ့ အောက်ကပုံမှာ ဝိုင်းပြထားတဲ့အတိုင်းပေါ်လာရင် ရပါပြီ။

  
ဒါဆိုရင် နောက်ထပ်မေးတွေဘယ်လောက်ပို့ပို့  လာသမျှမေးတွေကို Auto Delete လုပ်နေပါလိမ်မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။  

No comments:

Post a Comment

အဆင်ပြေလို့ Comment မပေးချင်နေပါ..Link သေနေတာတွေ့ရင်တော့ Comment ပေးခဲ့ပါဗျာ...