ခုတလော တစ်ယောက်တည်းအလုပ်တွေရှုပ်နေလို့ ပို့စ်တွေတောင် ကောင်းကောင်းတင်မပေး
နိုင်ဘူးဗျာ။ ပို့စ်အသစ်တွေမရှိလဲ ပုံမှန်လေးလာပြီး ကြည့်ပေးကြတဲ့ အစ်ကို ၊ အစ်မတွေကိုလဲ ကျေးဇူးတင်
ပါတယ်ခင်ဗျာ။ ခုနောက်ပိုင်းလာလည်ကြတဲ့သူတွေမှာ Direct link လေးတွေနဲ့ ရောက်ရောက်လာကြတဲ့
အတွက်လဲ ကျွန်တော်ဘလော့ဂ်ရေးရတာ ပိုးပြီးအားတတ်မိပါတယ်။ တော်လို့ ၊ တတ်လို့ ဘလော့ဂ်ရေးနေ
တာမဟုတ်ပေမဲ့ ကျွန်တော်သိသလောက် (မဆိုသလောက်) လေးနဲ့ စေတနာကိုအရင်းခံပြီး မျှဝေပေးခြင်း
သာဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုအထိ အဆင်ပြေမယ်ဆိုရင် ကျွန်တော်ဝမ်းသာပါတယ်။
ဒါလေးကတော့ အစ်ကိုတစ်ယောက်တောင်းထားတဲ့ ရွှေရိုး အဘိဓါန် ဗားရှင်း (၂.၀)လေးပါ။ အခြား
လိုအပ်တဲ့သူတွေပါ အသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဘာသာပြန်ပေးတဲ့နေရာမှာ ပြည့်ပြည့်စုံစုံ
လေး ပြန်ပေးနိုင်တဲ့ ကောင်လေးပါ။ လိုအပ်တယ်ဆိုရင်တော့ အောက်မှာအဆင်ပြေတဲ့ လင့်ခ်ကနေ ယူ
သွားလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ ပဲရှိပါတယ်။ သူကိုသုံးမယ်ဆိုရင် NET Framework ကတော့ အ
နည်းဆုံး ( 4 ) ရှိရပါမယ်။ NET Framework 4 မရှိသူသေးသူတွေကတော့ ဒီမှာ သွားယူလိုက်ပါဗျာ။
ဆော့ဖ်ဝဲ Install လုပ်ပြီးရင် ကျွန်တော်ထည့်ပေးထားတဲ့ FONT တွေကို Install လုပ်လိုက်ရင် အားလုံး
အဆင်ပြေသွားပါပြီ။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။
No comments:
Post a Comment